တက္ကသိုလ်
ဝင်တန်း အောင်မြင်ပြီးသူ လူငယ်တွေ
ကျောင်း/ဘာသာရပ်
ဘယ်လို ရွေးသင့်လဲ ?
ဆယ်တန်းပြီးကာစ
ကျောင်းလျှောက်တာ ဘာသာရပ်ရွေးတာနဲ့ ပတ်သက်ပြီး ဆရာ Thetka Moe Nyo က စတေ့တပ်တင် ဆွေးနွေးဖို့ပြောတော့
ကျနော်ဝင်ပြောခဲ့တာလေး တစုတစည်းတည်း ပြန်ဖော်ပြထားပါတယ်။ နောက်ထပ်ရေးရင်လည်း ထပ်တင်ပါမယ်။
ပထမဆုံးစပြောချင်တာကတော့
တက္ကသိုလ်တွေ ကျောင်းတွေ ရွေးတဲ့အခါ တက္ကသိုလ် လျှောက်တဲ့ စာအုပ်ထဲက
တက္ကသိုလ်တွေနဲ့ မလုံလောက်ဘူး ဆိုတာပါပဲ။ ဥပမာ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်(NMC)က
အစိုးရကောလိပ်ပေမယ့် သက်သက်လျှောက်ရတာ ဖြစ်ပါတယ်။ အမှတ်လည်း မြင့်တယ်။ Business
Management ဘွဲ့ ပေးတာ ဖြစ်ပါတယ်။ ပြီးတော့ ခရစ်ယာန်တက္ကသိုလ်တခုဖြစ်တဲ့ Myanmar
Institute of Theology (MIT) က ဖွင့်တဲ့ BARS program လို့ အသိများတဲ့ Bachelor of
Arts and Religious Studies မှာ Computer, Social Science, Theology စတဲ့ မေဂျာတွေယူလို့ရတယ်။
ဘယ်ဘာသာဝင်မဆို တက်လို့ရတယ်။ အခုပြောသွားတဲ့ ဥပမာတွေက ငွေကြေးသိပ်တတ်နိုင်မှ တက်လို့ရတာမျိုး
မဟုတ်ပါဘူး။ ပြည်တွင်းမှာ ရှိရက်နဲ့ လူသိသိပ်မများသေး တဲ့ ကျောင်းတွေပါ။
နောက်ပြီး
သပြေဖောင်ဒေးရှင်းနဲ့ ဟောင်ကောင်က တက္ကသိုလ်တစ်ခု ပေါင်းဖွင့်တဲ့ Social Science
Associate Degree ရှိတယ်။ British Council တို့ American Center တို့မှာလည်း
Distance courses တွေ ရှိတတ်တယ်။ ဆိုလိုတာက ကျောင်းနဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်တွေ
စုံဖို့လိုတယ်လို့ ပြောချင်တာပါ။
ဒုတိယအချက်အနေနဲ့ကတော့
ကလေးရဲ့ ၀ါသနာ အစွမ်းအစ အလားအလာ ထားပါတော့ ဘယ်လိုခေါ်ခေါ်၊ သူနဲ့ကိုက်မယ့်လမ်းကြောင်းကို
သိနိုင်ဖို့ မိဘကကော သူကိုယ်တိုင်ကကော ရှာဖွေကြည့်ဖို့ လိုပါတယ်။ လက်တွေ့ကျကျ
ဘာလုပ်လို့ရမလဲ ပြောကြည့်ရအောင်။ (ပြည့်စုံတယ်လို့ မဆိုလိုပါ) ။ Experiential
learning အတွေ့အကြုံအခြေပြု သင်ယူမှု ဆိုတာ ရှိပါတယ်။ ဆရာဝန်ဘ၀ကို သိဖို့ ဆရာဝန်ဖြစ်တဲ့အထိ
၇ နှစ် ၈ နှစ် စောင့်ရမယ် မဆိုလိုပါဘူး။ နီးစပ်ရာ ဆရာဝန်တွေရဲ့ဘ၀ကို ကြည့်ရင် သူတို့ကို
တီးခေါက်မေးမြန်းကြည့်ရင် အဝေးက လှမ်းပြီး သဘောကျနေတာထက် ပိုနီးစပ်မှာပါ။ ဒါ့အပြင်
စာအုပ်စာပေတွေ (ဥပမာ ဆရာဝန်ဘ၀ဇာတ်လမ်းတွေ) ကလည်း အတိုင်းအတာတစ်ခုအထိ သိနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်စိတ်ဝင်စားတဲ့ကျောင်းကို တက်နေတဲ့ စီနီယာအကိုအမတွေကို ကိုယ့်မြို့မှာ
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိရင် မေးမြန်းကြည့်သင့်ပါတယ်။
နောက်တစ်ခုကတော့
