Friday, June 19, 2015

" မြန်မာ့ အိပ်မက် " ဆိုတာ ဘာလဲ

" မြန်မာ့ အိပ်မက် " မဂ္ဂဇင်း ထုတ်ဝေမည် လို့ ကြေငြာလိုက်တော့
အသိ မိတ်ဆွေ အချို့ကမေးကြသည် ။
" American Dream " ဆိုသော စကားက ရှိပြီးသားကိုး ။
ထို စကားကို အတူ ယူသလား ဟု မေးကြသည် ။

ဆိုရေး ရှိလို့ ဆိုရမည် ဆိုရင်တော့ဖြင့် ထို ထောက်ဆချက် သည်
အစိတ်အပိုင်း တစ်ခုတော့မှန်နေပါ သည် ။

" American Dream " ဆိုသော စကားကို စာရေးသူလည်း ကြိမ်ဖန်များစွာ ကြားဖူးသည် ။
ဒီစကားသည် American တို့၏ ဖန်တီးနိုင်စွမ်း ၊ စွမ်းဆောင်နိုင်စွမ်း ကို လှုံ့ဆော်ရာတွင် မကြာခဏ
သုံးလေ့ရှိသော စကားဖြစ်သည် ။ ဟောပြောပွဲများ ၊ စာအုပ်စာတမ်း များတွင် ထည့်သွင်းလေ့ရှိသည့်
"အမေရိကန် အိပ်မက်" ဆိုသည် မှာ ကြွယ်ဝခြင်း ၊ ပြည့်စုံ ချမ်းသာခြင်း ၊ လွတ်လပ်၍ အမှီအခို
ကင်းခြင်း စသော သဘောတရားများ ထုံလွှမ်းနေသော စကားလုံး ဖြစ်သည် ။

ထို သဘောတရားများတွင်မှ ကြွယ်ဝ ချမ်းသာခြင်း သည် ထိပ်ဆုံးမှာ အမြဲ ထိုးထွက်နေလေ့ရှိသည် ။
ဟုတ်သည် ။ သူတို့သည် ချမ်းသာဖို့ အိပ်မက်တွေ အမျိုးမျိုး မက်ကြသည် ။
ချမ်းသာဖို့ ထုတ်ကုန်တွေ တီထွင်သည် ၊ ထုတ်လုပ်သည် ။ ဝန်ဆောင်မှု အသစ်အဆန်းတွေ
ဖန်တီးသည် ၊ ဈေးကွက် တင်ကြသည် ။ ကိုင်တွယ်ထိတွေ့လို့ မရသော ဉာဏ ထုတ်ကုန်တို့ကိုပင်
စနစ်တကျ ရေတို / ရေရှည် နည်းအမျိုးမျိုး နှင့် ရောင်းချနိုင်အောင် စီစဉ် ထားကြသည် မှာ မက်မော
ချီးကျူး စရာပင် ဖြစ်သည် ။

( အမိ မြန်မာနိုင်ငံမှာတော့ ကိုယ့် စိတ်ကူးလေး ကောင်းလို့ ထ လုပ်ရုံရှိသေး ၊ အလုပ်
ဖြစ်မည်မှ မကြံသေး ၊ ဈေးကွက် က လှုပ်လာပြီဆိုသည် နှင့် အညှာအတာ ကင်းစွာ စိတ်ကူး ကို ပုံတူ
ခိုး ချ ကြသည် ။ ငွေအား လူအား နှင့် ဖိကြသည် ။ မတန်တဆ အောက်ဈေး နှင့် ပြိုင်ကြသည် ။
မူပိုင် ဖန်တီးသူ ၊ ကြံဆ သူမှာ ဘာမှ တရားဝင် ကာကွယ် ခွင့်မရှိ ။ လက်ပိုက် ကြည့်ချင် ကြည့် ။
မကြည့်ချင် လျင် ငုတ်တုတ် ထိုင်ကြည့်နေဖို့သာ ရှိသည် ။

ဒါကြောင့်လည်း မြန်မာလူမျိုး တို့၏ တီထွင် နိုင်စွမ်းတွေ ဆယ်စုနှစ် နှင့် ချီပြီး တိမ်မြုပ်
နေကြရသည် ။ မက်လုံး မရှိတော့ ဦးနှောက် အများစုကလည်း ညှစ်အား မစိုက်ချင်ကြတော့ ။
သူ့ထက်ငါ သူများ ဦးနှောက်ကို အလျင်အမြန် ဘယ်လို ဖောက်စားရမလဲ ပဲ ထိုင်စောင့်နေကြတာက
များနေတော့သည် ။ )

ဒီတော့ ကျွန်တော့် " မြန်မာ့ အိပ်မက် " ကရော ဒီလိုသဘောတရားတွေကိုပဲ
ရည်ညွှန်းသလားလို့ ထင်စရာရှိပါသည် ။ ရှေ့မှာ ပြောခဲ့သလို ဒီ အယူအဆ တစ်စိတ်တစ်ပိုင်းတော့
မှန်ပါသည် ။ အဘယ့် ကြောင့်ဆိုသော် ကျွန်တော် ကိုယ်တိုင်လည်း " အမေရိကန် အိပ်မက် " လို
ချမ်းသာ ချင်ပါသည် ။ ပြည့်စုံ ကြွယ်ဝချင်ပါသည် ။ အင်အား ကြီးချင်ပါသည် ။
ထို့ အတူ ကျွန်တော်သာမက ကျွန်တော် ချစ်ခင် နှစ်သက်သူများ ၊ ကျွန်တော့် ပတ်ဝန်းကျင်နှင့် ၊
မိတ်ဆွေများ ၊ ဖြစ်နိုင်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး တစ်နိုင်ငံလုံးကို ပင် ထိုသို့
ဖြစ်စေချင်ပါသည် ။
သို့သော် ။ ။

ထို " သို့သော် " က အရေးကြီးပါသည် ။
အဲလောက်ပဲ ဆိုရင်ဖြင့် ကျွန်တော့် မှာ "မြန်မာ့ အိပ်မက်" လို့ ရဲရဲကြီး ကြွေးကြော်ဝံ့လိမ့်မည်
မဟုတ်သောကြောင့် ဖြစ်သည် ။ ချမ်းသာ ကြွယ်ဝခြင်း နှင့် အင်အားကြီးခြင်း တို့သည် ကောင်းမွန် ၍
ရှိသင့် ရှိထိုက်သော စံနှုန်းများ ဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာလူမျိုး များ၏ အိပ်မက် သည်
ကျွန်တော့် အမြင်တွင် ထို့ထက် ပိုပါသည် ။ ( သို့မဟုတ် ကျွန်တော့် အနေဖြင့် ပို စေ ချင်ပါသည် ။ )

ကျွန်တော်တို့ မြန်မာ လူမျိုး များသည် အလွန် အလှု အတန်း ရက်ရောသော
လူမျိုးများဖြစ်သည် ။ နိုင်ငံကသာ ဆင်းရဲတွင်းထဲက မထွက်သေးလျှင် နေမည် ။ အလှု အတန်း
ရက်ရောရာမှာတော့ ထိပ်ပိုင်းနံပါတ် ချိတ်သည် ။ ဤ အချက်က ဘာကို ပြနေသလဲ ဆိုတော့
ကျွန်တော်တို့ သည် ကိုယ်တိုင်က မချမ်းသာ လျင် နေမည် ။ တစ်ဖက်သားမှာ တစ်ကယ်
လိုအပ်လာပြီဆိုလျင်ဖြင့် မတွန့်တိုတတ်သော လူမျိုးများ ဖြစ်သည် ။
အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့သည် ကျပ်တည်းသော ခေတ်ကြီးတွင်
ကြီးပြင်းနေထိုင် ရှင်သန်ခဲ့ကြရာတွင် ထို စိတ်ဓာတ်အရင်းခံလေး တိမ်မြုပ်နေတာ ။ အချို့လူများတွင်
ပျောက်ကွယ်လုနီးပါး ဖြစ်နေတာတွေ့ရသော်လည်း အရင်း အမြစ်ကို လိုက်ရင်တော့ဖြင့်
ထိုစိတ်ကလေး ကျန်နေသေးတာ တွေ့ရပါလိမ့်မည် ။

ကျွန်တော်က အင်္ဂလိပ် စကားပြောသင်တန်းလေး တစ်ခု ဖွင့်ထားတော့ လူငယ် ၊
လူလတ်အများစု ကို ထိတွေ့ဆက်ဆံနေရသည် ။ အကြောင်း သင့်တိုင်း သူတို့ကို
မေးကြည့်မိသည်က " ဘဝ မှာ ဘာဖြစ်ချင်ကြသလဲ " ဆိုတာပင် ။ ကျောင်းသား အများစုမှာ အဲလို
မေးကျင့် ဖြေကျင့်က မရှိတော့ ရုတ်တရက်ဆို ဘာကို ဖြေလို့ ဖြေရမှန်း မသိဘဲ ကြောင် အမ်းအမ်း
ဖြစ်တတ်ကြတာ များသည် ။ ထို အခါမျိုးတွင် ကျွန်တော်က တစ်စ ချင်း လမ်းကြောင်းပေးပြီး ဆွဲထုတ်
သော အခါတွင်တော့ သူတို့ ရင်ထဲမှာ ရှိတာလေးတွေ ထွက်လာသည် ။
ချမ်းသာ ချင် သည် ။ အောင်မြင်ချင်သည် ။ စသည့် အများ ပြောနေကျ ဆန္ဒများကို
ထုတ်ပြောလာကြသည် ။

ကျွန်တော်က ထိုမျှ နှင့် မတင်းတိမ် ။
ဘာ့ကြောင့် ချမ်းသာချင်တာလဲ ?
ဘာ့ကြောင့် အောင်မြင်ချင်တာလဲ စသဖြင့် ထပ် ထပ် ၍ မေးတတ်သည် ။
ထို အခါတွင်တော့ သူတို့ ပြောသည့် အဖြေများ က ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည် ။
ဘာကြောင့်မှန်း မသိ ချမ်းသာ ရတာ ကောင်းလို့ ဆိုသူများ ရှိသလို
ချမ်းသာလျှင် ဇိမ်ကျကျ နေနိုင်မှာမို့ ချမ်းသာချင် သည် ဆိုသူများလည်း ရှိသည် ။

ထူးခြားသည် က တစ်ခါတရံ … ကျွန်တော်တို့ မြန်မာ အများစု ( ကျွန်တော် အပါ အဝင် )
သည် ချမ်းသာရမှာ ကြောက်နေတာမျိုးလည်း ရှိတတ်ပါသည် ။
စဉ်းစားကြည့်တော့ ရယ်ချင်စရာတော့ ကောင်းသည် ။
ချမ်းသာတာပဲ ။ ဘာ ကြောက်စရာကောင်းလို့လဲ ဟု တွေးမိကြမည် ထင်ပါသည် ။
ကျွန်တော့် အမြင်တော့ ကျွန်တော်တို့ ဤသို့ ခံစားလာရသည့် နောက်ခံ အကြောင်းရင်းက
ကျွန်တော်တို့ ရှင်သန်လာသည့် ပတ်ဝန်းကျင် ၊ ကြားဖူးနားဝ ဖြစ်ရပ်များအရ ချမ်းသာသူများသည်
အကြင်နာ တရား ကင်းမဲ့ သူများ ၊ စာနာစိတ် ကင်းမဲ့သူများ ၊ လူကို လူလို မဆက်ဆံတတ်သော
ဂုဏ်မောက်သူများ ဖြစ်နေသောကြောင့် ပင် ။ ချမ်းသာသည် ဟု ကြားလိုက်လျှင် ကျွန်တော်တို့
စိတ်ထဲ သူတို့ကို ပြေးမြင်မိသည် ။ သူတို့၏ စရိုက်ကို မနှစ်မြို့နိုင်လွန်းတော့
ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့လို ဖြစ်လာမှာ ကြောက်လာသည် ။ တစ်နည်းအားဖြင့်
ချမ်းသာရမှာကို ( မသိ စိတ် မှ ) ကြောက်လာသည် ။ ထို့ကြောင့် ချမ်းသာချင်လား မေးရင်
ကျွန်တော်တို့ ခပ်ရွံ့ရွံ့ ဖြေဖြစ်ကြတာ ဖြစ်မည် ဟု ထင်သည် ။

တကယ်တမ်း တော့ ကျွန်တော်တို့ ခပ်ခွာခွာ က ပြန်ကြည့်လျှင်ဖြင့် ချမ်းသာခြင်းမှာ
အပြစ်မရှိကြောင်း တွေ့ရမည် ဖြစ်သည် ။ ချမ်းသာခြင်း သည် မီး ပဲ ဖြစ်သည် ။ အကိုင်အတွယ်
မတတ်လျှင် လောင်မြိုက်မည် ။ ပူလောင်မည် ။ အသိ သတိ နှင့် ပညာသားပါပါ ကိုင်တွယ်လျှင်တော့
အနွေးဓာတ် ပေးနိုင်မည် ။ အလင်း ပေးနိုင်မည် ။ ကိုယ့် တစ်ကိုယ် စာသာမက ချမ်းသာလျှင်
ချမ်းသာသလောက် လောကကို ပို၍ အလင်း ပေးနိုင်မည် ဖြစ်သည် ။
ကျွန်တော် ပြောချင်သည်က ချမ်းသာခြင်း သည် ကောင်းသည် ။ ချမ်းသာလိုခြင်း သည် လည်း
ကောင်းသည် ။ မိမိ ၏ ချမ်းသာမှု သည် သူ တစ်ပါးအား ဆင်းရဲမှု မဖြစ်စေသ၍ ချမ်းသာခြင်းသည်
ကောင်းသည် ။ ကျွန်တော်တို့ ကိုယ်တိုင် ချမ်းသာခြင်းကို မက်မက်မောမော လိုလိုလားလား
ရှိသင့်သည် ။ ကျွန်တော်တို့ ၏ ချမ်းသာခြင်း သည် သူ တစ်ပါး အတွက် ( ပို၍ ဖြစ်နိုင်လျှင် အများ
အတွက် ) အထောက်အပံ့ကောင်း ဖြစ်စေရန် ကျွန်တော်တို့ ကြိုးစားရမည် ။ ကျွန်တော်တို့၏
ချမ်းသာမှုသည် သူတစ်ပါးအားလည်း ချမ်းသာစေရလောက်အောင် ပြည့်စုံလုံလောက်ရမည် ။

