Monday, February 9, 2015

စွန့်ဦးတီထွင် အမျိုးသမီး လုပ်ငန်းရှင် ဒေါ် ခင်ဆွေဝင်းကို နှင့် တွေ့ဆုံခြင်း



စွန့်ဦးတီထွင် အမျိုးသမီး လုပ်ငန်းရှင် ဒေါ် ခင်ဆွေဝင်းကို နှင့် တွေ့ဆုံခြင်း


Online ပေါ်မှာ အမြဲတမ်း တက်တက်ကြွကြွနဲ့ စီးပွားရေး နဲ့ စီမံ ခန့်ခွဲမှု အပိုင်းတွေကို ဝင်ရောက် ဆွေးနွေးနေလေ့ ရှိတဲ့ အမ ၊ တစ်ခါ တလေ အတည် လိုလို နဲ့ နောက်တတ်တဲ့ ၊ သူ့ wall ပေါ်က Status တွေ ဖတ်မိ ရင် ဖတ်မိတဲ့ လူတွေကို မဖြစ်မနေ ပြုံးသွားစေတဲ့ အမ ၊ အလုပ်တွေ အများ ကြီး လုပ်ရင်း ဘဝကို လှုပ်ရှား ရပ်တည်နေတဲ့ အမ တစ်ယောက် ကို အင်တာဗျူး ဖြစ်ခဲ့ပါတယ်။
ကိုဇင်ဇေ      ။ မင်္ဂလာပါ အမ ရေ ။ အမ အနေနဲ့ လက်ရှိမှာ ဘယ်လို စီးပွါးရေး လုပ်ငန်းတွေ / လူမှုရေး လုပ်ငန်းတွေ လုပ်နေပါသလဲ ? ဘာကြောင့် လုပ်ဖြစ်ခဲ့တာပါလဲ ဆိုတာလေး ပြောပြပေးပါဦး ။
ဒေါ် ခင်ဆွေဝင်းကို ။    ။ အမ အနေနဲ့  လက်ရှိ မှာ လုပ်ငန်းသုံးခုလုပ်ကိုင်နေပါတယ်။
Ø  Global Enchanting Safety and Management Training Center လုပ်ငန်းခွင်အနရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်းလေး ဖွင့်ထားပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်တွေမှာသုံးတဲ့ Personal Protective Equipment (PPE) တစ်ကိုယ်ရေ ကိုယ်ခနာ ကာကွယ်ရေးသုံး အရောင်းဆိုင်ပါ ဒီနှစ် ၂၀၁၅ ကစပြီး တွဲဖွင့်ထားပါတယ်။
Ø  Enchanting Travels and Tours ခရီးသွားလုပ်ငန်း တစ်ခုရှိပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားလာရေး နှစ်မျိုးစလုံး လုပ်ပြီး market က တော့ Europe market များပါတယ်။
Ø  Enchanting Services Co.,Ltd မှာတော့ consultant firm တစ်ခု ဖွင့်လှစ်ထားပြီး နိုင်ငံခြားမှ မြန်မာပြည်တွင်း လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် business matching လုပ်ပေးပါတယ်။ ဒါအပြင့် မြန်မာနိုင်ငံမှာ company set up လုပ်ချင်သူ နိုင်ငံခြားအဖွဲ့အစည်းတွေ အတွက် ဆောင်ရွက်ပေးခြင်း၊ financial services တစ်ခု အနေနဲ့ လစဉ် financial statement များရေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Ø  လူမူရေးလုပ်ငန်းတွေ အနေနဲ့သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် Global Go Green အသင်းအဖွဲ့လေးကို ၂၀၁၀ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အထက်တန်းကျောင်းတွေ၊ ရပ်ကွက်တွေမှာ အသိပညာပေးအစီအစဉ်တွေ လုပ်ကိုင်ခဲ့ပါတယ်။ ယခု ၂၀၁၅ ဇန်န၀ါရီလမှာ Safety First အသင်းအဖွဲ့ (ဘေးအနရာယ်ကင်းရှင်းရေးသည် ပထမ) လုပ်ငန်းခွင်အတွင်း ဘေးအနရာယ်ကင်းရှင်းရေးနဲ့ပါတ် သက်လို့ လုပ်သားထု အသိပညာ ပြန့်ပွားဖို့အတွက် ဖွဲ့စည်း ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