ဘယ်တက္ကသိုလ်တက်တက် ကျောင်းပြီးလို့ ဘာအလုပ်လုပ်လုပ် ရှောင်မရတာကတော့
လူတွေနဲ့ အလုပ်လုပ်ရတာပါပဲ။ ဟိုးအရင် အသင်းအဖွဲ့တွေကို မနှိပ်ကွပ်ခင်ကတော့ အခြေခံပညာက
ကလေးတွေတောင် အသင်းအဖွဲ့တွေနဲ့ ရင်းနှီးပြီး အများနဲ့ ပေါင်းသင်းဆက်ဆံမှု၊ အသင်းအဖွဲ့လိုက်ဆောက်ရွက်မှု၊
လူမှုတာဝန်သိမှု စတာတွေက ကျောင်းတွင်း အသင်းအဖွဲ့ ကလပ်စတာတွေကတဆင့် ရရှိနိုင်ပါတယ်။
နိုင်ငံခြားမှာဆိုလည်း သင်ရိုးညွှန်းတမ်းပြင်ပ လုပ်ဆောင်မှု (extracurricular
activities)တွေက စာသင်ခန်းတွင်း လုပ်ဆောင်မှုလိုပဲ အရေးပါတာကို တွေ့ရတယ်။ မိဘတွေအနေနဲ့
ဒါမျိုးပါဝင်လုပ်ဆောင်တာကို စာထိခိုက်မှာစိုးပြီး မပိတ်ပင်ခဲ့ရင်တော့ ပိုကောင်းမှာပါ။
ဘာဘွဲ့ရရ
ဘယ်လောက်ပညာတတ်တတ် လူ့လောကမှာ အဆင်ပြေပြေမနေတတ်ရင် အောင်မြင်ဖို့ ခက်မယ် ထင်ပါတယ်။
အဲ့တော့ ဟုတ်ပြီ ပြီးခဲ့တာတွေ ထားတော့။ လက်တွေ့အကျဆုံး ခု ဘာလုပ်လို့ရတုန်း ဆိုရင်
ခုဆို မြို့နယ်တိုင်းလိုလို လူမှုကူညီရေးအသင်းတွေ အရပ်ဘက်အဖွဲ့တွေ အရင်ကထက် များလာပါပြီ။
သူတို့အတွက် လုပ်အားပေးမယ့် စေတနာ့ဝန်ထမ်း volunteers တွေ အသင်းဝင်တွေ အမြဲလိုနေလေ့
ရှိပါတယ်။
ကျောင်းပိတ်ကာလတွေမှာ
အိမ်မှာ ထိုင်နေမယ့်အစား ကြီးတော်နွား အလကားပဲ ကျောင်းရကျောင်းရ ငွေပေးပြီး ကျောင်းရကျောင်းရ
ကျောင်းခိုင်းလိုက်ပါ။ အလုပ်က သူ့ကို ဆင်ခြင်စဉ်းစားတတ်မှု
ရင့်ကျက်မှု တစ်စုံတရာ ပေးလာပါလိမ့်မယ်။ ကျနော်ထောင်ထားတဲ့ အဖွဲ့တစ်ခုမှာဆို
တပြားမှ မရပဲ ဆယ်တန်းပြီးကတည်းက လာလုပ်ရင်း အကျိုးရှိတာကို ကလေးကော မိဘကိုယ်တိုင်ပါ
မြင်သွားကြပါတယ်။ ကျောင်းပြီးတဲ့အချိန်မှာ သူများတွေ ကိုယ်ရေးရာဇ၀င်မှာ ဘာရေးရမှန်းမသိဖြစ်နေတုန်း
သူတို့က အတွေ့အကြုံတွေ သင်တန်းတွေ တသီတသန်းနဲ့ ဘယ်လျှောက်လျှောက် သူတို့သူငယ်ချင်းတွေ
ရွယ်တူတွေနဲ့ ဘွဲ့ပညာတူရင်တောင် အလုပ်အကိုင်အခွင့်အလမ်း မတူတော့ပါဘူး။ နိုင်ငံခြားမှာ
volunteer လုပ်ဖို့ intern အလုပ်သင်လုပ်ဖို့ ပိုက်ဆံပေးလုပ် အတွေ့အကြုံယူနေတဲ့အချိန်မှာ
ကိုယ်တွေဆီမှာ လိုလိုလားလား တပြားမှမပေးရပဲ အလုပ်အတွေ့အကြုံရနိုင်ပါတယ်။
တကယ်တော့
၆ တန်း ၇ တန်းလောက်တည်းက နွေရာသီကျောင်းပိတ်ရက်တွေမှာ Exposure ပေးတယ် ခေါ်မလား ဟိုခေါ်ဒီခေါ်
ခေါ်သွားသင့်ပါတယ်။ နီးစပ်ရာ စက်ရုံ အလုပ်ရုံ စားသောက်ဆိုင် ရုံး အဖွဲ့အစည်း စတာတွေ
လိုက်ပြ ကလေးက မေးလာတာတွေကို ဖြေနိုင်တဲ့သူနဲ့ တွေ့ပေး ... စတာတွေ လုပ်နိုင်ပါတယ်။ ကျနော် တွေ့ဖူးတဲ့ကလေးတစ်ယောက်ဆို
သူ့အဖေ အမေတွေက လေ့ကျင့်ထိန်းကျောင်းမှုကောင်းတော့ ၂တန်းလောက်တည်းက မိုးလေ၀သ ကို စိတ်ဝင်စားနေပါပြီ။
