*အားကိုးရာ*

သူ့ကို ဦးထုပ်အနီအရောင်မှိုင်းမှိုင်းလေးဆောင်းပြီး
လက်တစ်ဖက်က
ဝါးတုတ်တစ်ချောင်း
ထောက်လို့
ခြေတစ်ဖက်ဆာနေသလို
ထော့နဲ့ထော့နဲ့
လမ်းလျှောက်နေတာ
မကြာခဏ ဆိုသလို ကျွန်တော်တို့
ရပ်ကွက်နားမှာ
တွေ့ရတတ်ပါတယ်။
သူက အသားခပ်လတ်လတ်
အသက်
၄၀ ကျော်လို့ခန့်မှန်းလို့ရတဲ့
စိတ်ဝေဒနာရှင်တစ်ယောက်ပါ။
တစ်ခါတစ်ရံ သူကမုန့်ဖိုးလိုက်တောင်းနေတတ်ပြီး တစ်ခါတစ်လေကျတော့ သူလုပ်ချင်ရာတွေလျှောက်လုပ်နေတတ်တယ်။ညနေစောင်းဆို လူငယ်တွေ ဘောလုံးကန်တတ်ကြတဲ့ ရပ်ကွက်ထဲက သဲဘောလုံးကွင်းနားကို သူရဲ့လက်စွဲတော် ဝါးတုတ်ချောင်းလေးကို ထောက်ထောက်ပြီး ရောက်ရောက်လာတတ်တယ်။ သူလာရင် သဲကွင်းလေးမှာရှိတဲ့ လူငယ်တွေက သူ့ကိုအမျိုးမျိုးစနောက်နေကြလေ့ရှိတယ်။ အဲဒီလို စနောက်နေကြတာကိုပဲ သူသဘောတွေ့ဟန်တူပါတယ်။
တစ်ခါတစ်ရံ သူကမုန့်ဖိုးလိုက်တောင်းနေတတ်ပြီး တစ်ခါတစ်လေကျတော့ သူလုပ်ချင်ရာတွေလျှောက်လုပ်နေတတ်တယ်။ညနေစောင်းဆို လူငယ်တွေ ဘောလုံးကန်တတ်ကြတဲ့ ရပ်ကွက်ထဲက သဲဘောလုံးကွင်းနားကို သူရဲ့လက်စွဲတော် ဝါးတုတ်ချောင်းလေးကို ထောက်ထောက်ပြီး ရောက်ရောက်လာတတ်တယ်။ သူလာရင် သဲကွင်းလေးမှာရှိတဲ့ လူငယ်တွေက သူ့ကိုအမျိုးမျိုးစနောက်နေကြလေ့ရှိတယ်။ အဲဒီလို စနောက်နေကြတာကိုပဲ သူသဘောတွေ့ဟန်တူပါတယ်။
တစ်နေ့
ကျွန်တော်
ခရီးသွားဟန်လွဲ အဲဒီ့ဘောလုံးကွင်းနားကဖြတ်သွားရင်း
သူ့ကိုလူငယ်တစ်စုက
ဝိုင်းအုံစနေတာ
တွေ့လိုက်ရတယ်။
ရုတ်တရက်
လူငယ်တစ်ယောက်က
သူ့လက်ထဲက
သူ့
လက်စွဲတော်
ဝါးတောင်ဝှေးလေးကိုလု
ခပ်ဝေးဝေးက
မြောင်းစပ်ကိုပြေးသွားပြီး
မြောင်းထဲပစ်ချမလိုလုပ်တယ်။
သူက "အဲလို့မလုပ်နဲ့ အဲဒီလို့မလုပ်ပါနဲ့"ဆိုပြီး
သနားစရာကောင်းလောက်အောင်
ကလေးတစ်ယောက်လို
ငိုပြီးအော်ရှာတယ်။
ကျွန်တော်လဲ