ထိုသို့ ဖြစ်စေလျှင် ကျွန်တော်တို့ ၏ ချမ်းသာခြင်းသည် မြတ်၏ ။
ကျွန်တော်တို့ ၏ ချမ်းသာခြင်းသည် အပြစ်ကင်း၏ ။
ကျွန်တော်တို့ ၏ ချမ်းသာခြင်း ဖြင့် လောက ကို အလင်း ဆောင်နိုင်လိမ့်မည် ။

ထိုထို သော ရည်ရွယ်ချက်သည် ပင် ကျွန်တော် ဆိုလိုချင်သော "မြန်မာ့ အိပ်မက်"
ဖြစ်လေသည် ။ ကျွန်တော်တို့၏ "မြန်မာ့ အိပ်မက်" သည် " အများ သိထားသည့် အမေရိကန်
အိပ်မက် " လို ချမ်းသာချင်စိတ် တစ်ခုတည်း မဟုတ် ။ ကျွန်တော်တို့၏ ချမ်းသာခြင်းကို အများကို
မျှဝေလိုခြင်း ဖြစ်သည် ။ အတူ တကွ ချမ်းသာလိုခြင်း ဖြစ်သည် ။

ကိုယ်နိုင် သူရှုံး ဖြစ်စေလိုခြင်း မဟုတ် ၊
အား အကြီးဆုံးလူသာ ရှင်ကျန်စေလိုခြင်း မဟုတ် ။
နှစ်ဦးနှစ်ဖက် လုံး မျှတစွာ နိုင်စေလိုခြင်း ဖြစ်သည် ။

အချို့က ဆိုကြပါလိမ့်မည် ။ ကျွန်တော် ညွှန်းဆိုသော "မြန်မာ့ အိပ်မက်" သည် စိတ်ကူးယဉ်
ဆန်လွန်းသည် ။ ဖြစ်နိုင်လိမ့်မည် မဟုတ် ... စသည် စသည်ဖြင့် ။ ကျွန်တော် ဝန်ခံပါသည် ။

ဒါကြောင့်လည်း ကျွန်တော် ကိုယ်တိုင် "မြန်မာ့ အိပ်မက်" လို့ ညွှန်းဆိုခဲ့ခြင်း ဖြစ်သည် ။
"မြန်မာ့ ပန်းတိုင်" မဟုတ် ။ "မြန်မာ့ ပန်းတိုင်" လို့ ကျွန်တော် မသုံးစွဲခဲ့ ။

ကျွန်တော်တို့ ရင်ထဲ ၊ အသည်းထဲ က ထိုသို့သော ပတ်ဝန်းကျင် တစ်ခု ၊ လူ့ အဖွဲ့အစည်း
တစ်ခုကို တည်ဆောက်ချင်သည် ။ ဘယ်နေ့ ဘယ်ရက် ဘယ်တော့မှ ရောက်မည် ကျွန်တော်တို့
မသိ ။ မည်သည့် နည်းလမ်းတွေက သေချာပေါက် ရောက်စေလိမ့်မည် ကျွန်တော်တို့ မသိ ။
သိသည် ပြောလျှင် လူ ရယ် စရာကြီး ဖြစ်မည် ထင်သည် ။ ပွင့်ခဲ့ပြီး သမျှ ဘာသာပေါင်းစုံက ဘုရား
အဆူဆူတောင် လုပ်နိုင်စွမ်းမည့် ကိစ္စ ဟု ကျွန်တော်တော့ မထင် ။

ဒါပေသည့် ဒီခရီး ၏ ထူးခြားချက်က အခြား ခရီးတွေနှင့် မတူ ။
ရောက်မှ ပျော်ဖို့ ကောင်းသည့် ခရီး မဟုတ် ။
လျှောက်နေရင်း နှင့် ပင် ပျော်ဖို့ ကောင်းသည့် ခရီး ဖြစ်နေခြင်း ဖြစ်သည် ။

ကျွန်တော်တို့နှင့် အိပ်မက်ချင်း တူသူများကို ကျွန်တော်တို့ မျှဝေမည် ။ လက်တွဲခေါ်မည် ။
ကာယ အားနှင့် လက်တွဲမကူနိုင်လျှင်တောင် ဉာဏအားဖြင့် လက်တွဲကူကြမည် ။ ရင်ထဲမှာ
ပျော်ရွှင်စွာ အိပ်မက်မက်ရင်း ဒီ ခရီးရှည်ကြီးကို ကျွန်တော်တို့ လျှောက်နေကြမည် ဖြစ်သည်။
ယခု ဒီစာကို ဖတ်နေချိန်တွင် သင်လည်း ပဲ ကျွန်တော်တို့လို ခံစားနေရမည် ။
ယုံကြည်နေမည် ဟု ကျွန်တော် မျှော်လင့်မိပါသည် ။

ဆရာ မောင်ချောနွယ် ပြောသော စကားကို ကျွန်တော် မကြာခဏ ကိုးကားလေ့ရှိပါသည် ။
" ကျွန်တော် တို့ လမ်းတူ လျှင် လူချင်း တွေ့ကြမည် " ဟု ဆိုချင်ပါသည် ။
သင်လည်း ချမ်းသာချင်မည် ။ တိုးတက်အောင်မြင်ချင်မည် ။
ထိုလမ်းခရီးသို့ သွားရာလမ်းတွင် သူတစ်ပါးအား မထိခိုက်စေလို ။
ဖြစ်နိုင်လျှင် တစ်ဦး ကို တစ်ဦး ဝေမျှရင်း လက်တွဲ ခေါ်သွားလိုမည် ဆိုပါက

ကျွန်တော်တို့၏ " မြန်မာ့ အိပ်မက် " သည် သင့် အိပ်မက် ဖြစ်လာလိမ့်မည် ဟု မျှော်လင့်မိပါသည် ။

လေးစားလျှက်
ကိုဇင်ဇေ (ထုတ်ဝေသူ နှင့် အယ်ဒီတာ )

-------------------------------------------------------

● 
မြန်မာ့ အိပ်မက် ( ပထမ တွဲ ) ကို အောက်ပါ  လင့်ကနေ တဆင့် ကလစ် တစ်ချက် နှိပ်လိုက်ရုံနဲ့ အခမဲ့ Download ရယူနိုင်ပါပြီ ခင်ဗျာ ။
>>> 
http://www.mediafire.com/download/pp6p8633vkm8xco/


မြန်မာ့ အိပ်မက် ( ဒုတိယတွဲ ) ကို အောက်ပါ  လင့်ကနေ တဆင့် ကလစ် တစ်ချက် နှိပ်လိုက်ရုံနဲ့ အခမဲ့ Download ရယူနိုင်ပါပြီ ခင်ဗျာ ။
>>>
http://www.mediafire.com/download/xz6akx4b6ea5qc8/


" မြန်မာ့ အိပ်မက် မဂ္ဂဇင်းကို ဖုန်းမှ တဆင့် မပြတ် ဖတ်ရှုလိုပါက
အောက်ပါ Mobile Application ( Android ) ကို Download ရယူထားနိုင်ပါတယ် ခင်ဗျာ "
http://www.mediafire.com/download/1pjp8j7f2horjan/
< Myanmar Dream - Apk - 2nd Version ( 11 Mb )

မြန်မာ့ အိပ်မက် ( ဒုတိယတွဲ ) Ebook/App ရယူရန်

မြန်မာ့ အိပ်မက် ( ဒုတိယတွဲ ) 


မြန်မာ့ အိပ်မက် ( ဒုတိယတွဲ ) ကို လူငယ်တွေ လက်ထဲ အရောက် ပို့ပေးနိုင်လိုက်ပါပြီ ။
အခက်အခဲတွေ ၊ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိခဲ့ပေမယ့် အခုလို အောင်အောင်မြင်မြင်လေး ပြီးစီးသွားတာကိုပဲ ကျွန်တော့် အနေနဲ့ အတော်လေး ဝမ်းသာမိပါတယ် ။
အခု တစ်ခေါက်မှာလည်း ကျွန်တော့် အစီအစဉ်လေးကို ဝင်ရောက်ပါဝင် အားဖြည့်ကူညီပေးကြတဲ့ စာရေးသူ ၊ မျှဝေသူပေါင်း များစွာ ပါဝင်ပါတယ် ။ ကျွန်တော်တို့ အားလုံးရဲ့ အိပ်မက် ၊ ဖြစ်စေချင်တဲ့ ဆန္ဒတွေ တစ်သားတည်း ဖြစ်ခဲ့လို့ ဒီစာအုပ်လေးအနေနဲ့ စုစုစည်းစည်း ဖြစ်လာခဲ့တယ်လို့ပဲ ခံယူမိပါတယ် ။ အခုလို ကူညီပေးကြတဲ့ ဆရာတွေကိုလည်း အထူးပင် ကျေးဇူးတင်မိပါတယ် ။

မြန်မာ့အိပ်မက် ( ဒုတိယတွဲ ) Ebook ရယူရန်
http://www.mediafire.com/download/xz6akx4b6ea5qc8/
< Myanmar Dream - 2nd Issue < Pdf file ( 3 Mb )

ဒီ အတွဲမှာတော့ လူငယ် တွေရဲ့ အဓိက ကြုံနေရတဲ့ ပြသနာ တစ်ခု ဖြစ်တဲ့ " ဘာ စ လုပ် ရင် ကောင်းမလဲ " / " ဘာ ဆက်လုပ် ရင် ကောင်းမလဲ " / စတာတွေကို တက္ကသိုလ်ဝင်တန်း ဖြေပြီးကာစ လူငယ်များအတွက်သာမက လက်ရှိ လုပ်ငန်းခွင် ဝင်နေတဲ့ ၊ အလုပ်အမျိုးမျိုး ပြောင်းနေရတဲ့ လူငယ်တွေ အတွက်ပါ ထိထိရောက်ရောက် စဉ်းစားဆုံးဖြတ်နိုင်အောင် ၊ အတွေးအမြင်ကောင်းတွေရအောင် ဝိုင်းဝန်းပြီး ကြိုးစားခဲ့ကြပါတယ် ။

စီးပွားလုပ်ငန်း တစ်ခုကျရှုံးနေရာကနေ အောင်မြင်မှုရအောင် ဘယ်လို ပြုပြင်ပြောင်းလဲခဲ့လဲ ဆိုတဲ့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ၊ ချမ်းသာဖို့ တစ်ဦးတစ်ယောက်တည်းအားထက် အများအားကို ဘယ်လို အသုံးချသင့်လဲ ဆိုတဲ့ အကြောင်းတွေ ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်း တွေ ၊ စသည် စသည်ဖြင့် လူငယ်တွေ အတွက် အကျိုးရှိလှတဲ့ အကြောင်းအရာပေါင်းများစွာ ပါဝင်အောင် ကြိုးစားခဲ့ကြပါတယ် ။

ကျွန်တော်တို့ကတော့ လူငယ်တွေ အတွက် အိပ်မက် တွေ ဆက်မက်ရင်း ရှေ့တစ်လှမ်း တိုးခဲ့ပါတယ် ။ လူငယ်တွေကရော ကျွန်တော်တို့နဲ့ ရင်ဘက်ချင်း တူရဲ့လား ?
ကျွန်တော်တို့လို အိပ်မက်တွေ မက်နေကြရဲ့လား ?
ဒီစာအုပ်လေးကို ရယူဖတ်ရှုလိုက်တဲ့ လူငယ်တွေကတော့ ကျွန်တော်တို့နဲ့ လမ်းတူလို့ လူချင်း တွေ့ကြတယ်လို့ပဲ မြင်မိပါတယ် ။
" မြန်မာ့ အိပ်မက် " ဆက်မက်ကြရအောင်ဗျား ။

မာတိကာ

၁။ လူငယ် တိုးတက်ရေး ဆောင်းပါး
 - Street Smart လား ???? Book Smart လား ???  ( ဟိန်းနိုင်ဇော် )
 - အကြပ်အတည်းများကြားက တည်ငြိမ်တဲ့စိတ်  ( ကိုရူပ )
 - ပန်းတိုင်ကို စိတ်ညွှတ်ထားဖို့ - စည်သူထက်
 - ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ လမ်းပျောက် လူငယ်များ အတွက် ( ကိုဇင်ဇေ )


၂။ ဖတ်ညွှန်း
  - ကျွန်တော်ကြိုက်သော စာအုပ်များ(၁) - နာယက

၃။ စီးပွားရေး နှင့် စီမံ ခန့်ခွဲမှု ဆိုင်ရာ ဆောင်းပါး
 - TSINGTAO BEER SUCCESS STORY - မင်းခေါင် ( EMPA - 8 )
 - ချမ်းသာဖို့နည်းလမ်း - Leverage Power (ကုတ်အား) - ( လင်းထိုက်ဦး )
 - လိုရာသုံးဖို့ PDCA  -  ကိုလှိုင်ပြည့် ( EP )
 - အကြီးအကဲဆိုး vs. ခေါင်းဆောင်ကောင်း  ( အောင်မျိုး )

