EQ
အကြောင်း
ကျနော်တို့ ငယ်ငယ်က IQ ဆိုတဲ့ ဝေါဟာရတော်တော် ခေတ်စားတာ
မှတ်မိသေးတယ်။
IQ ဆို တာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ
့ အညွှန်းကိန်း ပေါ့။ IQ မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့။ စာတော်တဲ့သူ၊ကျောင်းမှာ ထူးချွန်တဲ့သူဆိုရင်
IQ မြင့် တယ်တယ်လို့  ပြောကြတယ်။
လွန်ခဲ့ တဲ့ ၁၅ နှစ်၊အနှစ်၂၀ လောက်က စပြီး EQ ဆိုတာ ခေတ်စားလာတယ်။EQ ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်။တနည်း စိတ်ဓါတ်ရင့်ကျက် တည်ငြိမ်မှု အညွန်းကိန်းပေါ့။ ဘာကြောင့် EQ ခေတ်စားလာရသလဲဆိုတော့  အောင်မြင်တဲ့ သူတွေ ရဲ့  IQ ရော၊EQ ရောကို တိုင်းတာကြည့် တဲ့ အခါ IQ မြင့် တဲ့ သူတွေထက် EQ မြင့်တဲ့သူတွေဟာဘ၀မှာ ပိုအောင်မြင် တာ တွေ့ ရလို့ ပါ။ ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ်ရင့် ကျက်ခိုင်မာ မှုက ပို လို့ အရေး ကြီးတယ်ဆို တဲ့ သဘောပေါ့ ။ EQ ရော၊IQ ရော ကောင်းရင်တော့ အကောင်းဆုံးပေါ့ ဗျာ။
လွန်ခဲ့ တဲ့ ၁၅ နှစ်၊အနှစ်၂၀ လောက်က စပြီး EQ ဆိုတာ ခေတ်စားလာတယ်။EQ ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်။တနည်း စိတ်ဓါတ်ရင့်ကျက် တည်ငြိမ်မှု အညွန်းကိန်းပေါ့။ ဘာကြောင့် EQ ခေတ်စားလာရသလဲဆိုတော့  အောင်မြင်တဲ့ သူတွေ ရဲ့  IQ ရော၊EQ ရောကို တိုင်းတာကြည့် တဲ့ အခါ IQ မြင့် တဲ့ သူတွေထက် EQ မြင့်တဲ့သူတွေဟာဘ၀မှာ ပိုအောင်မြင် တာ တွေ့ ရလို့ ပါ။ ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ်ရင့် ကျက်ခိုင်မာ မှုက ပို လို့ အရေး ကြီးတယ်ဆို တဲ့ သဘောပေါ့ ။ EQ ရော၊IQ ရော ကောင်းရင်တော့ အကောင်းဆုံးပေါ့ ဗျာ။
******************
မိမိကိုယ်ကိုထိန်းသိမ်းနိုင်တဲ့စွမ်းရည်ဟာ
အောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်.. ဆိုတာကို သုတေသနတွေ့ ရှိချက်အများအပြားကလဲ
သက်သေပြခဲ့ ကြတယ်။ ထင်ရှားတဲ့ သုတေသနတွေ့ ရှိချက်တစ်ခုကတော့ လူမှုရေးသိပ္ပံပညာရှင်
Walter Mischel ရဲ့ သုတေသနပါ။ သူက မိမိကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် မြင်
့တာနဲ့  ဘ၀ အောင်မြင်မှု ဟာ ဘယ်လိုဆက်စပ် မှု ရှိတယ်ဆိုတာ လေ့လာခဲ့တယ်။သူရဲ့ သုတေသနမှာ
ကလေးတွေကို သူတို့ ကြိုက်တဲ့ မုန့် တွေ စားဖို့  ပေးထားတယ်။ ဒါပေမယ့်  စည်းကမ်းတခုတော
့ သတ်မှတ်ထားတယ်။အခုချက်ချင်းစားချင်ရင် မုန့် တစ်ခု ပဲစားရမယ်၊ဒါပေမယ့် နောက်၁၅ မိနစ်
စောင့်နိုင်ရင်တော့ မုန့် ၂ ခု ရမယ်..ဆိုပြီးတော့။ ဒီလို စမ်းကြည့် ပြီးတဲ့နောက် သူက
အဲဒီကလေးတွေထဲကတချို့ ကို နှစ်ပေါင်းများစွာ စောင့် ကြည့်လေ့လာခဲ့ တယ်။
အဲဒီမှာ ဘာတွေ့ ရသလဲဆိုတော
့..၁၅ မိနစ်စောင့်ပြီး မုန့်၂ ခု ယူခဲ့ တဲ့ ကလေးတွေ (မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း