ကိုဇင်ဇေ       ဒီလုပ်ငန်းတွေ လုပ်နေတာ ဘယ်လောက် ကြာပြီလဲ အမ?
ဒေါ် ခင်ဆွေဝင်းကို ။     သင်တန်းကျောင်းကတော့ ၂၀၁၂ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ခရီးသွားလုပ်ငန်းကတော့ ၂၀၀၅ မှစတင်တည်ထောင်ခဲ့ပါတယ်။ Enchanting Services ကတော့ ၂၀၁၄ မတ်လမှာ စတင်ခဲ့ပါတယ်။

ကိုဇင်ဇေ       လုပ်ငန်း နဲ့ ပတ်သက်ပြီးတော့ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ အမ ? ပြီးတော့ အဲဒီ အခက်အခဲတွေကို ဘယ်လို မျိုးများ ကျော်လွှားခဲ့ရလဲ ?
ဒေါ် ခင်ဆွေဝင်းကို ။     ခရီးသွားလုပ်ငန်း လုပ်စကတော့ မလုပ်ခင် ၂နှစ်လောက်နီးပါး အတွေ့ အကြုံအရင်ယူ၊ သုံးနှစ်လောက်ပြင်ဆင်ပြီးမှ စခဲ့တာဖြစ်တဲ့အတွက် အခက်အခဲသိပ်မကြုံတွေ့ရဘူး။
သင်တန်းကျောင်းမှာတော့ ကျွမ်းကျင်မူ နည်းပြရှားပါတာ၊ လူသိနည်းနေတဲ့ market တစ်ခုကို market share လိုက်ရတဲ့ အခါမှာ အခက်အခဲအများကြီးကြုံတွေ့ရပါတယ်။ First mover advantage ရတယ်လို့ ဆိုပေမယ့် market penetrate လုပ်တဲ့အခါမှာ awareness အရင်ပေးပြီးမှပဲ လိုက်ယူရပါတယ်။

ကိုဇင်ဇေ      ။ လက်ရှိမှာရော ဘယ်လို အခက်အခဲတွေ ရှိနေသေးလဲ အမ ?  ဘယ်လို ပြင်ဆင်ထားလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။    ။ လက်ရှိမှာ ၀န်ထမ်းရှားပါးမူ ကို အဓိကထားပြီးရင်ဆိုင်ရတယ်။ ၀န်ထမ်းဆိုရာမှာလည်း ကျွမ်းကျင်မူရှိတဲ့ဝန်ထမ်းတွေ ကိုဆိုလိုတာဖြစ်ပါတယ်။ Talent management ကိုစပြီးလုပ်ဖို့ ကြိုးစားရတယ်။ Salary survey တွေလည်း နောက်ပိုင်းမပြတ်လေ့လာဖြစ်ပြီး pay structure ကအစ ပြန်ဆွဲခဲ့တယ်။ ၀န်ထမ်းပိုင်းဆိုင်ရာမှာလည်း သက်ဆိုင်ရာ ရာထူးအလိုက် သင်တန်းတွေ ပေးတယ်။ ၀န်ထမ်းမြဲအောင် empowerment နဲ့ participation ကို ကျင့်သုံးတယ်။ Services မှာ နိုင်ငံခြားသား တွေလည်း ပါတာမို့ communication skill တိုးတက်ဖို့ cross-culture organization တစ်ခုရဲ့ work environment မှာ synergy ရှိရှိနဲ့ လုပ်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။