သူ့အဖေ ခရီးသွားခါနီးတိုင်း မြေပုံမှာ နေရာရှာပြတာတို့ ကလေးက လုပ်တတ်ပါတယ်။ ညတိုင်းလည်း
မိုးလေ၀သအခြေအနေကို လှမ်းပြောပြပါတယ် အဖေကို ၂တန်းအရွယ်နဲ့ သူ လုပ်တတ်တာလေးပေါ့ :)
ဒီလိုစူးစမ်းတတ်မှုနဲ့
လုပ်ခွင့်ပေးလိုက်တဲ့အခါမှာ ကလေး အရွယ်ရောက်လာရင် သူ ဘာသိချင်လည်း လုပ်ချင်လည်း ကွဲပြားလာမှာပါ။
နောက်ထပ်ပြောချင်တာက
လူတစ်ယောက်မှာ aptitude အထုံ ခေါ်မလား စစ်ဆေးကြည့်နိုင်ပါတယ်။
ကျနော် တက္ကသိုလ်တက်တော့ အွန်လိုင်းကနေ ကျနော့် aptitude ကို စစ်ကြည့်တယ်။ ကျနော်နဲ့
ကိုက်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေက အမျိုး ၂၀၊ ၃၀ လောက် ရှိသဗျ။ ဆိုလိုတာက
လူတစ်ယောက်ဟာ အသက်မွေးဝမ်းကျောင်းတစ်ခုမှာပဲ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မဟုတ်ဘူး။ ကလေးဘ၀ကနေ
ကြီးပြင်းလာရာတစ်လျှောက်မှာ သူရခဲ့တဲ့ အတွေ့အကြုံ အသိတွေက သူ့အတွက် တံခါးပေါက်တွေ အများကြီးကို
ဖွင့်ပေးနိုင်တယ်။
ကျနော်တုန်းကဆို
trainer, counselor, social worker, psychiatrist, psychologist,
consultant....... စတာတွေ အများကြီး ထွက်ခဲ့တယ်။ အခု ကျနော် ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့
ဒါတွေ လုပ်နေတာ ရှိတယ် ။ လုပ်မနေပေမယ့် လေ့လာရင် လုပ်နိုင်မယ်လို့ ယုံတာတွေ ရှိတယ်။
ဖြစ်စေချင်တာကတော့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတစ်ခုခုရွေး
လိုက်ရရင်တောင် မှားမိလေခြင်းလို့ စိတ်ပျက်မယ့်အစား U Turn ဂငယ်ကွေ့ ကွေ့တယ်ပဲ ခေါ်ခေါ်
လမ်းတွေ အများကြီး ရှိပါသေးတယ်။
လူ့ဘ၀မှာ ပထမဘွဲ့ (Bachelor degree) က အရာရာကို မဆုံးဖြတ်ပါဘူးလို့။ :)
(ကျနော်ရေးတဲ့အထဲမှာ
မပြည့်စုံတာ update မဖြစ်တာ ရှိရင် ပြင်ပေးကြပါ ကျေးဇူးပါ)
- အောင်ထိုက်မင်း
စာရေးသူကို ၁၉၈၇ အောင်လံမှာမွေးဖွားသည် ။ ပအိုဝ်း ဓနု ကရင်
ဗမာ သွေးလေးမျိုးနှောသူ ဖြစ်သည် ။
၂၀၀၂ ဆယ်တန်းအောင်ပြီး ၂၀၀၉ တွင် ဆရာဝန်ဘွဲ့ရသည်။ ၂၀၁၃ တွင် အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာ
ပြီးစီးသည် ။ ၂၀၀၆ ကျောင်းသားဘဝ Save the Children မှာ စေတနာ့ဝန်ထမ်း peer educator,
peer counselor လုပ်ကိုင်ခဲ့သည်။ ၂၀၀၇ တွင် SCVG လူမှုရေးအဖွဲ့ကို တည်ထောင်သည်။
၂၀၀၉ မှစ၍ ပြည်တွင်းအန်ဂျီအိုများတွင် ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ မှ စ၍
အလွတ်တန်း အတိုင်ပင်ခံနှင့် သင်တန်းဆရာ အဖြစ်အသက်မွေးလျက်ရှိသည်။
၂၀၁၄ တွင် DeBoer fellowship ပြီးစီးခဲ့သည်။
အခုလိုရှင်းပြပေးတာကျေးဇူးတင်တယ်
ReplyDeleteအခုလိုရှင်းပြပေးတာကျေးဇူးတင်တယ်
ReplyDelete