၎။ ကာတွန်း
 - မင်းထိုက်

၅။ စိတ် ခွန်အားဖြည့် ရသ စာစု
- မုဆိုးသုံးယောက် နှင့် ကျားတစ်ကောင်  - ကိုလှိုင်ပြည့် ( EP )

၆။ လူငယ် အမေး အဖြေ ပေးစာ
 - ညီ တစ်ယောက် ထံမှ စာ ( ကိုဇင်ဇေ )

၇။ လူငယ် ပညာရေး ဆိုင်ရာ ဆောင်းပါး / အမြင်
 - တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူ လူငယ်တွေ
   ကျောင်း/ဘာသာရပ် ဘယ်လို ရွေးသင့်လဲ ?  (  အောင်ထိုက်မင်း )
 - မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ရွေးချယ် တက်ရောက် လိုသူ
   လူငယ်များ ကြိုသိသင့်တာလေးတွေ ( ကိုဇင်ဇေ )
 -  ပညာလူ့ အဖွဲ့ အစည်းဆီသို့ ..... ( မေဇော် )
 - လူငယ် နှင့် နိုင်ငံရေး  ( သက္ကမိုးညို )

၈။ ဘဝ လူနေမှု ဆိုင်ရာ ဆောင်းပါး
 - ကော်ဖီကောင်းကောင်းလေးကို အိမ်မှာနေရင်း သောက်ချင်သူများ အတွက်  ( မောင်မောင်မင်းဇင် )


မြန်မာ့အိပ်မက် (  ပထမတွဲ ) Ebook-pdf ရယူရန်
http://www.mediafire.com/download/pp6p8633vkm8xco/
< Myanmar Dream - 1st Issue < Pdf file ( 8 Mb )

မြန်မာ့အိပ်မက် (  ပထမတွဲ ) Ebook-epub ရယူရန်
http://www.mediafire.com/download/pr133bg188fbmw7/
< Myanmar Dream - 1st Issue < Epub file ( 5 Mb )

မြန်မာ့အိပ်မက် ( ဒုတိယတွဲ ) Ebook ရယူရန်
http://www.mediafire.com/download/xz6akx4b6ea5qc8/
< Myanmar Dream - 2nd Issue < Pdf file ( 3 Mb )

မြန်မာ့အိပ်မက် တွင် အသစ် တင်သမျှ စာများကို ဖုန်းမှ တဆင့်
ဖတ်ရှု ၊ သိမ်းဆည်းနိုင်သော Android Application ( Apk ) ရယူရန်
http://www.mediafire.com/download/1pjp8j7f2horjan/
< Myanmar Dream - Apk - 2nd Version ( 11 Mb )

ဖုန်းတွင် Ebook ( pdf/epub) များဖတ်ရှုရန် Applications မရှိပါက
Moon Reader- Pro ရယူရန်
http://www.mediafire.com/download/d7zhjw6djudodk0/
< Moon Reader - Pro ( Pdf and Epub reader )

မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး ) မဂ္ဂဇင်း - ပထမတွဲ -

မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး ) မဂ္ဂဇင်း - ပထမတွဲ -


လူငယ်များ အတွက်
> စိတ်ဓာတ်ခွန်အား ရရှိစေသော ကဗျာ ၊ ဆောင်းပါး ၊ စာစုများ
> အသက်မွေး ဝမ်းကြောင်း ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗဟုသုတများ
> စိတ်ဓာတ် ၊ အတွေးအခေါ် နှင့် ကိုယ်ရည်ကိုယ် သွေး တိုးတက်စေမည့် စာစုမျာ
> လူငယ် စွန့်ဦးတီထွင် / စီးပွားရေးသမားတို့ သိသင့် သိထိုက်သည့် သဘောတရားများ ပါဝင်သည့်
" မြန်မာ့ အိပ်မက် " မဂ္ဂဇင်းကို ၁၁.၂.၂၀၁၅ တွင် စတင် ဖြန့်ချီခဲ့ပြီ ဖြစ်ပါသည် ။

လူငယ် စာဖတ်သူများ / စာဖတ်လိုသူများ အတွင်း
ပိုမိုပြန့်နှံ့နိုင်စေရန် ရည်ရွယ်၍
♦ အခကြေးငွေ လုံးဝ ပေးစရာမလိုသော
" အခမဲ့ " အွန်လိုင်း မဂ္ဂဇင်း အနေဖြင့် ဖြန့်ချီထားပါသည် ။

စာဖတ်သူများ အနေဖြင့် ဖတ်ရှုလေ့လာပြီး
လိုအပ်သည်များကို အကြံပေး ဝေဖန်နိုင်ပါသည် ။

♦ နှစ်သက်ပါက ကျေနပ်အားရကြောင်း စာ/စကားဖြင့် အားပေး ကူညီနိုင်ပါသည် ။
မိမိမိတ်ဆွေများ / လူငယ်များကို လွတ်လပ်စွာ တဆင့် မျှဝေပေးနိုင်ပါသည် ။

♦ စာဖတ်သူများအတွက် လုံးဝ အခမဲ့ ဖြန့်ဝေထားသော်လည်း
စာမူရှင်များကို ထိုက်သင့်သော စာမူခများ ပူဇော်ရန် စီစဉ်ထားပြီး ဖြစ်ပါသည် ။
< စာမူခ ကို လက်မခံဘဲ စာပေ ဒါန ပြုကြသော စာရေးသူများလည်း အမြောက်အများပါဝင်ကြရာ
ဤနေရာမှ အထူးပင် ကျေးဇူးတင်မိကြောင်း မှတ်တမ်းတင် စကား ဆိုခြင်ပါသည် ။ >

ဒီတော့ ကျွန်တော်တို့ ကို ဆက်လက် လုပ်ဆောင်ရန်
ခွန်အားပေးနိုင်သည်မှာ မိတ်ဆွေတို့၏ ချီးမြောက် စကားများပင် ဖြစ်ပါလိမ့်မည် ။

♦ လူငယ် များ အနေဖြင့်
မိမိဘဝ တိုးတက်အောင်မြင်ရေးအတွက် သိလိုသည်များကို
zinzae@gmail.com / 09 25000 5174 သို့ လိပ်မူ၍ မေးမြန်းနိုင်ပါသည် ။

" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ ဗျာ "

လေးစားလျှက်
ကိုဇင်ဇေ (ထုတ်ဝေသူ နှင့် အယ်ဒီတာ @ မြန်မာ့ အိပ်မက် )
www.facebook.com/MyanmarDream
www.MyanmarDreamer.com

=========

မြန်မာ့အိပ်မက် (  ပထမတွဲ ) Ebook-pdf ရယူရန်
http://www.mediafire.com/download/pp6p8633vkm8xco/
< Myanmar Dream - 1st Issue < Pdf file ( 8 Mb )

မြန်မာ့အိပ်မက် (  ပထမတွဲ ) Ebook-epub ရယူရန်
http://www.mediafire.com/download/pr133bg188fbmw7/
< Myanmar Dream - 1st Issue < Epub file ( 5 Mb )

မြန်မာ့အိပ်မက် ( ဒုတိယတွဲ ) Ebook ရယူရန်
http://www.mediafire.com/download/xz6akx4b6ea5qc8/
< Myanmar Dream - 2nd Issue < Pdf file ( 3 Mb )

မြန်မာ့အိပ်မက် တွင် အသစ် တင်သမျှ စာများကို ဖုန်းမှ တဆင့်
ဖတ်ရှု ၊ သိမ်းဆည်းနိုင်သော Android Application ( Apk ) ရယူရန်
http://www.mediafire.com/download/1pjp8j7f2horjan/
< Myanmar Dream - Apk - 2nd Version ( 11 Mb )

ဖုန်းတွင် Ebook ( pdf/epub) များဖတ်ရှုရန် Applications မရှိပါက
Moon Reader- Pro ရယူရန်
http://www.mediafire.com/download/d7zhjw6djudodk0/
< Moon Reader - Pro ( Pdf and Epub reader )========

" မြန်မာ့ အိပ်မက် " ( ပထမတွဲ  ) မာတိကာ
-----------------------------------

၁။ အောင်မြင်လိုသည့်စိတ်၊ အောင်မြင်နိုင်ဖွယ် ပတ်ဝန်းကျင် - ဒေါက်တာရူပ

၂။ ပေတစ်ရာ နှင်းဆီ - သက္က မိုးညို

၃။ ဘဝ ရထားအို - မြေမာန်မိုး

၎။ ဘဝ ပန်းတိုင် ချမှတ်ခြင်း နှင့် ဆွတ်ခူး ရယူခြင်း - ဥာဏ်လင်း

၅။ EQ အကြောင်း  - ဒေါက်တာအောင်မျိုး

၆။ ဖတ်ချင်စရာ စာအုပ် ကမ္ဘာ - ဥာဏ်လင်း

၇။ ကာတွန်းများ - မင်းထိုက် / ATH

၈။ ဘာကြောင့် အရှုံးပေးရမှာလည်း - ယိမ်း

၉။ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသခြင်း - ဥာဏ်လင်း

၁၀။ တစ်ကိုယ်တော်လွမ်းချင်း  - ဥာဏ်လင်း

၁၁။ Ted Talk ဟောပြောပွဲ အညွှန်း - ရန်နိုင်

၁၂။ Web designer ဖြစ်လိုသော် - မေဦး

၁၃။ VR headset Google Cardboard နဲ့မြင်ကွင်းအတုများကို အသက်သွင်းခြင်း - ဇွဲသူရ

၁၄။  လူနှင့် တူသော ဆရာဝန် - သက္က မိုးညို

၁၅ ။ စွန့်ဦးတီထွင် အမျိုးသမီး လုပ်ငန်းရှင် ဒေါ် ခင်ဆွေဝင်းကို နှင့် တွေ့ဆုံခြင်း - ကိုဇင်ဇေ

၁၆။ Google ၏ စိတ်ဝင်စားဖွယ်အသုံးဝင်မှုများ - ဟိန်းနိုင်ဇော်

၁၇။ Web Developer ဖြစ်ချင်ရင် ဘယ်ကစလေ့လာရမလဲ - သန့်စင်

၁၈။ အားကိုးရာ - လှိုင်ပြည့်

၁၉။ ကန့်သတ်ချက် - လှိုင်ပြည့်

၂၀။ ဖန်တရာထေ သုတေသနများမှ လက်တွေ့အသုံးချ သုတေသနများထံသို့  မျှော်ကြည့်ခြင်း - ဖိုးစမ်းချောင်း(GG)

၂၁။ လေးထောင့်ဘီးကြီးနဲ့လား - မင်းခေါင် ( EMPA – 8 )

၂၂။ ကိုယ် ရည် ကိုယ်သွေး တိုးတက်ချင်ရင် ဘာတွေ လေ့လာ ရမလဲ ? - ကိုဇင်ဇေ

၂၃။ ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ   - ကိုဇင်ဇေ

၂၄။ ဒီမှာ လူငယ် - ကိုဇင်ဇေ

ကိုယ် ရည် ကိုယ်သွေး တိုးတက်ချင်ရင် ဘာတွေ လေ့လာ ရမလဲ ?

ကိုယ် ရည် ကိုယ်သွေး တိုးတက်ချင်ရင် ဘာတွေ လေ့လာ ရမလဲ ?
-----------------------------------------------------------------------------

 လူ တစ်ယောက်မှာ သူ့ရဲ့ လုပ်ငန်း ပိုင်း ကျွမ်းကျင်မှု ဆိုင်ရာ အရည်အချင်း ရှိသလို
သူ့ရဲ့ ကိုယ်ပိုင် ကိုယ် ရည် ကိုယ်သွေး  ဆိုတာလည်း ရှိပါတယ် ။

တစ်ခါတလေ လုပ်ငန်းခွင်တွေမှာ ကိုယ်က လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်း ရှိနေပေမယ့်
ရာထူး တိုးစရာ ပေါ်လာတော့ ကိုယ်နဲ့ အရည်အချင်းတူ တစ်ယောက်ယောက်က
ဒီရာထူးကို ရသွားတယ်  / ဒါမှ မဟုတ် ကိုယ့်ထက် ပိုပြီး အခွင့်အရေးတွေ ပိုရနေတယ်ဆိုရင်
ကိုယ် ဟာ သူ့ထက် ကိုယ် ရည် ကိုယ်သွေး  နိမ့်နေလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။
အလုပ် တစ်ခုကို ပြိုင်တူ လျှောက်ကြပြီး အရည်အချင်းတူပေမယ့်
တခြားလူတွေ ကို ရွေးသွားတယ်ဆိုတာမျိုးဟာလည်း အလားတူပါပဲ ။
( ဘက်လိုက်မှု တွေ ကြောင့် ဖြစ်တတ်တဲ့ သဘောသဘာဝတွေလည်း ရှိတတ်ပေမယ့်
ဒီနေရာမှာတော့ ဒါကို ထည့်သွင်း မဆွေးနွေးတော့ပါဘူး ။ )

ဒီတော့ ကျွန်တော်တို့ဟာ ဒီလိုမျိုး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့
အတတ်ပညာ ဆိုင်ရာ ကျွမ်းကျင်မှု / အရည်အချင်းတွေ သာမက
ကိုယ့်ရဲ့ ကိုယ်ပိုင် ကိုယ် ရည် ကိုယ်သွေး  တွေလည်း တိုးတက်နေအောင် လေ့လာ လေ့ကျင့်သင့်ပါတယ် ။

ကျွန်တော် လေ့လာဖူးသလောက်
ဘဝမှာ အောင်မြင် တိုးတက်လိုသူတိုင်း လေ့လာသင့်တယ်လို့ ယုံကြည်တဲ့
ကိုယ် ရည် ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ
အကြောင်းအရာလေးတွေကို စုစည်းပေးလိုက်ပါတယ် ။