ကောင်းတဲ့ ကလေးတွေ)ဟာ လူကြီးဖြစ်တဲ့ အခါ ပို
ပြီးကျန်းမာ၊ချမ်းသာ၊ပျော်ရွင်မှု ရှိတာကို ပိုတွေ့ ရတယ်။ ၁၅မိနစ် မစောင့်နိုင်တဲ့ ကလေးတွေ(မိမိကိုယ်ကို
ထိန်းချုပ်နိုင်မှု အားနည်းတဲ့ ကလေးတွေ) ကတော့  (မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကောင်းတဲ
့ကလေးတွေ နဲ့ နှိုင်းယှဉ်ရင် IQ ဥာဏ်ရည်ချင်း တူတာတောင်) ပညာရေးမှာလဲ ထူးချွှန်မှုနဲတာ။
လစာနည်းတဲ့  အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေရတာ။ ငွေစုဆောင်းနိုင်မှု နည်းတာ။အ၀လွန်တဲ့ပြသနာ၊
အရက်နဲ့ ဆေးစွဲ တဲ့ ပြသနာတွေပို ရှိတာတွေ့ ရတယ်။ရာဇ၀တ်မှု ကျူးလွန်တာကလဲ အဆပေါင်း ၄၀၀
% ပိုတာတွေ့ ရသတဲ့။
အဲဒီတွေ့ ရှိချက်ကို နယူးဇီလန်မှာလုပ်တဲ
့စိတ်ပညာရှင် Roy F. Baumeister ရဲ
့ သုတေသန တွေ့ ရှိချက်ကလဲ ထောက်ခံအတည်ပြုပေးခဲ့တယ်။ အဲဒီတွေ့ ရှိချက်တွေကနေ..
မိမိ
ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည် မြင့် တာဟာ အောင်မြင်မှု အတွက် အရေးကြီးတဲ့ အရာပဲ
ဆိုတာ ကောက်ချက်ချ နိုင်ခဲ့ကြတယ်။
*****************
Harvard Business Review
စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ)
ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ EQ အကြောင်း ရေးထားတာ တော်တော်သဘောကျတယ်။ သူက EQ ဆိုတာ
ဘာလဲလို့ ပြော ရုံတင် မကဘူး။ EQ မြင့်အောင် ဘယ်လို လေ့ကျင့် နိုင်တယ်ဆို တာ ပြောပြထားတာ။အကျဉ်း
ချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ...
“အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန်ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာ က Technical Skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ EQ လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။တနည်း စိတ် ရင့် ကျက်မှုပါ..တဲ့ ။EQ မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ် တဲ့ အဖွဲ့ အစည်း ဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။
“အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန်ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာ က Technical Skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ EQ လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။တနည်း စိတ် ရင့် ကျက်မှုပါ..တဲ့ ။EQ မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ် တဲ့ အဖွဲ့ အစည်း ဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။
EQ/EI (Emotional
Quotinent/Emotional Intelligence) စိတ်ဓာတ်ရင့် ကျက်မှုအညွန်းကိန်းမှာ ပါ တဲ့  စွမ်းရည်
တွေ ကတော့ ..