ကိုဇင်ဇေ      ။ အနာဂတ် အတွက် ရော ဘယ်လို ပြင်ဆင်ထားလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။    ။ ခု ၂၀၁၅ မှာ AEC တို့ဘာတို့ လည်း ဖြစ်လာပြီဆိုတော့ နှစ်ပိုင်းခွဲပြီး ပြင်ဆင်ထားခဲ့ပါတယ်။ တစ်ခုကတော့ လုပ်ငန်းခွင် တိုးတက်ဖို့ ရေရှည်တည်မြဲဖို့နဲ့ ဈေးကွက် ယှဉ်ပြိုင်နိုင်မူအတွက် သင်တန်းကျောင်းအတွက် နိုင်ငံခြား အဖွဲ့အစည်း နှစ်ဖွဲ့နဲ့ JV သဘောမျိုး ပူးပေါင်းဆောင်ရွက်ဖို့ ဒီနှစ်အစောပိုင်းကပဲ partnership agreement ထိုးခဲ့တယ်။ ဒါ့အပြင် Market intelligence အတွက် data ကောက်တာတွေ၊ ဈေးကွက်လိုအပ်မူတွေအတွက် market survey ပုံမှန်လုပ်ဖြစ်တယ်။
ခရီးသွားလုပ်ငန်းမှာလည်း Europe ဈေးကွက်ကိုသာမက အရင်နှစ်အစောပိုင်းမှာ outbound tour တွေနဲ့ Asia market ကိုပါ ရဖို့ကြိုးစားထားပါတယ်။

ကိုဇင်ဇေ      ။ လုပ်ငန်း ပိုင်းနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက် ရဲ့ အကူအညီ ရယူဖူးလား? ရခဲ့ဖူးရင် ဒီလိုမျိုး အကူအညီရအောင် ဘယ်လို ရှာဖွေ ကြိုးစားခဲ့ရပါသလဲ ?
ဒေါ် ခင်ဆွေဝင်းကို ။     လုပ်ငန်းနဲ့ ပါတ်သက်တဲ့ အကြံညဏ်တွေ တိုင်ပင်မူတွေကိုတော့ ဘာသာရပ်ကျွမ်းကျင်မူ လုပ်ငန်းခွင်ကျွမ်းကျင်မူ ဆရာတွေဆီမှာ တောင်းခံခဲ့ပါတယ်။

ကိုဇင်ဇေ      ။ လက်ရှိ လုပ်နေတဲ့ အလုပ် အကိုင် / လုပ်ငန်း အပေါ် မိဘ ၊ ဆရာသမား ၊ အများ က လက်ခံခဲ့ရဲ့လား ? ကိုယ့် အပေါ်မှာ ရော ယုံကြည်မှု ရှိခဲ့ကြလား ? ဘာကြောင့် ဒီလို ယုံကြည်မှုတွေ ရခဲ့တယ် လို့ ယူဆပါသလဲ ?
ဒေါ် ခင်ဆွေဝင်းကို ။     တသက်လုံး ၀န်ထမ်း သားသမီးဖြစ်ခဲ့တဲ့ အတွက် ခရီးသွားကုမဏီ စလုပ်ဖို့ပြင်ခါစမှာ မိဘ တွေ ဘက်က  ကန့်ကွက်မူတွေ သဘောမတူမူတွေ၊ မယုံကြည်မူတွေ နဲ့ ကြုံရပါတယ်။ လုပ်ငန်းစပြီး ၂နှစ်လောက်ကြာ ကောင်းကောင်းလည်ပတ်လာနိုင်မှ ယုံကြည်မူ ရလာခဲ့ပါတယ်။

