Friday, June 19, 2015

ဘဝရထားအို



ဘဝရထားအို
ခေါင်း ပန်း ဆိုတဲ့
အပြောင်းကြမ်း အလှည့်ကြောင့်
စောင်းလမ်းအရွဲ့တွေနဲ့
ပေါင်းနမ်းဖက်ရတာလည်းမနည်း

ခရောင်းလမ်းတက်ဆင်း
သောင်းလှမ်းဆက်ရင်း

ဟောင်းလမ်းလည်းမပူ
ဆောင်းကြမ်းလည်းမမူ

ချောင်းကမ်းတစ်ဖက်
မောင်းစမ်းအလှည့်

ဒီလို..
ထောင်းပမ်းရက်လည်း
နှောင်းစခန်းထွက်တဲ့
သူ...
ခေါင်းခန်းစက် ။   
- မြေမာန်မိုး

0 comments:

Post a Comment