(၁) Self-Awareness (မိမိကိုယ်ကို သိတဲ့ စွမ်းရည်)
(၁) Self-Awareness (မိမိကိုယ်ကို သိတဲ့ စွမ်းရည်)
မိမိရဲ့ အားသာချက်၊အားနည်းချက်တွေကို
သိတာ။ မိမိရဲ့  အပြောအဆို၊ အပြုအမူတွေက သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာ ကို
သိတာ၊နားလည်တာ။
(၂)
Self-Regulation (မိမိကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်)
စိတ်ဆိုးစရာ၊စိတ်ညစ်စရာ၊ဒေါသ ထွက်စရာ တွေရှိရင်
မိမိကိုယ် ကို ထိန်း ချုပ် နိုင်တာ၊ ဒါမှမဟုတ်.အာရုံပြောင်း နို်င်တာ။
(၃)Motivation(စိတ်အားတက်ကြွမှု)
(၃)Motivation(စိတ်အားတက်ကြွမှု)
စိတ်ပျော်ရွှင်မှု၊ စိတ်တက်ကြွ
မှု ကိုထိန်းသိမ်းနိုင်တာ။
(၄)Empathy
(သူတပါးရဲ့ စိတ်ခံစား ချက်ကို နားလည်တတ်တဲ့ စွမ်းရည်)
သူတပါးကိုကိုယ်ချင်းစာစိတ်
အပြည့် ရှိတာ။
(၅)Social Skill (လူမှုရေးစွမ်းရည်)
(၅)Social Skill (လူမှုရေးစွမ်းရည်)
အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်တာ၊
ယုံကြည်မှု တည်ဆောက်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။
သူဆက်ပြောတာက..ကျနော် တို
့အားလုံး မှာ အဲဒီ စွမ်းရည် ၅ ခု ဟာ မွေးကတဲကပါလာ ကြပါတယ်..တဲ့။အချို့ စွမ်း ရည် တွေမှာ
အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာမြင့်နေတာတော့ ရှိ တတ်ပါတယ်..တဲ့။ အဲဒီ စွမ်း
ရည် တွေကို ပိုမို အားကောင်းအောင်လေ့ကျင့် လို့ လဲ ရပါတယ်..တဲ့။ လေ့ကျင့်တဲ့ နည်းတွေ
ကတော့ ကိုယ့် စိတ်ဓါတ်ရင့်ကျက်မှုအခြေနေကို သတိထားဆန်းစစ်တာ၊ပြီး သတိရှိရှိ၊ဇွဲ ရှိရှိ
နဲ့ လေ့ကျင့်တာ။ မိတ်ဆွေတွေ၊ ဆရာတွေဆီကကိုယ့် ရဲ့ စိတ်ရင့် ကျက်မှု နဲ့ပါတ်သက်လို
့ဝေဖန်၊ အကြံပေးမှု (feedback) တွေ တောင်းခံတာပါ ပဲ..တဲ့။“
ကျနော်အနေနဲ့ ကိုယ့် ကိုကိုယ်
ဆန်းစစ်တဲ့ နည်း ကတော့ စွမ်းရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ
စဉ်းစားကြည့် တာ။နံပါတ်(၁)စွမ်းရည် မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂)
ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည်
့ထားတယ်။အမှတ် (၃)နဲ့ (၅)ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ
အားနည်း နေတဲ့ ပထမ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။တော်တော်
အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။ EQ ကောင်းအောင်လို
့။
အားလုံးပျော်ရွှင်အောင်မြင်ကြပါစေ..
- ဒေါက်တာအောင်မျိုး
စာရေးသူ သည် ၂၀၀၂
မှ ၂၀၀၆ အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ကင်ဆာဌာနတွင်
တာဝန် ထမ်းဆောင်ပြီး
ဆေးပညာ မဟာသိပ္ပံ (ကင်ဆာရောဂါဆေးပညာ) ဘွဲ့ ကို ၂၀၀၄ တွင်ဆေးတက္ကသိုလ်(၁)ရန်ကုန် မှ ရရှိခဲ့သည်
။ ၂၀၀၇ ခုနှစ် မှစ၍ နိုင်ငံတကာဆေးဝါး ကုမ္ပဏီကြီးတစ်ခု
တွင် ညွှန်ကြားရေးမှုး၊ အာရှ-ပစိဖိတ်ဆိုင်ရာ ကင်ဆာသုတေသနဌာန အကြီးအကဲ အဖြစ်တာဝန် ထမ်းဆောင်လျှင်ရှိသည်
။ ကင်ဆာဆိုင်ရာ သုတေသန စာတန်းများ ရေးသားခဲ့ ပြီး အာရှ-ပစိဖိတ် ဒေသဆိုင်ရာကင်ဆာပညာ
နှင့် ကင်ဆာသုတေသန ညီလာခံများတွင် ဟောပြောသူ ဖြစ်သည်။ အမေရိကန် ကင်ဆာအသင်းကြီး နှင်
့အာရှ-ပစိဖိတ် Palliative Care Network အသင်းဝင်ဖြစ်သည် ။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ
လူငယ်များ အင်္ဂလိပ်စကားပြော နှင့် Soft Skill ဖွ့ံဖြိုး တိုးတက်ရေး အတွက် TOFLA
(TopMyanmar Future Leader Academy) ကို ထူထောင်ခဲသည့် ။ ယခု အခါ စကာင်္ပူ နိုင်ငံတွင်
မိသားစု နှင့် နေထိုင်လျှက်ရှိသည် ။
0 comments:
Post a Comment