ကိုဇင်ဇေ      ။ သူတို့ တွေရဲ့ သံသယ တွေကို ဘယ်လိုများ ဖြတ်ကျော်ခဲ့ရလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။     သင်တန်းကျောင်းစဖွင့်မယ် ဆိုပြင်ဆင်တော့ အများမသိသေးတဲ့ ဈေးကွက်တစ်ခု ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေက တွက်ပြကြတယ်။ ၀ိုင်းဖျက်ခဲ့ကြပါတယ်။ အားလုံးနဲ့ ဆန့်ကျင်ပြီး လုပ်ခဲ့ရတဲ့ အလုပ်ဖြစ်တဲ့အပြင် ကျွမ်းကျင်မူ အားနည်းတဲ့အတွက် အခက်အခဲတွေ အရှူံးတွေနဲ့ ကြုံရပါတယ်။ ဇွဲ၊ လုံ့လ၊ ၀ီရိယ နဲ့ ကြိုးစားအားထုတ်မူ စဉ်ဆက်မပြတ်လေ့လာသင်ယူမူတွေနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။

ကိုဇင်ဇေ      ။ လက်ရှိ ဒီနေရာကို ရောက်လာအောင် ကြိုးစားခဲ့ရာမှာ တွန်းပို့ပေးနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ အဓိက အားသာချက်က ဘာများ ဖြစ်မယ်လို့ ထင်ပါသလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။     Strong will and determination ပါ။

ကိုဇင်ဇေ      ။ အဲဒီ အားသာချက်တွေ ရအောင် ဘယ်လို အားထုတ် ခဲ့ရပါသလဲ ? အားနည်းချက်တွေ ရော ? ကိုယ့် မှာ ဘာတွေ ရှိနေမယ် ထင်သလဲ ? ဘယ်လို ပြင်ဆင်မယ် စိတ်ကူးထားသလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။     စိန်ခေါ်မူကို နှစ်သက်တဲ့ သူထဲမှာ ကျမ ပါပါတယ်။ ကျမအရမ်းနှစ်သက်တဲ့ Thomas Eddison ရဲ့ စကားလေး ရှိပါတယ်။
“ I have not failed. I've just found 10,000 ways that won't work. ”
အရှူံးတစ်ခု ခု ကြုံတွေ့တိုင်း အောင်မြင်ဖို့ လမ်းစနီးလာပြီဆို ကိုယ့် ဘာသာကိုယ် တွန်းအားတွေနဲ့အတူ အားထုတ်ခဲ့ ရပါတယ်။ Time management နဲ့ Work-life balance ကိုခုထိ ကောင်းမွန်စွာမလုပ်နိုင်သေးတာ အားနည်းချက်ပါပဲ။

ကိုဇင်ဇေ      ။ အမ အနေနဲ့ ဒီ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ဘယ်လို သင်ခန်းစာမျိုးတွေ ရခဲ့လဲ ? ဘယ်လို အမှားမျိုးတွေ လုပ်ခဲ့ပြီး သင်ခန်းစာ ရခဲ့ဖူးသလဲ ? စိတ်ပိုင်းဆိုင်ရာ အရ ကိုယ့်ကိုကိုယ် ဘယ်လို ပြန်လည် တည့်မတ် ပြင်ဆင်ခဲ့ ရသလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။     အရှူံးကို ရင်ဆိုင်ရတိုင်းမှာ လမ်းကြောင်းမှားတွေ ကြုံတွေ့ရတိုင်းမှာ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ Learn from your mistakes ဆိုတဲ့စကားလိုပဲ အမှားတွေကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ကိုဇင်ဇေ      ။ အမ အနေနဲ့ လက်ရှိ ပညာရေး စနစ် အပေါ် ဘယ်လို မြင်သလဲ ? အလုပ်အကိုင် ရရှိမှု အခြေအနေ အပေါ် ဘယ်လို မြင်လဲ ? စီးပွါးရေး လုပ်ငန်းတွေ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘာတွေ ထပ်လုပ်ပေးဖို့ လိုမလဲ ? အရည်အချင်း ပြည့်မီတဲ့ လုပ်သား တွေ ရဖို့ ဘယ်လို လုပ်ရင် ရနိုင်မလဲ ?
ဒေါ် ခင်ဆွေဝင်းကို ။    ။ လက်ရှိပညာရေး စနစ်မှာ quantity derived ကိုပဲ သွားနေတဲ့ အတွက် ဘွဲ့ရပြီး ပညာရပ်ကို လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချခွင့် အင်မတန်မှ နည်းပါးနေတာကို တွေ့ရပါတယ်။ အလုပ်အကိုင်ရရှိမူ အခြေအနေထက် right place, right people, right skill ကို ဖြည့်တင်းနိုင်တာ နည်းနေသေးတဲ့အတွက် လုပ်ငန်းရှင်ရော အလုပ်သမားဘက်မှာ အခက်အခဲကြုံတွေ့ရတာ များပါတယ်။Skilled labor တစ်ယောက် ဖြစ်လာဖို့ continuous learning လုပ်ရပါ့မယ်။ unskilled, semi-skilled ကနေ skilled labor အဆင့်ထိရောက်ရှိလာဖို့ ကျွမ်းကျင်မူစံသတ်မှတ်ထားတဲ့ အတိုင်း လုပ်ငန်းရှင်တွေ အနေနဲ့ သင်တန်းများ စေလွှတ်ပေးရပါ့မယ်။

