Monday, February 9, 2015

"ကန့်​သတ်​ချက်​"



"ကန့်သတ်ချက်"




            ဒီ အကြောင်းကိုတော့ လွန်ခဲ့တဲ့နှစ်များစွာကထည်းက ယခုအထိ အသက်ရှင်​​နေထိုင်ခဲ့ကြသူများထဲမှာ အတော်ဆုံး ကိုယ်လုံပညာရှင် တစ်​​ယောက်အဖြစ် လူအများစုမှ လက်ခံထားကြတဲ့ Bruce Lee နဲ့ အပြေးလေ့ကျင့်ခန်းဆင်းရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို သူ့နဲ့နီးစပ်တဲ့မိတ်​​ဆွေတစ်​​ယောက်ဖြစ်သူ John Little က ပြန်​​ပြောပြခဲ့တာပါ။


Bruce က ကျွန်​​တော့်ကို တစ်ရက်သုံးမိုင်​​နှုန်းနဲ့ တကယ့်ကိုအရှိန်ပြင်းပြင်းအပြေး         လေ့ကျင့်ခိုင်းပါတယ်။ အဲဒီသုံးမိုင်ကို သူနဲ့အတူ ၂၁ မိနစ် ၂၂ မိနစ် လောက်နဲ့ရောက်​​အောင် ​​ပြေးခဲ့ရတာပါ။ တွက်ကြည့်ရင် ၈ မိနစ် ကို တစ်မိုင်နှုန်လောက်​​ပေါ့။ ၁၉၆၈ မှာရှိတဲ့ Bruce ရဲ့         နှုန်းအရဆို သူတစ်​​ယောက်တည်းပြေးရင် တစ်မိုင်ကို ခြောက်မိနစ်ခွဲ လောက်ပဲကြာပါတယ်။ 

တစ်​​ရက်​​ရောက်​​တော့ Bruce က ကျွန်​​တော့်ကို `ငါတို့ ဒီနေ့ ၅ မိုင်​​ပြေးရအောင်´လို့ပြောပါတယ်။ ကျွန်​​တော်လဲ `ငါ ၅ မိုင်​​တော့မပြေးနိုင်ဘူး... ငါက မင်းထက်လဲအသက်အများကြီး ကြီးတယ်... ငါမလုပ်နိုင်ဘူး´ လို့ပြန်​​ပြောလိုက်တယ်။ သူက `ငါတို့ ၃ မိုင်​​ပြေးပြီးရင် အရှိန်​​လျှော့ ကြမယ်​​လေ...ပြီးရင် နောက် ၂ မိုင်ပဲ ကျန်​​တော့မှာ မင်ပြေးနိုင်မှာပါ´ လို့ပြန်​​ပြောတယ်။ အဲဒါနဲ့ ကျွန်​​တော်လဲ`ကောင်းပြီလေ ငါရအောင် ပြေးမယ်´ လို့ပြန်​​ပြောလိုက်တယ်။ 

အဲဒီလိုနဲ့ ၃ မိုင်​​ကျော်​​ပြေးပြီး လေးမိုင်ထဲ ရောက်လာတဲ့ ပထမ ၃ မိနစ် ၄ မိနစ် လောက်တော့ ကျွန်​​တော် အဆင်​​ပြေနေသေးတယ်။ အဲ့ဒိနောက်​​တော့ ကျွန်​​တော် ပြေးတာရပ်လိုက်ဖို့ ဖန်လာတယ်။ ကျွန်​​တော် အရမ်မောနေပြီး ရင်​​တွေ တဒိန်းဒိန်း နဲ့ ခုန်​​နေတယ်။ ကျွန်​​တော်သူ့ကို `Bruce ငါ ထပ်​​ပြေးနေမယ်ဆိုရင် ´လို့ပြေးနေရင်း စကားစလိုက်တယ်

ပြီးတော့မှ `ငါထပ်​​ပြေးနေမယ်ဆိုရင်......ငါနှလုံးရပ်ပြီးသေရတော့မယ်´ လို့ပြောလိုက်တယ်။ သူက `အဲဒါဆို သေလိုက်´ လို့ ပြန်​​ပြောခဲ့တယ်။ အဲဒီ့စကားက ကျွန်​​တော့်ကို တကယ် ခံပြင်ဒေါသထွက်​​စေပြီး ၅ မိုင်ပြည်အောင် ပြေးစေခဲ့တယ်။ ပြန်​​ရောက်တဲ့အချိန် ရေချိုးပြီးတော့ ကျွန်​​တော်သူ့ကို အဲဒီ့ကိစ္စကို မေးချင်လာတယ်။ 