( တစ်ခုချင်းကို တော့ ဒီဆောင်းပါးမှာ
အသေးစိတ် မဆွေးနွေးပေးနိုင်သေးလို့ အားနာမိပါတယ် ။
ကျယ်ပြန့်လွန်းတဲ့ အကြောင်းအရာတွေ မို့လို့ပါ ။

ကျွန်တော် စီစဉ်တဲ့ " မြန်မာ့ အိပ်မက် "အွန်လိုင်း မဂ္ဂဇင်း
( Myanmar Dream Online Magazine ) ကို
February 11 , 2015  မှာ စတင် ထုတ်ဝေသွားမှာ ဖြစ်ပါတယ် ။
အဲဒီ Magazine ထဲမှာ ဒီ အကြောင်းအရာတွေကို
ထပ်မံ အသေးစိတ် ဆွေးနွေးပေးသွားဖို့  ရည်ရွယ်ထားပါတယ် ။
ဖတ်ရှု ချင်တဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ကို Messag bxo ကနေ တဆင့်
မိမိရဲ့ Gmail နဲ့ Viber , phone number ကို ပေးပို့ထားနိုင်ပါတယ် ခင်ဗျာ ။
ထွက်တာနဲ့ အကြောင်းကြားပေးနိုင်အောင်လို့ပါ ။ )

ကဲ ကျွန်တော်တို့ ကိုယ် ရည် ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ 
လေ့လာစရာ လေးတွေကို ကြည့် ကြည့် ရအောင် ။

၁။ ထိထိ ရောက်ရောက် တွေးခေါ် နိုင်မှု စွမ်းအား ကို လေ့လာ လေ့ကျင့်ခြင်း

( ထိထိ ရောက်ရောက် တွေးနိုင်မှ ထိထိရောက်ရောက် လုပ်နိုင်မှာပါ ။
လူချင်း အတူတူ အတွေးသာ တဲ့လူက ရှေ့ ပို ရောက်ဖို့ များပါတယ် ။
မွေးရာပါ / သိပ် လေ့လာ လေ့ကျင့်စရာ မလိုဘဲ
တွေးခေါ်နိုင်စွမ်း ကောင်းသူ တစ်ချို့ ရှိသလို
လေ့ကျင့် သင်ကြားမှုကနေ တဆင့်လည်း မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို
မြှင့်တင် နိုင်ပါတယ် ။ ဒီတော့ ဒီဘာသာရပ် ကို ကျွန်တော့် အနေနဲ့ လေ့လာစရာတွေထဲမှာ
ထိပ်ဆုံးမှာ ထားပေးချင်ပါတယ် ။ )

၂။ ပေါင်းသင်း ဆက်ဆံရေး စွမ်းအားကို မြှင့်တင်ခြင်း

( မိတ်ဆွေများလေ သိစရာ / သင်ယူစရာ / အလုပ်အကိုင် / စီးပွါးရေး အခွင့်အလမ်း များလေပါ ပဲ ။
ဒီတော့ မိတ်ဆွေများဖို့ အရေးကြီးပါတယ် ။

နောက် တစ်ဆင့်ကတော့ များနေတဲ့ မိတ်ဆွေတွေထဲမှာမှ
ကိုယ့် ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ကို ရွေးထုတ်ရယူနိုင်ဖို့ ဖြစ်ပါတယ် ။
Facebook မှာ Friends 5,000 ရှိဖို့ထက်
တကယ် အရေးကြုံလာရင် ကိုယ့်ဘက်မှာ ဝင်ရပ်ပေးနိုင်မယ့်
မိတ်ဆွေ ၅ ယောက် ရှိဖို့က ပို အရေးကြီးပါတယ် ။

ဒီနေရာမှာ သတိထားစရာ တစ်ခုက ကိုယ်က  မိတ်ဆွေစစ် မိတ်ဆွေမှန်တွေလိုချင်ရင်
ကိုယ် ကိုယ်တိုင်က  မိတ်ဆွေစစ် မိတ်ဆွေမှန် တစ်ယောက် ဖြစ်အောင် အရင် ကြိုးစား ဖို့ပါပဲ ။ )

၃။ ထိထိရောက်ရောက် ပြောဆို ဆက်ဆံနိုင်စွမ်း / တင်ဆက်ပြသနိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

( အလုပ်အင်တာဗျူး ဖြေတာ /
ကိုယ့် စီးပွါးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ မယ့် သူ ရှာတာ က အစ  ...
ဈေး ရောင်း တာ အဆုံး  ...
နိုင်ငံရေး လောကမှာ လှုပ်ရှားတာ မကျန်  ... ဒီ စွမ်းရည် ရထားမှ အဆင်ပြေပါလိမ့်မယ် ။
ဒီ စွမ်းရည် ကောင်းရင် ကောင်းသလောက် ကိုယ့်အတွက် ရလာဒ်ကောင်းတွေ ရနိုင်ပါလိမ့်မယ် ။ )

၎။ မိမိကိုယ်ကို သိရှိ ဆင်ခြင်နိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

( ကျွန်တော်က English စကားပြောသင်တန်းလေး တစ်ခု ဖွင့်ထားတော့
လူငယ်တွေနဲ့ အမြဲ ထိတွေ့ပြောဆို နေရပါတယ် ။
သူတို့ကို
- ဘာလုပ် နေသလဲ ?
- ဘာ လို့ အဲဒါ ကို လုပ်နေတာလဲ ?
- ဘာဖြစ်ချင်တာလဲ ?
- ဘာလို့အဲဒါကို ဖြစ်ချင်တာလဲ ?
- လက်ရှိ ကိုယ် ဖြစ်ချင်တာရဲ့ ဘယ်အနေအထားကို ရောက်နေပြီလဲ ?
- ဘာ တွေ ဆက်လုပ်သွားမှာလဲ ?
စတဲ့ မေးခွန်းတွေ မေးလိုက်တိုင်း သေသေချာချာ ရေရေရာရာ ဖြေနိုင်သူ နည်းလွန်းလှပါတယ် ။

ကိုယ့် အိပ်မက် ပျောက်နေတာ / ပန်းတိုင် မရှိတာ စတာတွေကို တွေ့ရတိုင်း
ကိုယ်ချင်းစာ စိတ်မကောင်း / အားမလို အားမရ ဖြစ်ရပါတယ် ။
ဒါကြောင့်လည်း သူတို့ အိပ်မက်တွေကို  ပြန်ရှာတွေ့နိုင်ဖို့
ကျွန်တော် တတ်နိုင်သလောက် လေး လုပ်ပေးချင်တာကြောင့်
ကျွန်တော့် မဂ္ဂဇင်း ကို " မြန်မာ့ အိပ်မက် " လို့ နာမည်ပေးပြီး ထုတ်ဝေဖို့
အခက်အခဲတွေ အများကြီး ကြားက စီစဉ် ဖြစ်ရတာ ပါ ။
ဒါလည်း ကျွန်တော့် အိပ်မက် တစ်ခု ပဲပေါ့ဗျာ ။

လူငယ် တွေ အနေနဲ့ ကိုယ့်ကိုယ်ကို သိဖို့ အလွန် အရေးကြီးလှပါတယ် ။ )

၅။ မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်စွမ်း

( စိတ်ဓာတ် မြှင့်တင် ရေး - Motivation - လုပ်တာ အဓိက ၂ မျိုး ရှိပါတယ် ။
အပြင် ( သူများ ) က မြှင့်တင်ပေးတာနဲ့
မိမိ ကိုယ်ကို မိမိ  မြှင့်တင်ပေးတာ ပါ ။
အပြင်က ( စာအုပ်တွေ / ဟောပြောပွဲတွေ / လူတွေက ) မြှင့်တင်ပေးတာ ဟာ
ရေရှည် မခံတတ်ပါဘူး ။
ဒါကြောင့်  မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်အောင် စနစ်တကျ
လေ့လာ လေ့ကျင့်ထားသင့်ပါတယ် ။
ကျွန်တော့် အတွက်တော့ ဒီ အရည်အချင်းဟာ
အသက်ကယ်ဆေး ( ဒါမှမဟုတ် ) " ဘဝ ကယ်ဆေး " တောင် ဖြစ်ခဲ့ပါတယ် ။ )

ကျွန်တော် ပြန်ပြီး စုစည်းပေးပါ့မယ် ။
၁။ ထိထိ ရောက်ရောက် တွေးခေါ် နိုင်မှု စွမ်းအား ကို လေ့လာ လေ့ကျင့်ခြင်း
၂။ ပေါင်းသင်း ဆက်ဆံရေး စွမ်းအားကို မြှင့်တင်ခြင်း
၃။ ထိထိရောက်ရောက် ပြောဆို ဆက်ဆံနိုင်စွမ်း / တင်ဆက်ပြသနိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း
၎။ မိမိကိုယ်ကို သိရှိ ဆင်ခြင်နိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း
၅။ မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်စွမ်း

ဒီ အချက်တွေ အပြင် ကိုယ် ရည် ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ ဆိုင်ရာ
လေ့လာစရာတွေအများကြီးရှိနေသေးပေမယ့်
ဒီ အချက် ၅ ချက်ကို ဦးစားပေး လေ့လာ လေ့ကျင့်သင့်တယ်လို့ ယုံကြည်လို့
အရင်ဆုံး ရေး ပေးလိုက် တာပါ ။

ဒါတွေ အားလုံး ရဲ့ အပေါ်မှာ အဓိက အရေးကြီးတာ တစ်ခု ရှိနေပါသေးတယ် ။
ဒါကတော့
" မရှိတာထက် မသိတာခက်
မသိတာ ထက် သိအောင် မလုပ်တာခက်
သိပြီးလည်း ထ မလုပ်တာ ခက် " လို့ပဲ ရှေးစကားကိုနည်းနည်း ပြင်လိုက်ချင်ပါတယ် ။

အသိပညာ ဗဟုသုတကို တကယ် လိုက်နာလက်တွေ့မလုပ်ဘဲ
အပျင်းပြေ လေ့လာနေသူတွေထဲမှာ ကိုယ် မပါ ဖို့ အရေးကြီးလှပါတယ် ။
သိကြားမင်း ဆင်းကယ်လည်း မရတဲ့ လူမျိုး ဆိုတာ အဲဒါမျိုးတွေပါ ။
ဒါကြောင့် လုပ်စရာရှိတာ လုပ်သင့်တာကို
" တကယ် လက်တွေ့ လုပ်ဖြစ်အောင်ထလုပ် ပါ " လို့ တိုက်တွန်းချင်ပါတယ် ဗျာ ။

ဒီ စာစုဟာ စာဖတ်သူ တွေ အတွက်
တစ်စုံတစ်ရာတော့ အကျိုးရှိတန်ကောင်းပါရဲ့လို့
မျှော်လင့်မိပါတယ် ဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ ( Myanmar Dream )

ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ

 " ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ  "
-------------------------------------------------------------------------------------

ကျွန်တော့် ဆီကို လူငယ် တစ်ယောက် စာ ပို့ လာတယ် ။
" ပန်းတိုင် ပျောက်နေလို့ ကူညီ ပါ ဆရာ ရယ် " တဲ့ ။

ကျွန်တော် စာ ပြန်လိုက်ပါတယ် ။
" ကျွန်တော့် ဆီကို ကျွန်တော် အားတဲ့ အချိန် လှမ်းမေးပြီး
ဖုန်းဆက်ပြီး ဖြစ်စေ /လူကိုယ်တိုင် ဖြစ်စေ
လာပြီး သေချာ တိုင်ပင် လို့ ရပါတယ် " လို့ ပေါ့  ။

အခု အချိန် အထိ ဒီလူငယ် လေးဘက်က ဘာမှ အကြောင်း ပြန် မလာသေးပါဘူး ။
ကိုယ့်ကို ကူညီ ပါမယ် ဆိုတာတောင်
ဒီ လူငယ် လေး အနေနဲ့ ဘာတွေများ တွန့်ဆုတ်နေရတာလဲ ?
ဘာတွေ မဝံ့မရဲ ဖြစ်နေရတာလဲ ?
ဒါမှ မဟုတ် အလေးအနက်မထားပဲ ဒီလိုပဲ ပေါ့ပေါ့လေး သဘောထားပြီး
ကျွန်တော့် ဆီ စာပို့ လိုက်တာများလား ?

