Friday, June 19, 2015

Google ၏ စိတ်ဝင်စားဖွယ်အသုံးဝင်မှုများ



Google ၏ စိတ်ဝင်စားဖွယ်အသုံးဝင်မှုများ

ပထမဆုံး Myanmar Dream Online Magazine ကိုအောင်မြင်စွာ စတင်နိုင်တဲ့အတွက် ကိုဇင်ဇေ အား ဂုဏ်ယူပါတယ်။ မြန်မာပြည်သူပြည်သား တွေရဲ့ အသိပညာဗဟုသုတ တိုးပွားအောင် တစ်ထောင့်တစ်နေရာကနေအားဖြည့်ကူညီခွင့်ရတဲ့အတွက်လည်း ၀မ်းသာမိပါသည်။ စာရေးသူ ရဲ့ခံယူချက်ကတော့ လူအများအသိပညာအတွေးအခေါ် မြင့်မားမှသာလျှင် လူ့အဖွဲ့အစည်းတစ်ခု
တိုးတက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ယခု Myanmar Online Magazine ရဲ့ Issue1 မှာ စာဖတ်သူတွေကို ကမ္ဘာ့အကြီးဆုံး Search Engine တစ်ခုဖြစ်တဲ့ Google ရဲ့အခြားစိတ်ဝင်စားဖွယ် အသုံးချမှုတွေကို မျှဝေပေးသွားပါမယ်။Google ဆိုတာဘာလဲလို့တော့ ပြောစရာမလိုလောက်ပါဘူး။
စာဖတ်သူတို့နေ့စဉ်အိမ်မှာဘဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာဘဲဖြစ်ဖြစ် တစ်ခုခုကိုသိလိုတဲ့အခါ ဘာလုပ်ပါသလဲ??? သေချာတာကတော့ ယခုလို IT ခေတ်ကြီးထဲမှာ စာကြည့်တိုက်သွားပြီး စွယ်စုံကျမ်းတွေ၊အဘိဓာန်တွေ လှန်စရာမလိုတော့ပါဘူး။ Browser ပေါ်မှာ www.google.com လို့ရိုက်ထည့်လိုက်ရုံနဲ့ရနေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိချင်တာမှန်သမျှကို Google က ရှာဖွေပေးတယ်လေ။ စာဖတ်သူတော့မသိဘူး၊ ကျွန်တော်ကတော့ နေ့တိုင်းလိုလို Google ကို တော်တော်လေး သုံးဖြစ်တယ်ဗျ။ ဒါပေမယ့် ကျွန်တော်ဖတ်ဖူးတဲ့ Research တစ်ခုမှာတော့ ကျွန်တော်တို့ဟာ တကယ့်တကယ်မှာတော့ Google ရဲ့အရေးပါမှု 30% ကိုပဲ ရှာဖွေနိုင်ပါသေးတယ်။ ဆိုလိုတာက Google မှာ     ကျွန်တော်တို့သတိမထားမိတဲ့အခြားစိတ်ဝင်စားစရာ features တွေ အများကြီးရှိပါသေးတယ်။ အဲဒီ features တွေကဘာတွေလဲ၊ ဘာတွေလုပ်လို့ရလဲဆိုတာ သိချင်ရင်တော့ ရှေ့ဆက်ဖတ်ကြည့်လိုက်ပါဗျာ ။
Google ၏ တခြားစိတ်ဝင်စားဖွယ်အသုံးဝင်မှုများ
Calculator = Google ဟာသူရဲ့ပုံမှန် search engine အလုပ်အပြင် calculator တစ်ခုအဖြစ်လည်းအသုံးဝင်ပါသေးတယ်။ဥပမာ အနေနဲ့သင်ဟာ search box မှာ 56x287 +11 ဆိုပြီးရိုက်ထည့်လိုက်တာနဲ့15299 ဆိုတဲ့အဖြေကိုလွယ်လွယ်ကူကူ တိတိကျကျရနိုင် မှာဖြစ်ပါတယ်။
Google သုံးနေတုန်းCalculator ထရှာမနေပါနဲ့ တော့ ။
calculator ကြီးတစ်ခုလုံးGoogle မှာရှိပါတယ် ။


Convertor = သင်ဟာ ကမ္ဘာ့ငွေကြေးအပြောင်းအလဲတွေကိုသိချင်ရင်ဘဲဖြစ်ဖြစ်၊ unit အပြောင်းအလဲတွေ ( ဥပမာ- mile to kilometer , pint to gallons , kilogram to pounds ) စတဲ့ unit အပြောင်းအလဲတွေသိလိုရင်လည်း Google ကို unit converter၊ currency converter တစ်လုံးအနေနဲ့သုံးလို့ရသေးတယ်နော်။

Weather Forecaster = TV ဖွင့်ပြီး မိုးလေသသတင်းကိုကြည့်ဖို့ပျင်းနေလား။ တစ်ပတ်အတွင်းမိုးလေ၀သအခြေအနေ၊ယနေ့မိုးလေ၀သသတင်းအခြေအနေတွေကို Google မှာ weather nearby (သို့) weather near me လို့ရိုက်ထည့်လိုက်တာနဲ့ အပူချိန်၊ရာသီဥတု၊လေတိုက်နှုန်းကအစ သိနိုင်ပါသေးတယ်။