အဲဒီလူငယ်တော့ စတာလွန်ပြီဆိုပြီး
ဝင်ပြောဖို့ဟန်ပြင်မိလိုက်တယ်။
ဒီတောင်ဝှေးလေးအားကိုးပြီး
သွားနေရတဲ့
ဒုက္ခိတ စိတ်ဝေဒနာရှင်
တစ်ယောက်ကို
ဒီလိုစတာတော့
လွန်သွားပြီလေ။
အဲဒီအချိန်မှာ
ရုတ်တရက်
ပြောင်းလဲသွားတဲ့အခြေအနေကြောင့်
ကျွန်တော်
အပါအဝင်
အားလုံးမှင်သက်သွားကြတယ်။
သူကငိုနေရင်း
ဗြုန်းစားကြီး
သူ့တောင်ဝှေးကိုင်ထားတဲ့လူငယ်ဆီတဟုန်ထိုး
ပြေးသွားပြီးတော့ အဲဒီလူငယ်လက်ထဲကတောင်ဝှေးကို
ပြန်လုလိုက်တယ်။
အဲဒီ့လူငယ်လဲ ခပ်ကြောင်ကြောင်ဖြစ်သွားပြီးဘာမှမလုပ်နိုင်ဘဲ
သူ့ကိုပဲငေးကြည့်နေတယ်။
သူအဲဒီလောက်မြန်မြန်ပြေးနိုင်တယ်လို့
ဘယ်သူမှမထင်ခဲ့ကြဘူးလေ။
သူ့တောင်ဝှေးလဲရရော
ပါးစပ်က
"တော်တော်ဆိုးတဲ့ကောင်
ဒီမှာမနေဘူးသွားမယ်"
လို့တတွတ်တွတ်
ရွတ်ပြီးအရင်လို
သူ့တောင်ဝှေးထောက်ပြီး
ထော့နဲ့ထော့နဲ့
နဲ့ သဲဘောလုံးကွင်းကို
ကျောခိုင်းထွက်သွားခဲ့တယ်။
သူကတော့
သူဘာလုပ်ခဲ့လဲသိပုံမရဘဲ
သူ့နောက်မှာကျန်ခဲ့တဲ့လူတွေကတော့သူ့ကိုကြည့်ပြီး
အားလုံးတအံ့တဩ ပါးစပ်အဟောင်းသားနဲ့ကျန်ရစ်ခဲ့ကြတယ်။
တကယ်တော့
ကိုယ်မတတ်နိုင်တဲ့
ကိစ္စတွေမှာ
သူတစ်ပါးအကူအညီယူတာ
မမှားပါဘူး။
ဒါပေမဲ့
သူတစ်ပါး
အကူအညီပဲ အားကိုးလွန်းပြီး ကိုယ်ကိုယ်တိုင်က ဘာမှမလုပ်ဘဲ
အကူအညီရမှာကိုပဲ အမြဲလိုလို ထိုင်စောင့်နေခဲ့ရင်
ကျွန်တော်တို့တွေ
သန်ပေမယ့်
မစွမ်းသူတွေ
ဖြစ်ကုန်ကြမှာမလွဲ
ပါဘူး။ ကျွန်တော်တို့
ဖြစ်ချင်တဲ့
အရာတွေကို
ကျွန်တော်တို့ပဲသိပါတယ်။
အဲဒီအရာတွေရဖို့အတွက်
တွန်းအားပေးမယ့်ဆန္ဒတွေ
ခွန်အားတွေလဲ
ကျွန်တော်တို့ဆီမှာပဲရှိပါတယ်။
ဒါနဲ့များ ဘာကြောင့်
ကျွန်တော်တို့အားအကိုးရဆုံး
ကိုယ့်ခြေထောက်ထက်
တောင်ဝှေးပဲအားကိုးပြီး
နေ
နေကြမှာလဲဗျာ....
လေးစားလျက်
ကိုလှိုင်ပြည့်(
EP )
0 comments:
Post a Comment