ကျွန်တော် ကိုယ့် အလုပ်တွေ နဲ့ ကိုယ်တောင် တိုင်တွေ ပတ်နေတဲ့ကြားထဲက
မြန်မာ့ အိပ်မက် Online Magazine ကို ထလုပ်ချင်စိတ် ပေါ်လာတာ
အဲလို လူငယ်တွေ အတွေ့ရ များလာလွန်းလို့ပါ ။
ကျွန်တော်တို့ တုန်းကလည်း အဲလို ပညာယူနိုင်တဲ့ / တိုင်ပင်နိုင်တဲ့ အသိုင်းအဝိုင်းမျိုး မရခဲ့ဘူးလေ ။
( စာကောင်းပေကောင်းတွေ သာ မဖတ်ဖြစ်ခဲ့ ရင်
ကျွန်တော်လည်း အခု အချိန် ထိ လမ်းပျောက်ဆဲ / အစွန်းရောက်ဆဲ /
လူ့ အဖွဲ့အစည်းကို စိတ်ပျက်ပြီး ဘေးထွက် ဘုပြောဆဲ ဖြစ်နေဦးမှာပါပဲ ။ )
သူတို့ ဖြစ်နေတဲ့ အနေအထားတွေကို
ကျွန်တော် ကိုယ်ချင်းစာပါတယ် ။

ဒါကြောင့် လူငယ်တွေ ပန်းတိုင် ပျောက်နေရတဲ့ အကြောင်းရင်း တွေ ကို
ကျွန်တော် သိသလောက် ပြောပြချင်ပါတယ် ။
တိုးတက် အောင်မြင်ချင်တဲ့ လူငယ် တစ်ယောက် အတွက် အရေးအကြီးဆုံးက
" ကိုယ့်ကို ကိုယ် သိဖို့ ပါ "
ကိုယ် ဖြစ်နေတာ နဲ့ တိုက်ဆိုင်လို့ ကိုယ့်အကြောင်းကိုယ် သေချာသိသွားရင်
အကောင်းဆုံး ပြင်ဆင်ဖို့ လမ်းစ ရှာနိုင်တာပေါ့ဗျာ ။

:)

ပန်းတိုင် / ရည်မှန်းချက် ပျောက်ရခြင်း အကြောင်းရင်း ၄ ခု
-----------------------------------------------------------------------
၁။ သူတို့ ကိုယ်တိုင်က ပန်းတိုင် ဆိုတာ ကို အရေးကြီးတယ် လို့
တကယ် မခံယူထားသေးလို့ပါ ။
တစ်ခါတလေ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ
ဒီလို ပန်းတိုင် ချမှတ်ပြီး လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တွေ
သိပ် မတွေ့ရတဲ့ အခါ ကျွန်တော်တို့ ကိုယ်တိုင် လည်း ဒါကို လုပ်သင့်တယ်လို့ တကယ် မယုံကြည်ပါဘူး ။
လာပြောတဲ့လူတွေကိုတောင် စိတ်ထဲ မှာ " အပိုတွေ လာလုပ်နေတယ် " လို့ တွေးမိတတ်ကြတာမျိုးပါ ။

ပန်းတိုင် ချမှတ် ခြင်း တဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို
အသေအချာ ဆွေးနွေးတာမျိုး ပတ်ဝန်းကျင်မှာ မတွေ့ဖူး မကြုံဖူးကြတော့
ဒီ နည်း စနစ်ရဲ့ အားသာချက် စစ်စစ် ကို
*** ခံစား သိ နဲ့ မသိဖူးကြပဲ စိတ်သိ လောက်နဲ့ တိမ်တိမ်လေး ပဲ သိနေကြတာမျိုး ***  ဖြစ်တတ်ပါတယ် ။

ကိုယ့် ပတ်ဝန်းကျင်မှာ ဒီလို လူတွေ ဘယ်လောက်တောင် များနေလဲ
တစ်ချက်လောက် ကြည့်လိုက် ရင် ပိုပြီး ရှင်းသွားမှာပါ ။


၂။ နောက် တစ်ချက်က ပန်းတိုင် ချမှတ် သင့်မှန်း / ရည်မှန်းချက် ရှိသင့်မှန်း သိပေမယ့် အဲဒါကို
ဘယ်ကနေ ဘယ်လို စလုပ် ရမလဲ ကို သေချာ မသိတာပါ ။
သိရင်တောင် အပေါ်ရံလောက် ဖြစ်တတ်ပြီး
တကယ် တိတိကျကျ သေသေချာချာ မလုပ်တတ်ဘဲ ဝေဝါးနေတာမျိုး ပါ ။
ပိုဆိုးတာက အဲလို ဝေဝါးနေလျက်နဲ့ ကိုယ့်ကိုယ်ကိုတော့ ပန်းတိုင် ရှိနေတယ် လို့ ယုံမှတ်ထားတာမျိုးပါ ။

ဥပမာ ပြောရရင် ဘုမသိ ဘမသိ နဲ့ အိမ်က တိုက်တွန်းလို့
ဒီကျောင်း / ဒီ သင်တန်း တက်လိုက်ရတယ် ။
ဒီကျောင်း / ဒီ သင်တန်း ကို အောင်ဖို့က ကိုယ့် ပန်းတိုင် ဖြစ်လာတယ် ။
ဒါပေမယ့် ဒါပြီးရင် ဘာလုပ်ရမှန်း သေချာ ကို မသိတာ ။
( သူတို့ကို တိုက်တွန်းတဲ့လူတွေတောင် တစ်ခါ တလေ သေချာမသိဘဲ
အများယောင်လို့ လိုက် ယောင်ကြတာ များနေတယ် လေ )

ဒီတော့ တစ်ချို့တွေ လမ်းခုလတ် မှာ ရပ်သွားကြတယ် ။
တစ်ချို့လည်း အိမ်က တိုက်တွန်းတာကို ပြီးဆုံးအောင်လုပ်လိုက်ပေမယ့်
မပျော်တော့ လုပ်ငန်းခွင် ရောက်တဲ့အခါ နဲ့
ဘဝ တစ်လျှောက်လုံး မှာ
*** အလုပ်ကို ဝဋ်ကြွေး ကြီး တစ်ခုလို ခံစားပြီး ***  လုပ်သွားကြရတယ် ။
စေ့စေ့ တွေးကြည့်ရင် အရမ်း ရင်နာဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေပါ ။

၃။ ဆုံးရှုံး ရမှာ / ကျရှုံး မှာ ကို ကြောက် လို့ လည်း ပန်းတိုင် ပျောက်တတ်တယ် ။
၎။ ငြင်း ပယ် ခံရမှာ / အပယ် ခံ ဖြစ်ရမှာ ကို ကြောက် လို့ လည်း ပန်းတိုင် ပျောက်တတ်တယ် ။

ဒီ ၂ ချက်ကို ပေါင်းပြီး ရှင်းပေးသွားပါမယ် ။
အပေါ်က ပြောခဲ့တဲ့ သူများ တိုက်တွန်းတာကို မလွန်ဆန်နိုင်လို့ လုပ်ခဲ့ရသူတွေထဲက
တစ်ချို့ လက် တစ်စုပ်စာ လူတွေလောက်ပဲ အချိန် တစ်ခု ကြာလာတဲ့ အခါ
ကိုယ့်ရဲ့ ပန်းတိုင် အစစ် ကို ပြန် ရှာတွေ့လာကြတယ် ။
( ကိုယ် တကယ် အသွေးအသားထဲက / နှလုံးသားထဲက ဖြစ်ချင်တာကို သိလာကြတယ် ။ )

ဒါတောင် တစ်ချို့ အခြေအနေ မပေးလို့ / သတ္တိ မပြည့်သေးလို့ လက်ရှိ လုပ်နေတာကို
မစွန့်ရဲဘဲ ကိုယ် လုပ်ချင်တာကို မလုပ်လိုက်ရတဲ့ ဝဋ်ကြီးကို ဆက်ခံနေရတာ မျိုး ရှိတတ်သေးတယ် ။
ဆုံးရှုံး ရမှာ / ကျရှုံး မှာ ကို ကြောက် တာပေါ့ ။
သူတို့တိုက်တွန်းတာကို မလုပ်လို့ သူတို့ ပတ်ဝန်းကျင်က သူတို့ကို ပယ် လိုက်မှာကို ကြောက်တာပေါ့ ။
မရောက်ဖူး / မလုပ်ဖူးတဲ့ ပတ်ဝန်းကျင် သစ် တစ်ခု က လူတွေက
သူတို့ကို ဝိုင်းပြီး တိုက်ခိုက်ကြမှာ /
ငြင်း ပယ် ကြမှာ ကို ကြောက်ကြတယ် ။

တစ်ချို့ သွေးကောင်းလို့ / အခြေအနေပေးလို့
ပန်းတိုင်ကို ရော လမ်းကြောင်းကိုပါ ပြောင်းလိုက်နိုင်ကြတယ် ။
ဒါပေမယ့် သူတို့မှာ ရှေ့ပိုင်းက အချိန်တွေ / စိတ်ဓာတ်ခွန်အားတွေ အများကြီး နစ်နာသွားရတယ်လေ ။
ဘယ်တော့မှ မလုပ်တာထက် စာရင် နောက်ကျတာကမှ တော်သေးတယ် ဆိုတဲ့ စိတ်မျိုး မွေးပြီး
လုပ်ကြရတာမျိုး ပါ ။

စကားစပ်မိလို့ ပြောရရင် ကျွန်တော် ကိုယ်တိုင် ဒီလိုမျိုး  ဖြစ်ခဲ့တာပါ ။
ကျွန်တော် ကိုယ်တိုင် ( မိသားစုရဲ့ လိုအပ်ချက် အရ ) ဆုံးဖြတ်ပြီး
ရေကြောင်း တက္ကသိုလ် ( Myanmar Maritime University ) တက် ခဲ့ ရတယ် ။
ကျောင်းမှာ ၄ နှစ် စာသင်ရတယ် ။
ပြီးတော့ မှ သင်္ဘော ၁ နှစ် ကျော် လောက် လိုက်ရတယ် ။
စောင့်ရတာတွေ ထည့်ပေါင်းလိုက်တော့ ရေကြောင်း လုပ်ငန်းအတွက်
အချိန် ၆ နှစ် ခွဲလောက် တောင် ပေးလိုက်ရတယ် ။

ဒါပေမယ့် ဒီအလုပ်ဟာ ကိုယ်နဲ့ မကိုက်ဘူး ။
အခု အချိန်မှ မထွက် ရင် တစ်ဘဝ လုံး နစ်တော့မယ် ဆိုတာကို တွေးပြီး
သတ္တိမွေးပြီး သင်္ဘော အရာရှိ ဖြစ်မယ့် စာမေးပွဲတောင်ဝင်မဖြေတော့ဘဲ
လမ်းကြောင်း အတင်း ပြောင်းခဲ့တယ် ။
အိမ်နဲ့ အတန်အသင့် အတိုက်အခံတွေ လုပ်ခဲ့ရတယ် ။
အိမ်ပေါ်က ဆင်းသွားပေးဖို့လဲ အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး
ကျွန်တော့် မိသားစုကို အချိန် တစ်ခုပေးဖို့ ညှိနှိုင်းခဲ့ရတယ် ။

သူတို့ကတော့ ရိုးရိုးပဲ တွေးတာလေ ။
သင်္ဘော လိုက်တာ ပိုက်ဆံ လွယ်လွယ်ရတယ်ပေါ့ ။
ဒါပေမယ့် ကျွန်တော်နေချင်တဲ့ ဘဝ လူနေမှု စံ တွေနဲ့ ဒီအလုပ်နဲ့ မှ မကိုက်တာ ။
ကျွန်တော် အတော်လေး အတိုက်အခံ လုပ်ခဲ့ရတယ် ။

အခု အဲလို လမ်းကြောင်းပြောင်းခဲ့တာ ၃ နှစ်ကျော် ၄ နှစ် လောက် ရောက်လာပြီ ။
ကျွန်တော့် မှာ ကိုယ်ပိုင် ဘာသာစကားသင်တန်းကျောင်းလေး တစ်ခုနဲ့
သိန်း ၁၀ ဂဏာန်း ဝင်ငွေ လမ်းကြောင်းလေးတော့ ရထားနေပြီ ။
ကိုယ့် ရေကြောင်း သူငယ်ချင်းတွေလောက် ဝင်ငွေ မများပေမယ့်
ဘဝမှာ နေပျော်တယ် ။
***အလုပ် လုပ်နေရတယ်လို့ တောင် မခံစားရတဲ့
ကျွန်တော့် ဝါသနာ / စိတ်နေသဘောထားနဲ့ ကိုက်တဲ့
အလုပ်မျိုးကို ကျွန်တော် လုပ်ခွင့်ရနေပြီ ။

ကျွန်တော် ကံကောင်းတယ်လို့ပဲ အလွယ် သတ်မှတ်ချင်လည်း သတ်မှတ်နိုင်ပါတယ်ဗျာ ။
ဒါပေမယ့် ကျွန်တော် ဒီလို ကံကောင်းဖို့ အများကြီး လုပ်ခဲ့ရပါတယ် ။
ခေါင်းမာခဲ့ရပါတယ် ။ စွန့် စရာ ရှိတာတွေ စွန့်ခဲ့ရပါတယ် ။

ဂိမ်းတွေ ဖြတ်ခဲ့တယ် ။
ငါးနှစ်လောက် လိုက်စားခဲ့တဲ့ ဂီတအနုပညာ ကို လုံးဝ လှည့်မကြည့်ဖြစ်အောင်
စိတ်ပိုင်း ဆိုင်ရာ ကြီးကြီးမားမား ပြင်ဆင်ခဲ့ရတယ် ။
သိပ်ခင်တဲ့ သူငယ်ချင်းတွေကို ပျော်ရွှင်မှု အတွက် ပေါင်းချင်ပေမယ့်
ကိုယ့် ဘဝ တိုးတက်မှု အတွက် အထောက်အကူ မပေးနိုင်မှာမို့လို့
( အချိန် ကို ထိထိရောက်ရောက် အသုံးမချနိုင်မှာစိုးလို့ )
သူတို့ကို ခင်လျက်နဲ့ တတ်နိုင်သလောက် အဆက်အသွယ် မလုပ်ဖြစ်ဘဲ
ခပ် ဝေးဝေးမှာ ပဲ နေခဲ့ ရတယ် ။
စတာ စတာတွေ ပေါ့ဗျာ ။

ကျွန်တော်သာ ရေကြောင်းမှာ ဒီလောက် အချိန်တွေ မကုန်ခဲ့ရင်
ဒီအချိန်လောက်ဆို ဒီထက် ပိုမြင့်တဲ့ နေရာ တစ်ခုမှာ ရောက်နေနိုင်တယ်လို့ တွေးမိတာလည်း အခါခါ ပေါ့ဗျာ ။
လူငယ်တွေကိုဒါတွေ သိစေချင်တာပါပဲ ။

ဒီတော့ ဒီအချက်တွေ ထောက်ရှုပြီး ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့
လူငယ်တွေကို အကြံပေးချင်တာက

၁။ ပန်းတိုင် ချမှတ်တာကို အရေးအကြီးဆုံး အလုပ် တစ်ခု ဖြစ်တယ် လို့
ခိုင်ခိုင်မာမာ ယုံကြည်ထားပါ ။ ဦးစားပေးပါ ။