ကျွန်​​တော်က ` မင်းဘာလို့အဲဒီလို ပြောခဲ့တာလဲ´ လို့မေးလိုက်တယ်။ 

သူက `ဘာဖြစ်လို့လဲ...ဆိုတော့... မင်းအဲဒီအချိန်မှာ တကယ်​​သေကောင်သေသွားနိုင်ခဲ့တယ်...တကယ်​​တော့...လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် တခြားဘာပဲလုပ်လုပ် မင်းဘယ်​​လောက်ထိပဲ လုပ်နိုင်တယ် ဆိုတာ မင်းကိုယ်မင်းကန့်သတ် ထားရင် အဲဒီကန့်သတ်ချက်တွေက မင်းရဲ့ကျန်တဲ့ ဘဝအစိတ်အပိုင်တွေကိုပါ ကူးစက်သွားနိုင်တယ်။ အဲဒီ့အရာတွေက မင်းရဲ့ အလုပ် မင်းရဲ့ ကိုယ်
ကျင့်တရား နဲ့ မင်းရဲ့ဘဝတစ်ခုလုံးကို ကူးစက်ပျံနှံ့သွားလိမ့်မယ်။ 

“ တကယ်​​တော့ အကန့်အသတ်ဆိုတာ မရှိဘူး။ တိုးတက်ဖို့ ခက်ခဲတဲ့ကာလလေးတွေတော့ ရှိမယ်။ ဒါပေမဲ့ မင်းအဲဒီမှာပဲ ရပ်​​နေလို့မရဘူး။ ကျော်ဖြတ်သွားရမှာပဲ။ အဲဒီ့ ကန့်သတ်ချက်​​တွေက သတ်တာမင်းခံရင် မင်ဘဝသေပြီပဲ။ လူတစ်​​ယောက်က အမြဲတမ်းပုံမှန် တိုးတက်​​နေရမယ်။ "  

လို့ Bruce Lee နဲ့ကြုံတွေ့ခဲ့ရဘူးတဲ့ ကြောင်တွေကို John ကပြန်​​ပြောပြခဲ့ပါတယ်





ကျွန်​​တော်တို့တွေဟာ များသောအားဖြင်ခေါက်ရိုးကျိုးနေတဲ့ ဘဝထဲမှာ လုပ်ရိုးလုပ်စဉ်​​တွေကိုပဲ လုပ်ကိုင်ကြရင်း ကိုယ့်မှာရှိတဲ့ အရည်သွေး တွေကို တိုးတက်လာအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။ တိုးတတ်လာအောင် ကြိုးစားအားထုတ်ဖို့ကိုလဲ ငါကဒီ​​လောက်ပဲလုပ်နိုင်တာ ထပ်ပြီးဘာမှမလုပ်နိုင်​​တော့ပါဘူးကွာ ဆိုတဲ့ ကန့်သတ်ချက်​​မျိုးတွေနဲ့ ပိတ်ပင်တားဆီး မိတတ်ကြတယ်။ တကယ်လို့များ ကျွန်​​တော်တို့ အရည်အချင်တွေက တိုးတက်မလာတော့ဘူးဆိုရင် ကျွန်​​တော်တို့ဘဝက သေနေတာနဲ့ မခြားတော့ပါဘူးဗျာ။
အကန့် အသတ်မဲ့သော အရည်အချင်း များကို တည်​​ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.....
 
လေးစားလျက်
 
ကိုလှိုင်ပြည့် ( EP )



စာရေးသူကို ခရစ်နှစ် ၁၉၉၀ တွင် ပျဉ်းမနားမြို့၌ မိဘနှစ်ပါးဖြစ်သူ ဦကျော်မြင့်၊ ဒေါ်ခင်ချိုဦးတို့မှ ဖွားမြင်ခဲ့ပါသည်။ စာရေးသူ၏ အမည်ရင်းမှာ လှိုင်ပြည့် ဖြစ်ပါသည်။ စာရေးသူသည် ၂၀၀၆ ခုနှစ်တွင် ဆယ်တန်အောင်မြင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် BE ( Electrical Power ) ဘွဲ့ရရှိခဲ့ပါသည်။ ယခုလက်ရှိတွင် Chiyoda & Public Work Co.,Ltd တွင် M&E Engineer တစ်​​ယောက်အဖြစ်တာဝန် ထမ်ဆောင်လျက်ရှိပါသည်

0 comments:

Post a Comment