ကိုဇင်ဇေ      ။ အမ တို့ လုပ်ငန်းမှာရော  အလုပ်သင် အခွင့်အရေးတွေ ရှိပါသလား ?
သင်တန်းကျောင်းဘက်မှာတော့ ဇွန်လလောက်မှာစပြီး အကောင်အထည်ဖော်ဖို့ Safety Supervisor Internship Program တစ်ခု ရေးဆွဲထားတာ ရှိပါတယ်။
ကိုဇင်ဇေ      ။ အမ အနေနဲ့ တိုးတက်အောင်မြင်ချင်တဲ့ လူငယ်တွေ အတွက် ဘယ်လို အကြံမျိုးများ ပေးချင်ပါသလဲ အမ ?
ဒေါ် ခင်ဆွေဝင်းကို ။    ။ ခုနောက်ပိုင်းလူငယ်တွေမှာ လေ့လာသင်ယူလိုမူ အားကောင်းလာပေမယ့် တစိုက်မတ်မတ် လေ့လာနိုင်မူ အားနည်းနေတာကို တွေ့ရပါတယ်။ စာများများဖတ်ပါ။ life goal, career goal တွေ ချမှတ်ထားပါ။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ မဆုတ်မနစ်ဇွဲတို့နဲ့ အောင်မြင်မူတွေ ရယူပါ လို့ အကြံပေးလိုက်ချင်ပါတယ် ။


အချိန် အဆင်မပြေလို့ စာသွားစာလာနဲ့ပဲ အင်တာဗျူး ခဲ့ရတာ ဖြစ်တဲ့ အတွက် သိပ်တော့ အားမရ လှပါဘူး ။ ဒါပေမယ့် ဘာပဲ ပြောပြော လူငယ် စာဖတ်သူတွေ ၊ အထူး သဖြင့် ညီမငယ်တွေ အတွက် ဗဟုသုတ ရစရာတွေ ၊ အမျိုး သမီး လုပ်ငန်းရှင် တစ်ယောက်မှာ ထားရှိသင့်တဲ့ စိတ်နေစိတ်ထား တွေကို အတိုင်းအတာ တစ်ခု အထိတော့  ရသွားလိမ့်မယ် လို့ မျှော်လင့်မိပါတယ် ။
နောက် များမှာတော့ ဒီထက် ပိုပြီး ကောင်းမွန်တဲ့ အမေးအဖြေ အစီအစဉ်ကို တင်ဆက်နိုင်အောင် ကြိုးစားသွားပါဦးမယ် ။ အခုတော့ ဒီ လောက်နဲ့ ပဲ ကျေနပ်လိုက်ပါဦး လို့ 
လေးစားလျှက်
 ကိုဇင်ဇေ
" ပန်းတိုင် တွေ့၍ တွေ့သောပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေဗျာ "


0 comments:

Post a Comment