၂။ ပန်းတိုင် တစ်ခု / ပန်းတိုင် တွေကို ဘယ်လို စနစ်တကျ ချမှတ်ရမယ်ဆိုတာတွေကို
သေချာ လေ့လာပါ / မေးမြန်းပါ / သင်ယူပါ /
စာတွေ ဖတ်ပါ / ဟောပြောပွဲတွေ တက်ကြည့်ပါ ။

ကိုယ် ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်နှင့်ပြီးသူတွေ နဲ့ စကားပြောကြည့်နိုင်အောင် ကြိုးစားပါ ။
အဲလို လုပ်ဖို့မဖြစ်နိုင်သေးရင် သူတို့ရဲ့ အင်တာဗျူး တွေ / အတ္ထုပတ္တိ တွေ ရှာဖတ်ပါ ။

ကိုယ်နဲ့ ပန်းတိုင်တူတဲ့ လူတွေကို လိုက်ရှာပြီး စကားပြောကြည့်ပါ ။
တွဲလို့ ရရင် တွဲလုပ်ပါ ။

၃။ ပန်းတိုင် အသစ်တွေအတွက် ကိုယ့်မှာရှိတာ တစ်ချို့ အဆုံးရှုံးခံရမှာတွေ ရှိတယ် ။
ပန်းတိုင်ကို သွားရာလမ်းမှာလည်း ကျရှုံးမှုတွေ သေချာပေါက် ရှိနေဦးမယ် ။
စိတ်ဓာတ် ခိုင်မာ အောင် ပြင်ဆင်ထားပါ ။

၎။ ကိုယ့် ခံယူချက် တွေ ပန်းတိုင်တွေ နဲ့ မကိုက်ညီတဲ့ ပတ်ဝန်းကျင် က
ကိုယ့်ကို ငြင်းပယ်မှာကို  မကြောက်ပါနဲ့ ။
တကယ်ဆိုရင် ကိုယ်ကတောင် သူတို့ကို ငြင်းပယ်နိုင်အောင် ကြိုးစားရမှာပါ ။
ငြင်းပယ် လို့ မရတဲ့ လူတွေကို ဥပေက္ခာ ပြုနိုင်အောင် ကြိုးစားပါ ။

ကိုယ့် ပန်းတိုင် ကို မဖြစ်နိုင်ဘူးလို့ ( သေချာမလေ့လာ မစဉ်းစားပေးဘဲ ) ပြောမယ့်လူတွေ /
 လှောင် ရယ် ရယ် ချင်တဲ့လူတွေ နေရာတိုင်းမှာ ရှိနေတတ်တယ် ။
သူတို့ကို ရင်ဆိုင် ကျော်လွှားနိုင်မှ / ဥပေက္ခာ ပြုနိုင်မှ
 ကိုယ့် ပန်းတိုင်ကို ရောက်မယ် ဆိုတာ ရင်ထဲမှာ အမြဲ ထည့်ထားပါ ။

ဒီ စာကို ထပ်ခါထပ်ခါ ပြန်ဖတ်ပြီး အားမွေးပါ ။
လိုအပ်ရင် ကျွန်တော့် ကို လှမ်းပြီး ဆက်သွယ်မေးမြန်းပါ ။
ကျွန်တော်တတ်နိုင်တာတော့ ကျွန်တော် ကြိုးစားပေးမှာပါ ။

ကဲ ပြောနေ တွေးနေတာ ကြာပါတယ် ။
ဒီ ၄ ချက်ထဲက တစ်ခုခု ကို အခုပဲ စလုပ်ကြည့်နိုင်ဖို့ ကြိုးစားကြည့်လိုက်စမ်းပါဗျာ ။
ခင်ဗျားတို့ရဲ့ ပျောက်နေတယ်ဆိုတဲ့ ပန်းတိုင်ကြီး ဆီကို
ခင်ဗျားတို့ ကိုယ်တိုင် ဘွားခနဲ ရောက်သွားမှာ မလွဲစတမ်းပါဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Founder @ https://www.facebook.com/myanmardream )

" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေဗျာ "

.
.
.
===

ဆောင်းပါးများ ကို မိမိ ဖုန်းမှ မလွတ်တမ်း ဖတ်ရှုလိုပါက
အောက်ပါ လင့်မှ Apk ( Android application ဖိုင် ) ကို Download ရယူသုံးစွဲနိုင်ပါတယ် ခင်ဗျာ...

Apk file ( application ) က 3 Mb ပဲ ရှိပါတယ် ။
ဒေါင်းလုပ်ချလို့ အဆင်ပြေအောင် ဘာ ကြော်ငြာမှလည်း မခံထားပါဘူးဗျာ ။

:)
http://www.mediafire.com/download/xcrndpa7wg53kdl/Myanmar_Dream-_For_Success.apk
=====

ဒီမှာ လူငယ်

♦ ဒီမှာ လူငယ် ♦

ဒီမှာ လူငယ်
မင်းမွေးတာ ရွှာငယ် ၊ နေရပ်ဟာ ဇနပုဒ်မှာမို့
မျက်နှာငယ် သတဲ့လား ...
မင်းလို ဇနပုဒ်မှာ မွေးခဲ့တဲ့   ဦးသန့် ဆိုသူဟာတော့ဖြင့်
ကမ္ထာ့ ကုလသမဂ္ဂမှာ အတွင်းရေးမှူးအထိ ဖြစ်သွားဖူးသကွဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ဒီမှာ လူငယ်
မင်းကိုမွေးတာ ရုပ်ရည်မချော
လူတောမှာ မပေါ်လွင်လို့ စိတ်အားငယ်သတဲ့လား …
မသန်ပေမယ့် စွမ်း နေတဲ့ စုပုံချစ် ဆိုတဲ့ ညီမလေးက
မင်းအဖြစ်ကို ရယ်မကွဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ဒီမှာ လူငယ်
မင်းကိုမွေးတာ ခေတ်ပျက်
ယိုယွင်းတဲ့ နိုင်ငံရေး စနစ်ကြောင့်
မင်းတက်လမ်းဟာ နှောင့်နှေးသတဲ့လား …
ဒီ့ထက်ဆိုးတဲ့ ကျွန် ခေတ်မျိုးမှာ
အောင်ဆန်းဆိုတဲ့ လူငယ်တစ်ယောက်
အာရှတိုက် တစ်ခွင် (ကမ္ဘာ့ တစ်ခွင်)
မှတ်တမ်းဝင်ဖို့ အစွမ်းကုန် ထုတ်ပြခဲ့ဖူးသတဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ဒီမှာ လူငယ်
မင်းကိုမွေးတာ မြန်မာနိုင်ငံ …
နိုင်ငံတကာမှာ လူရာမသွင်းဘူးလို့
တလွဲဆံပင် စိတ်ထဲဝင်နေရော့သလား …
သူရို့ဆီမှာ စီးပွားတန့်ချိန်
အားနဲ့ မာန်နဲ့ ခြေကုန် ဆန့်လို့  … စီးပွားရှာခဲ့သူ
မြန်မာလူမျိုး  ဖီးလစ်မောင်ကိုတော့ဖြင့်
အိမ်ဖြူတော် ကတောင် ဖိတ်ကြား …
သင်ဘယ်လိုများ စီးပွားရှာပါသလဲ
စူးစမ်းရတယ်တဲ့ …
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ခေတ်ကို အပြစ်တင်
စနစ်ကို အပြစ်တင်
မင့်ဆွေ မင့်မျိုးကို အပြစ်တင်
မင့်မိဘနဲ့ ပတ်ဝန်းကျင်ကို
အပြစ်တင်မယ့် အစား …

လူငယ်တစ်ယောက်ရဲ့ အား ..
ယုံကြည်ချက်နဲ့ စွန့်လွှတ် စွန့်စားရဲမှု
မာန်တုလို့ ယှဉ်မယ့် “ဇွဲရယ် ၊ ခွန်အား”  စွဲမြဲမှုတို့နဲ့ အတူ …

“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

- ကိုဇင်ဇေ

===
မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး ) မဂ္ဂဇင်း - ပထမတွဲ -


လူငယ်များ အတွက်
> စိတ်ဓာတ်ခွန်အား ရရှိစေသော ကဗျာ ၊ ဆောင်းပါး ၊ စာစုများ
> အသက်မွေး ဝမ်းကြောင်း ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗဟုသုတများ
> စိတ်ဓာတ် ၊ အတွေးအခေါ် နှင့် ကိုယ်ရည်ကိုယ် သွေး တိုးတက်စေမည့် စာစုမျာ
> လူငယ် စွန့်ဦးတီထွင် / စီးပွားရေးသမားတို့ သိသင့် သိထိုက်သည့် သဘောတရားများ ပါဝင်သည့်
" မြန်မာ့ အိပ်မက် " မဂ္ဂဇင်းကို ၁၁.၂.၂၀၁၅ တွင် စတင် ဖြန့်ချီခဲ့ပြီ ဖြစ်ပါသည် ။

လူငယ် စာဖတ်သူများ / စာဖတ်လိုသူများ အတွင်း
ပိုမိုပြန့်နှံ့နိုင်စေရန် ရည်ရွယ်၍
♦ အခကြေးငွေ လုံးဝ ပေးစရာမလိုသော
" အခမဲ့ " အွန်လိုင်း မဂ္ဂဇင်း အနေဖြင့် ဖြန့်ချီထားပါသည် ။

စာဖတ်သူများ အနေဖြင့် ဖတ်ရှုလေ့လာပြီး
လိုအပ်သည်များကို အကြံပေး ဝေဖန်နိုင်ပါသည် ။

♦ နှစ်သက်ပါက ကျေနပ်အားရကြောင်း စာ/စကားဖြင့် အားပေး ကူညီနိုင်ပါသည် ။
မိမိမိတ်ဆွေများ / လူငယ်များကို လွတ်လပ်စွာ တဆင့် မျှဝေပေးနိုင်ပါသည် ။

♦ စာဖတ်သူများအတွက် လုံးဝ အခမဲ့ ဖြန့်ဝေထားသော်လည်း
စာမူရှင်များကို ထိုက်သင့်သော စာမူခများ ပူဇော်ရန် စီစဉ်ထားပြီး ဖြစ်ပါသည် ။

ဒီတော့ ကျွန်တော်တို့ ကို ဆက်လက် လုပ်ဆောင်ရန်
ခွန်အားပေးနိုင်သည်မှာ မိတ်ဆွေတို့၏ ချီးမြောက် စကားများပင် ဖြစ်ပါလိမ့်မည် ။

♦ လူငယ် များ အနေဖြင့်
မိမိဘဝ တိုးတက်အောင်မြင်ရေးအတွက် သိလိုသည်များကို
zinzae@gmail.com / 09 25000 5174 သို့ လိပ်မူ၍ မေးမြန်းနိုင်ပါသည် ။

" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ ဗျာ "

လေးစားလျှက်
ကိုဇင်ဇေ (ထုတ်ဝေသူ နှင့် အယ်ဒီတာ @ မြန်မာ့ အိပ်မက် )
www.facebook.com/MyanmarDream
www.MyanmarDreamer.com

=========

♦ Mobile Application မှ ဖတ်ရန်
" မြန်မာ့ အိပ်မက် မဂ္ဂဇင်းကို ဖုန်းမှ တဆင့် မပြတ် ဖတ်ရှုလိုပါက
အောက်ပါ Mobile Application ကို Download ရယူထားနိုင်ပါတယ် ခင်ဗျာ "
http://www.mediafire.com/download/xcrndpa7wg53kdl  <<<
( 3 Mb ပဲ ရှိပါတယ်ဗျာ )

♦ စာအုပ်ကိုဖတ်ရှုရန်  >>>

http://www.mediafire.com/view/pp6p8633vkm8xco/  <<< Online ပေါ်မှာ တိုက်ရိုက် ဖတ်ရန်

http://www.mediafire.com/download/pp6p8633vkm8xco/  <<< Pdf file - Download လုပ်ပြီး ဖတ်ရန်   ( 8 Mb ပဲ ရှိပါတယ် )

http://www.mediafire.com/download/pr133bg188fbmw7/<<< Epub file - Download လုပ်ပြီး ဖတ်ရန်   ( 5 Mb ပဲ ရှိပါတယ် )

========

" မြန်မာ့ အိပ်မက် " မာတိကာ
-----------------------------------

၁။ အောင်မြင်လိုသည့်စိတ်၊ အောင်မြင်နိုင်ဖွယ် ပတ်ဝန်းကျင် - ဒေါက်တာရူပ

၂။ ပေတစ်ရာ နှင်းဆီ - သက္က မိုးညို

၃။ ဘဝ ရထားအို - မြေမာန်မိုး

၎။ ဘဝ ပန်းတိုင် ချမှတ်ခြင်း နှင့် ဆွတ်ခူး ရယူခြင်း - ဥာဏ်လင်း

၅။ EQ အကြောင်း  - ဒေါက်တာအောင်မျိုး

၆။ ဖတ်ချင်စရာ စာအုပ် ကမ္ဘာ - ဥာဏ်လင်း

၇။ ကာတွန်းများ - မင်းထိုက် / ATH

၈။ ဘာကြောင့် အရှုံးပေးရမှာလည်း - ယိမ်း

၉။ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသခြင်း - ဥာဏ်လင်း

၁၀။ တစ်ကိုယ်တော်လွမ်းချင်း  - ဥာဏ်လင်း

၁၁။ Ted Talk ဟောပြောပွဲ အညွှန်း - ရန်နိုင်

၁၂။ Web designer ဖြစ်လိုသော် - မေဦး

၁၃။ VR headset Google Cardboard နဲ့မြင်ကွင်းအတုများကို အသက်သွင်းခြင်း - ဇွဲသူရ

၁၄။  လူနှင့် တူသော ဆရာဝန် - သက္က မိုးညို

၁၅ ။ စွန့်ဦးတီထွင် အမျိုးသမီး လုပ်ငန်းရှင် ဒေါ် ခင်ဆွေဝင်းကို နှင့် တွေ့ဆုံခြင်း - ကိုဇင်ဇေ

