"မုဆိုးသုံးယောက်နှင့်ကျားတစ်ကောင်"

ရွာကလေးတစ်ရွာတွင် တောလိုက်မုဆိုးတစ်ယောက်သည် တခြားသောရွာနှစ်ရွာမှ
မုဆိုး နှစ်ယောက် ကို ခေါ်ယူ၍ ရွာအနီးအနားတ၀ိုက်
သောင်းကျန်းလျက်ရှိသော ကျားဆိုးအား နှိမ်နင်းရန် အတွက် တိုင်ပင်ဆွေးနွေး၍ နေကြလေသည်။ ထိုကျားသည်
ရွာသူရွာသားများ၏ အသက်အန္တရာယ်ကို ထိပါးနှောင့်ယှက်၍လာသောကြောင့်ဖြစ်၏။
၎င်းတို့အခြေအတင်ဆွေးနွေးနေကြစဉ်တွင် ရွာသားတစ်ယောက်သည် ၎င်းတို့ဆီသို့
အလောတကြီး ပြေး ၍ လာနေသည်ကို တွေ့လိုက်ကြသည်။ ၎င်းတို့အနားရောက်လာသောအခါ
ထိုလူမှ ၎င်းတို့နှိမ်နင်းချင် နေသော
ကျားအား တောစပ်တွင် တွေ့လိုက်ရသည့်အကြောင်းကို
အမောတကြီးဖြင့်ပြောလေသည်။
ဧည့်သည်မုဆိုးနှစ်ယောက်သည် တိုင်ပင်၍မထားကြဘဲ ထိုရွာသားညွှန်ပြသော
တောစပ်ဆီသို့ သူထက်ငါ ဦးအောင်
တပြိုင်နက်ပြေးလွှား၍ထွက်သွားကြလေသည်။ ရွာခံမုဆိုးမှာမူ ၎င်းအိမ်၌ကျန်ရစ်ခဲ့သော
သေနတ်ကိုအပြေးအလွှားပြန်ယူ၍ တောစပ်သို့လိုက်လာခဲ့လေသည်။
သို့သော်နောက်ကျမှလိုက်၍လာခဲ့ရသောကြောင့် ကျွမ်းကျင်လိမ္မာလှသော ဧည့်သည်မုဆိုးနှစ်ယောက်၏လက်ချက်ဖြင့်
သေဆုံးနေသောကျားကိုသာ ၎င်း၏စိတ်တွင် မြင်ယောင်၍သာနေမိလေသည်။
တောစပ်အနီးသို့ အရောက်တွင်မူ ၎င်းအား ရှက်ရယ်ရယ်၍
စောင့်နေကြသော ဧည့်သည် မုဆိုး နှစ်ယောက် ကိုသာ တွေ့လိုက်ရလေသည်။
အဘယ်ကြောင့် ဆိုသော် ၎င်းတို့၌ မည်သည့်သေနတ်မှ မ ပါ လာ သောကြောင့် ဖြစ်လေတော့သည်။ နောက်ဆုံးတွင်မူ
ရွာခံမုဆိုးသည်သာလျင် ကျားဆိုးအား ပစ်ခတ် သတ်ဖြတ် နိုင်ခဲ့လေသည်။
ကျွန်တော်တို့သည် တစ်ခါတစ်ရံတွင် မိမိထက်ရှေ့ရောက်၍နေသောသူများကိုကြည့်ကာ
သိမ်ငယ်၍နေတတ်ကြသည်။ တစ်ခါတစ်ရံတွင်မူ သူတစ်ပါးထက် သာချင်သည့်ဇောဖြင့်
သူထက်ငါအပြေးအလွှားနေရာယူချင်ကြပြန်သည်။ ကျွန်တော်တို့၏ဘဝသည်
အပြေးပြိုင်ပွဲတစ်ခုကဲ့သို့ သူတစ်ပါးထက် ရှေ့ရောက် နေရုံဖြင့် အောင်မြင် ပျော်ရွှင်ကြရသည်မဟုတ်ပါ။
မိမိအမှန်တကယ် လိုလားတောင့်တသောအရာများအတွက်
အမှန်တကယ်လိုအပ်သောအရာများကို
သိရှိနားလည်ပြီး ရရှိပိုင်နိုင်အောင် ကြိုးစားအားထုတ်မှသာ အောင်မြင်သောပျော်ရွှင်သောဘဝတစ်ခုကို
ပိုင်ဆိုင်နိုင်ပါလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။


လေးစားလျက်
ကိုလှိုင်ပြည့် (EP)
စာရေးသူကို
ခရစ်နှစ် ၁၉၉၀ တွင် ပျဉ်းမနားမြို့၌ မိဘနှစ်ပါးဖြစ်သူ ဦးကျော်မြင့်၊ ဒေါ်ခင်ချိုဦးတို့မှ
ဖွားမြင်ခဲ့ပါသည်။ စာရေးသူ၏ အမည်ရင်းမှာ လှိုင်ပြည့် ဖြစ်ပါသည်။ စာရေးသူသည် ၂၀၀၆ ခုနှစ်တွင်
ဆယ်တန်းအောင်မြင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် BE ( Electrical Power ) ဘွဲ့ရရှိခဲ့ပါသည်။
ယခုလက်ရှိတွင် Chiyoda & Public Work Co.,Ltd တွင် M&E Engineer တစ်ယောက်အဖြစ်
တာဝန် ထမ်းဆောင်လျက် ရှိပါသည်။
0 comments:
Post a Comment