၁၆။ Google ၏ စိတ်ဝင်စားဖွယ်အသုံးဝင်မှုများ - ဟိန်းနိုင်ဇော်

၁၇။ Web Developer ဖြစ်ချင်ရင် ဘယ်ကစလေ့လာရမလဲ - သန့်စင်

၁၈။ အားကိုးရာ - လှိုင်ပြည့်

၁၉။ ကန့်သတ်ချက် - လှိုင်ပြည့်

၂၀။ ဖန်တရာထေ သုတေသနများမှ လက်တွေ့အသုံးချ သုတေသနများထံသို့  မျှော်ကြည့်ခြင်း - ဖိုးစမ်းချောင်း(GG)

၂၁။ လေးထောင့်ဘီးကြီးနဲ့လား - မင်းခေါင် ( EMPA – 8 )

၂၂။ ကိုယ် ရည် ကိုယ်သွေး တိုးတက်ချင်ရင် ဘာတွေ လေ့လာ ရမလဲ ? - ကိုဇင်ဇေ

၂၃။ ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ   - ကိုဇင်ဇေ

၂၄။ ဒီမှာ လူငယ် - ကိုဇင်ဇေ

VR headset Google Cardboard နဲ့မြင်ကွင်းအတုများကို အသက်သွင်းခြင်း



VR headset Google Cardboard နဲ့မြင်ကွင်းအတုများကို အသက်သွင်းခြင်း
အခုလတ်တစ်လော လူငယ်တွေအကြားမှာ ရေပန်းစားနေတာလေးတစ်ခုရှိပါတယ် ၊ ဘာလဲဆိုရင်တော့ Googleရဲ့ Cardboardဆိုတာလေးပါပဲ ။ Google ရဲ့ Cardboard ကဘာလဲ ၊ဘယ်လိုအလုပ်လုပ်ပါသလဲဆိုရင်တော့ VR (Virtual Realiy) ကနေပြန်ပြောရမှာပါ ။
VR (Virtual Reality) ဆိုတာကိုဘာသာပြန်ရမယ်ဆိုရင် အတုအစစ် , အစစ်အတု , မတုမစစ် ??? အတိအကျဘာသာပြန်ဖို့ခက်ခဲပါတယ်။ တကယ်တော့ VR ဆိုတာ မျက်စိရှေ့မှာ တကယ့်သဏ္ဍာန်အလားမြင်ရမယ့် မြင်ကွင်းအတုတွေကို ဖော်ပြပေးမယ့် ပုံရိပ်ယောင်တွေပဲ ဖြစ်ပါတယ်။
VR (Virtual Reality) ဟာနယ်ပယ်ပေါင်းများစွာမှာ အသုံးဝင်တဲ့အရာပါပဲ ၊ ပုံရိပ်ယောင်မြင်ကွင်းတွေနဲ့ အာကာသစခန်းလေ့ကျင့်ရေးဆင်းတာမျိုး ၊ အဆင်မြင့်ကားတစ်စီးဝယ်ဖို့အတွက် ကားကိုလူကိုယ်တိုင်ဝင်စီးနေစရာမလိုပဲ ပုံရိပ်ယောင်တွေထဲကပဲ စမ်းသပ်ဝယ်ယူရတာတွေ ၊ ပညာရေးနယ်ပယ်တွေမှာ အသုံးချတာ ၊ စစ်ရေးစစ်ရာနယ်ပယ်တွေမှာ စသဖြင့် အမျိုးမျိုး VR စနစ်တွေ ၊ ပစ္စည်းတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ အသုံးပြုနေကြပါပြီ ။
စစ်ပွဲဖြစ်ပွားနေတဲ့ VR ဗီဒီယိုကိုဖန်တီးပြီးကြည့်ရှုစေတဲ့အခါ စစ်ပွဲကြားမှာ ကိုယ်တိုင်ရောက်နေသလိုမျိုးခံစားစေတဲ့အတွက်စစ်မက်ဖြစ်ပွားမှာကို မလိုလားတဲ့စိတ်တွေ တိုးပွားလာတာ ၊ ဒုက္ခသည်စခန်းတွေ ရဲ့ VR ဗီဒီယိုတွေကိုကြည့်ရှုစေတဲ့အခါ စာနာသနားစိတ်တွေ ကူညီလိုစိတ်တွေတိုးပွားစေတာ ၊ စတဲ့နည်းလမ်းများစွာနဲ့ VR ဟာလူတွေကို အကျိုးပြုနိုင်ပါတယ် ။ဖျော်ဖြေရေးအတွက်သာမကပဲ နယ်ပယ်မျိုးစုံမှာ အသုံးချတတ်ရင် ချတတ်သလို ထိရောက်စေမယ့် နည်းပညာလို့ပြောရင်လည်း မမှားပါဘူး ။
VR Application တွေ ၊ဂိမ်းတွေ စနစ်တွေ ကနေဖန်တီးယူမယ့်ပုံရိပ်ယောင်တွေကို မြင်ရဖို့အတွက်တော့ ကြားခံပစ္စည်းလေး (Headset) တွေလိုအပ်ပါလိမ့်မယ် ၊ Google ရဲ့နာမည်ကြီး Google Glass , Oculus , Sony ရဲ့ Morpheus ,Samsung ရဲ့Note4အတွက် Gear VR စတာတွေဟာ VR တွေကိုကြည့်ရှု့လို့ရနိုင်မယ့် VR Headset , Gadgets တွေပဲဖြစ်ပါတယ် ။
အခု Google Cardboard ဆိုတာဟာလည်း VR Headset တစ်မျိုးပဲဖြစ်ပါတယ် ၊ မိမိရဲ့စမတ်ဖုန်းကိုအသုံးပြုပြီး VR Apps များကိုထည့်သွင်းကာ ဖုန်းကိုCardboard မှတစ်ဆင့် 3D မြင်ကွင်းများ ၊ ပုံရိပ်ယောင်များ ၊ Games များကိုပါဆော့ကစားနိုင်မှာဖြစ်ပါတယ် ။
Google Cardboard ရဲ့ အခြား VR Headset တွေနဲ့ကွာတဲ့အချက်ကတော့ ဈေးနှုန်းသက်သာတာပါ ၊ ဈေးနှုန်းသက်သာသွားတဲ့အလျောက်အရည်အသွေးအနည်းငယ်ကျသွားတာမျိုးရှိပေမယ့် Google Cardboard ဟာ VR တွေကိုကောင်းကောင်းကြီးခံစားလို့ရနိုင်တဲ့ အဆင့်မှာရှိပါတယ် ။
Google ဟာသူတို့ရဲ့ Cardboard ကို 2014 ခုနှစ်အစောပိုင်းကတည်းကကြော်ငြာခဲ့တာဖြစ်ပြီး အခုအချိန်ကျမှသာ မြန်မာပြည်မှာ ရေပန်းစားသလိုဖြစ်လာခဲ့တာပါ ။ Facebook ပေါ်မှာ Google cardboard ရေပန်းစားပြီးမကြာခင်မှာပဲ
အခါအခွင့်သင့်တယ်လို့ ပြောရလောက်တဲ့ နှစ်စဉ်ကျင်းပမြဲ နည်းပညာနှီးနှောဖလှယ်ပွဲကြီးဖြစ်တဲ့ Barcamp Yangon 2015 ကျင်းပခဲ့ပါတယ် ။ barcamp yangon 2015 ရဲ့ ဒုတိယမြောက်နေ့မှာပဲ Google Cardboard အကြောင်းကို ပြန်လည်ဝေမျှလိုသူ လူငယ် Speaker များက camp လေးတစ်ခုပြုလုပ်သွားခဲ့ကြပါတယ် ။တိုက်တိုက်ဆိုင်ဆိုင်ပဲ Google Cardboard Topic အနေနဲ့ Speaker အဖွဲ့နှစ်ဖွဲ့က နှစ်ချိန်ဆက် ဝေမျှပြောကြားသွားခဲ့ပြီး စိတ်ဝင်စားသူ အများအပြားရှိခဲ့ပါတယ် ။
Google Cardboard ကိုပြုလုပ်ဖို့အတွက်တော့ ကတ်ထ္ထူစက္ကူကိုအသုံးပြုပြီး မှန်ဘီလူး ၊ သံလိုက် တို့နဲ့ cardboard လေးတစ်ခုပြုလုပ်ရမှာဖြစ်ပြီး ၊ VR App တစ်ခုကိုဖုန်းထဲမှာဖွင့်ကာ ဖုန်းကို မိမိပြုလုပ်ထားတဲ့ Cardboard ထဲထည့်သွင်းပြီး မှန်ဘီလူးမှတစ်ဆင့် VR 3D မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ် ။ Handmade Google Cardboard လေးကိုပြုလုပ်မယ်ဆိုရင်တော့ ဈေးနှုန်းသက်သာစွာနဲ့ ကျပ်ငွေထောင်ဂဏန်းလောက်နဲ့ လုပ်ယူနိုင်မှာဖြစ်ပြီး ၊ Ready made များကို Online shopping များမှရောင်းချပေးနေတာမှာလည်း ဈေးနှုန်းသက်သာစွာ ရရှိနိုင်တာကိုတွေ့ရပါတယ်
Google Cardboard နဲ့ ရိုလာကိုစတာကိုယ်တိုင်စီးရသလိုမျိုးခံစားရမှာဖြစ်တဲ့ Appတွေကိုကြည့်ရှုဆော့ကစားနိုင်မှာဖြစ်သလို ဒိုင်နိုဆောတို့ကမ္ဘာထဲမှာလည်း ကိုယ်တိုင်ရောက်ရှိသွားရသလို ခံစားရမှာဖြစ်ပါတယ် ၊ ထိတ်လန့်စရာကိုမှ ကြိုက်တယ်ဆိုသူတွေအတွက်လည်း Horror Adventure လိုမျိုး Game တွေကို မိမိကိုယ်တိုင်သွားနေသလိုခံစားပြီး ဆော့ကစားနိုင်မှာဖြစ်လို့ တချို့ဆိုကြောက်စရာကောင်းလို့ မဆော့ရဲပါဘူးတဲ့ ။ ကိုယ်ကိုတိုင် ကားတစ်စီးထဲမှာ ဝင်ထိုင်ပြီးမောင်းရသလိုမျိုးတွေလည်း ခံစားကြည့်ရှုနိုင်ပါသေးတယ် ၊ ဒါ့အပြင် ကမ္ဘာအနှံ့ခရီးသွားချင်သူတွေအတွက်လည်း Virtual Travel လုပ်လို့ရတာမျိုးတွေလည်း ရှိပါသေးတယ်။ လန်ဒန်မြို့ထဲမှာ လျှောက်သွားကြည့်ရတာမျိုး မရောက်ဖူးတဲ့နေရာတွေကို သွားရသလိုမျိုး စိတ်ဝင်စားစရာတွေ အများကြီးအများကြီး ကျန်ရှိနေပါသေးတယ် ။
အခုဆို လူတော်တော်များများကြားမှာ ပျံ့နှံ့နေ ပြီးဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ Virtual Reality Technology Environment ဟာအနေအထားတစ်ခုလောက်အထိ တိုးတက်လာမှာ သေချာပါတယ် ။
အခြားအခြားသော VR Headsets , Gadgets တွေနဲ့ယှဉ်လိုက်ရင် ဈေးသက်သာနေတဲ့ Google Cardboard ဟာ ကိုယ့်ဘာသာစမ်းသပ်ပြုလုပ်လိုသူတွေအတွက်လည်း ပြုလုပ်ရလွယ်ကူပါတယ် ။ဒါ့အပြင် Google က သူတို့ရဲ့ Cardboard ကိုကိုယ်တိုင်လုပ်ချင်သူတွေအတွက် DIY (Do it yourself) Printout Design များကိုလည်း လွတ်လွတ်လပ်လပ် Download ချခွင့်ပြုထားပါသေးတယ် ။ Barcamp ရဲ့ Google cardboard camp လေးမှာလည်း speaker များမှ Google Cardboard ပြုလုပ်ပုံကို ပုံကြမ်းနှင့်တကွ ဝေမျှပေးခဲ့ပြီး Google cardboard နဲ့တွဲအသုံးပြုရမယ့် VR Application များကိုပါ ဝေမျှသွားခဲ့ပါတယ် ။
အခုအချိန်မှာတော့ Facebook ပေါ်မှာ Google Cardboard ဟာတော်တော်လေးရေပန်းစားနေပြီး လူငယ်တွေအကြားမှာ စမ်းသပ်ပြုလုပ်လိုစိတ်တွေ များပြားနေတာကို facebook အသုံးပြုသူတိုင်းသတိထားမိမှာပါ ။
ဒါ့ကြောင့်လည်း Barcamp ပွဲတုန်းက Google Cardboard Topic Speakers များက Myanmar VR Community ဆိုပြီး Facebook Group လေးတစ်ခုတည်ထောင်ထားပါတယ် ။ ၄င်း Group မှာ Cardboard လုပ်ပုံလုပ်နည်းများ ၊ Application များ ၊ VR ဗဟုသုတများကို ဝေမျှပေးနေပြီး နောက်ပိုင်းမှာတော့ VirtualRealityနဲ့ပတ်သက်ပြီးအားနည်းနေသေးအသုံးပြုမှုနည်းနေသေးတဲ့ မြန်မာပြည်အတွက် အထောက်အကူဖြစ်စေမယ့်workshop တွေ ၊ ပွဲလေးတွေလုပ်သွားဖို့ အထိရည်ရွယ်ထားပါသေးတယ်
ဒါ့အပြင် လာမယ့်လပိုင်းအတွင်းမှား VR နဲ့ပတ်သက်တဲ့ Workshop တစ်ခုလုပ်သွားဖို့ရှိတဲ့အတွက် cardboard တင်မကပဲ Virtual Reality ကိုပါ စိတ်ပါဝင်စားသူများအနေနဲ့ Myanmar VR Community ကို မျက်ခြေမပြတ်ဖို့တော့လိုပါလိမ့်မယ်။ MyanmarVR Commuity ရဲ့ facebook Link  ကတော့ www.facebook.com/groups/myanmar.vr ပဲဖြစ်ပါတယ်
MMVR Community Group ကို Facebook ပေါ်မှာ တည်ထောင်ပြီး ငါးရက်မြောက်အတွင်းမှာတင် Member ပေါင်း ၁ထောင်ကျော်အထိရှိသွားခဲ့တာကို ကြည့်မယ်ဆိုရင်တော့ မြန်မာလူငယ်တွေရဲ့ VR နဲ့ Cardboard အပေါ်စိတ်ဝင်စားမှုကတော့ တရှိန်ထိုးမြင့်တက်နေတယ်လို့ ပြောရမှာပါ ။
MMVR Community အနေနဲ့ ပညာဒါနအဖြစ် မဖွံ့ဖြိုးသေးသော ကျေးရွာများ နယ်ဘက်မှကျောင်းများကို သွားရောက်ပြီးကလေးငယ်များအတွက် အသိပညာနဲ့ဗဟုသုတများကိုလည်း ဝေမျှသွားဖို့ရှိတဲ့အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးခြင်းတစ်ခု ဖြစ်လာတယ်လို့ပဲဆိုရမှာပါ
Facebook အသုံးပြုသူတင်သာမကပဲ Virtual Reality နည်းပညာနဲ့ Google Cardboard ကိုစိတ်ပါဝင်စားကြတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ၁၅ရက်နေ့ မနက်၉နာရီကနေနေ့လည်၁၂နာရီအထိ ရန်ကုန်မြို့လယ်ရှိ  Sule Tech (အမှတ်၅၆၁၊၅၆၇ MAC Tower ၊ ကုန်သည်လမ်း)တွင် Myanamr VR Community 1st Meet up ပွဲလေးလုပ်သွားမှာဖြစ်ပြီး အဲ့ဒီပွဲမှာတက်ရောက်လာသူများအချင်းချင်း ဆွေးနွေးဖလှယ်ကာ Handmade Cardboard များပြုလုပ်ခြင်း ၊ ဆော့ဝဲလ်များဝေမျှခြင်းနှင့် အခြား VR နှင့်ပတ်သက်သော ဗဟုသုတများ ပြောပြသွားကြမှာဖြစ်လို့ တက်ရောက်လိုသူများအနေဖြင့် MMVR Community ရဲ့ Facebook Link www.facebook.com/groups/myanmar.vr မှာ Register များပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ။
-       ဇွဲသူရ

ဇွဲသူရ . . .
iHome Onlineshoppping မှာ Social Media Admin အဖြစ် တာဝန်ယူပြီး လိုအပ်သော သတင်းအချက်အလက်မျှဝေခြင်းများကို လုပ်ဆောင်ပေးနေသူ ။
Where's my orange Facebook Page မှာ သတင်းဆောင်းပါးများ /  ထူးခြား ဆန်းကျယ် မှုလေးများကို ရှာဖွေ ရေးသား တင်ဆက် ပေးနေသူ ။
Myanmar VR Community ( Facebook Group ) ရဲ့ Admin တစ်ဦး
ဖန်တီး တီထွင်မှု ကို နှစ်သက်သော / ဒီဇိုင်း များကို မြတ်နိုးသော /နည်းပညာ အသစ်အဆန်း / အသုံးအဆောင်များကို စိတ်ပါ ဝင်စားစွာ လေ့လာလေ့ ရှိသူ ။



ဘာကြောင့် အရှုံးပေးရမှာလည်း။




ဘာကြောင့် အရှုံးပေးရမှာလည်း။
အကယ်လို့များ….. ဒါတွေကို သင်ခံစားရတယ်ဆိုရင်…
-      လူတွေက သင့်အပေါ်အနိုင်ကျင့်တာ ခံရတယ်။
-      သင်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကဖျက်ယဖျက် လုပ်ခံရတယ်။
-      အပြောင်းအလဲလုပ်ဖို့ ကောင်းခြင်းတွေကို တားဆီးပိတ်ပင် ခံရတယ်။
-      အရှုံးတွေ၊ ဝေဖန်တာတွေပဲ ပြောပြီး သင့်ဘဝကို စိတ်ပျက်စေတယ်။

TED Talk Review - How great leaders inspire action



TED Talk Review
TED ဆိုတာ Technology , Education and Design အကြောင်းတွေ ပြောတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း တခုပါ။ အဖွဲ့အစည်းဟာ ၁၉၈၄မှာ စတင်ခဲ့ပြီး ယခုအချိန်မှာတော့ ပညာရပ်အားလုံးနည်းပါးကို ဆွေးနွေးတင်ပြကြတဲ့အဆင့်ထိ တိုးတက်လာခဲ့ပါတယ်။
TED မှာ ဆွေးနွေးခဲ့တဲ့ ဟောပြောသူတွေထဲမှာမှ ကျနော် အကြိုက်နှစ်သက်ဆုံး တယောက်က Simon Sinek ။ Simon Sinek ဆိုတာ Euro/RSCG MCI Ogilvy & Mather Oppenheimer Funds NASDAQ DISH Network စသည့်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့ပြီး၂၀၀၂မှာ Sinek Partners ကိုစတင်တည်ထောင်ခဲ့သူ 15 Inc မှာ အကြံပေးလုပ်နေတဲ့သူ တယောက်လည်းဖြစ်တယ်။
          Simon Sinek ရဲ့ စာအုပ်ဟာ နာမည်ကျော် စာအုပ်တအုပ်ဖြစ်ခဲ့ပြီး အဲဒီစာအုပ်အကြောင်းကိုပဲ Simon Sinek ဟာ How great leaders inspire action ခေါင်းစဉ်နဲ့ TED 2009 မှာဟောပြောခဲ့တယ်။လက်ရှိကြည့်ရှုသူပေါင်း ၁၉သန်းကျော်ရှိတဲ့ Talkတခုလည်းဖြစ်တယ်။
Simon Sinek ဟာTalk မှာအဓိကအားဖြင့် Inspiration Leaders တွေက တခြားသူတွေကို ဘယ်လိုလွှမ်းမိုးသလည်းဆိုတာ အဓိကဟောပြောသွားခဲ့တယ်။Simon ဟာသူ့ရဲ့ နာမည်ကျော်စာအုပ်ဖြစ်တဲ့ Start with Why က 3 Golden Circle အကြောင်းကို အဓိကမိတ်ဆက်ပေးခဲ့တယ်။သူက ကုမ္ပဏီတွေရဲ့ လုပ်ကိုင်ပုံတွေကို ပြောင်းလဲခဲ့သူတယောက် ဖြစ်တယ်။ အထူးသဖြင့် ဘာလုပ်လည်း ဘယ်လိုလုပ်လည်းဆိုတာကို အလေးထားတဲ့ ကျနော်တို့ကို ဘာကြောင့်လုပ်လည်းဆိုတာပေါ် ပိုအာရုံစိုက်ဖို့ မီးမောင်းထိုးပြခဲ့တယ်။
Apple Company ရဲ့ အောင်မြင်မှူတွေဟာ တခြားသော Companies တွေနဲ့ ကွာခြားမှုက သူ့ရဲ့ဈေးကွက်ဆိုင်ရာသတင်းပေးတဲ့အချက်အလက်တွေဟာ ဘာကြောင့်အပေါ်မှာ အာရုံထားလို့ဆိုတဲ့ အချက်ကို အထူးတလည်ရှင်းပြသွားခဲ့တယ်။
ဥပမာ ကုမ္ပဏီဟာ ထုတ်ကုန်တခုအသစ်လုပ်ပြီဆိုရင် သူတို့ဘာလုပ်သလည်းဆိုတာ ပြောတယ်။ သူတို့ ဘယ်လိုလုပ်သလည်းဆိုတာ ပြောတယ်။သူတို့ ဘာကြောင့်လုပ်လည်းဆိုတာ နောက်ဆုံးမှပြောတယ်။
          ဒါဟာ လူတွေကို လွှမ်းမိုးမှုမဖြစ်နိုင်ဘူး။ Simon က Apple နဲ့ဥပမာပြတယ် တကယ်လို့ Apple ဟာ တခြားသူတွေနဲ့ ထပ်တူလုပ်ထားတဲ့ မားကပ်တင်းပုံစံဆိုရင် Apple ရဲ့ မားကပ်တင်းဟန်က ဒီလိုဖြစ်လိမ့်မယ်။
Apple က အလွန်ကောင်းတဲ့ ကွန်ပြူတာတွေထုတ်တယ် ( What They Do )။  ရိုးရှင်းတဲ့ဒီဇိုင်း လွယ်ကူစွာအသုံးပြုနိုင်မှူအပေါ် အခြေခံပြီး( How The Do )။ အဲဒါမို့ အဲလိုအရည်အသွေးရှိတဲ့ ကွန်ပြူတာတွေ ထုတ်ခဲ့တယ် ( Why They Do )။
အဲဒါက လူတွေကို လွှမ်းမိုးမှု မဖြစ်နိုင်ဘူး။ ဒါမဲ့ကျနော်တို့ဟာ ဒီအစီအစဉ်ကို ပြောင်းလဲပြီး Apple တကယ် ဘယ်လို မားကပ်တင်းလုပ်ခဲ့လည်း ကြည့်ရရင် Apple ဟာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ အကန့်အသက်တွေကို စိန်ခေါ်လေ့ရှိတယ် ။
အဲလိုစိန်ခေါ်ဖို့ Apple ဟာ တခြားသူတွေနဲ့ ခြားနားစွာလုပ်ဆောင်ဖို့လိုတယ်လို့ ယုံကြည်တယ် ( Why They Do ) ။ အဲယုံကြည်မှုကြောင့် Apple ဟာ ရိုးရှင်းတဲ့ဒီဇိုင်း လွယ်ကူစွာအသုံးပြုနိုင်မှူရှိတဲ့ ကွန်ပြူတာတွေကို တည်ဆောက်ခဲ့ကြတယ်။အဲလို တည်ဆောက်မှုကြောင့် Apple ဟာ ကောင်းမွန်တဲ့ ကွန်ပြူတာတွေကို တည်ဆောက်မိရဲ့သားဖြစ်နေတယ်။
အဲဒီ Why , How , What ဆိုတဲ့ 3 Golden Circles နဲ့ကြည့်ရင် ကျနော်တို့က လူတွေကို လွှမ်းမိုးနိုင်တဲ့ စိတ်ကူးတွေနဲ့ မလွှမ်းမိုးနိုင်တဲ့ စိတ်ကူးတွေကို ခွဲခြားလို့ရလာနိုင်တယ်။
Simon ဟာ Samuel Pierpont Langley လို ပညာရှင်၊Funding ကောင်းပြီး အဆက်အသွယ် ကောင်းတဲ့သူ ထပ် Wright Bros က ဘာလို့ လေယာဉ်ပျံ တီထွင်နိုင်သလည်းဆိုတာကို ဥပမာပြသွားခဲ့တယ် ။ Law of Diffusion အရ မအောင်မြင်တဲ့ အိုင်ဒီယာတွေနဲ့ အောင်မြင်တဲ့ အိုင်ဒီယာတွေ ကိုနှိုင်းယဉ်ပြသွားခဲ့တယ်။အထူးသဖြင့် Tivo လိုမျိုး အရည်အသွေးအရရော ကောင်းတဲ့ အိုင်ဒီယာတွေက မပေါက်ပဲနဲ့ Dr.Martin Luther King ရဲ့ အိုင်ဒီယာတွေက ဘာလို့ ပေါက်သွားခဲ့လည်းဆိုတာကို ရှင်းပြသွားခဲ့တယ်။
Simon Sinek Talk ကိုအဓိကကြိုက်ရတဲ့အချက်က တက်ကျမ်းတွေ တခြားသူတွေက စနစ်တခု အလုပ်တခု ဘယ်လိုလုပ်လည်း ဘာလည်းဆိုတာ အလေးထားပေမယ့် ဘာကြောင့်လုပ်ရလည်းဆိုတာ မတွေးမိကြလို့ပဲ။ ဘာကြောင့်လုပ်ရလည်းဆိုတာကို အလေးမပေးရင် ကျနော်တို့က ပိုက်ဆံအရ ဂုဏ်သိက္ခာအရ ပြန်ရနိုင်ပေမဲ့ ကျနော်တို့က အောင်မြင်မှုလို့ခံစားရချင်မှ ခံစားရလိမ့်မယ်။အဲဒါကြောင့် ကျနော်တို့ဟာ ကျနော်တို့ရဲ့ Why ဆိုတဲ့ယုံကြည်မှုကို ပျိုးထောင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
- ရန်နိုင်

စာရေးသူ ဟာ 13 / 12 /1989 မွေးဖွားပြီး ABE Level 5 အောင်မြင်ထားပါတယ်။ ပညာရေး နဲ့ စီမံခန့်ခွဲမှုပညာရပ်တွေကို စိတ်ဝင်စားပြီး လက်တလော မှာလည်း SOLO COLLECTION မှာ Marketing Consultant အဖြစ်  တာဝန်ယူထားတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ် ။