Movie Review = Google ရဲ့ search box မှာ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်နာမည်ကိုရိုက်ထည့်လိုက်တာနဲ့ အဲဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ Review တွေ၊Ratings တွေကိုခဏလေးနဲ့ကြည့်နိုင်ပါသေးတယ်။ အဲဒီလိုရှာလို့ရတော့ကိုယ်ကြည့်မယ့်ရုပ်ရှင်က ကောင်းလား၊မကောင်းဘူးလား၊ပေးရတဲ့အချိန်နဲ့တန်လား မတန်လားသိနိုင်တာပေါ့။
Cook Book = ဒီနေ့ဘာဟင်းချက်ရမလဲ စဉ်းစားရခက်နေလား။ဒါဆိုရင်လွယ်လွယ်လေးပါ။
သင်ရဲ့မီးဖိုချောင်ထဲမှာရှိတဲ့ဟင်းချက်ပစ္စ္စည်းအမယ်အားလုံးကို Google ရဲ့search box မှာရိုက်ထည့်လိုက်တာနဲ့ googleကသင့်ကို အဲဒီပစ္စ္စည်းအမယ်တွေနဲ့ ချက်လို့ရတဲ့ဟင်းတစ်မျိုးကို ချက်ချင်းထုတ်ပေးမှာဖြစ်တယ်။( ဥပမာ-ကြက်သား၊အာလူး, chicken,potato,onion,….,…., ) ရိုက်ထည့်လိုက်တာနဲ့ ကြက်သား၊အာလူးနဲ့ပတ်သက်ပြီး ချက်လို့ရတဲ့ဟင်းချက်နည်းတွေ ထွက်လာပါလိမ့်မယ်။
Flight Tracker = ကိုယ်စီးမယ့်လေယာဉ်၊ဒါမှမဟုတ်တခြားသူစီးမယ့်လေယာဉ်ရဲ့ ထွက်ခွာချိန်၊နာရီ၊ထွက်ခွာရာအရပ်၊ ဆိုက်ရောက်မည့်အချိန်၊နေရာ၊အရပ်၊Terminal စတဲ့လေယာဉ်နဲ့ပတ်သက်တဲ့အချက်တွေကိုအမြန်သိချင်လား။လေယာဉ်websites တွေကိုဝင်ပြီးရှာမနေနဲ့။ကြာတယ်။Google မှာလေယာဉ်နံပါတ်ကိုသာရိုက်ထည့်လိုက်။အချိန်၊နာရီ၊ဂိတ်နံပါတ်တွေကိုအလွယ်တကူသိနိုင်ပါတယ်။


Stock Ticker = စာဖတ်သူဟာ company များရဲ့ စတော့ရှယ်ယာဈေးနှုန်းအတက်အကျတွေကို သိချင်ရင်လည်း Google မှာရှာဖွေနိုင်ပါသေးတယ်။ Company ရဲ့ stock exchange symbol ကိုရိုက်ထည့်လိုက်တာနဲ့လက်ရှိရှယ်ယာတန်ဖိုးကိုသိနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေဖြင့် google company ရဲ့လက်ရှိစတော့တန်ဖိုးကိုသိလိုလျှင် GOOG ဟုရိုက်ထည့်လိုက်ပါက google ရဲ့ stock တန်ဖိုးကိုသိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့စတော့ဈေးကွက်မရှိသေးတော့သုံးလို့ရမှာမဟုတ်သေးပါဘူး။
Presentation slides and PDF Files = ဒါကတော့စာရေးသူ google ကိုအကြိုက်ဆုံးအချက်ပါဘဲ။စာရေးသူတို့လိုကျောင်းသားတွေအတွက်ကျောင်းမှာ assignments တွေလုပ်ရင်ဘဲဖြစ်ဖြစ်၊ reports တွေရေးရင်ဘဲဖြစ်ဖြစ် ဒီ feature    ကတော်တော့်ကိုအသုံးဝင်ပါတယ်။အဲဒါကတော့ကိုယ်သိချင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ presentation တွေကိုရှေ့က ppt ထည့်ရင်ဖြစ်ဖြစ်၊PDF files လိုချင်ရင် ရှေ့ကနေPDF ဆိုပြီးထည့်ရင်ဘဲဖြစ်အလွယ်လေးနဲ့ရနိုင်တာဘဲဖြစ်တယ်။ဥပမာ- စာရေးသူက sulphur dioxide ဆိုတဲ့ chemical compound အကြောင်းကို presentation slides နဲ့လေ့လာချင်တယ်ဆိုပါတော့၊အဲဒါဆို google ရဲ့ search box မှာ “ ppt slides of sulphur dioxide” လို့ရိုက်ထည့်လိုက်တယ်ဆိုရုံနဲ့ကမ္ဘာအရပ်ရပ်က ပညာရှင်တွေပြုလုပ်ထားတဲ့ sulphur dioxide နဲ့ပတ်သက်တဲ့ presentation slides တွေအမြောက်အများကျလာမှာဖြစ်ပါတယ်။အလားတူဘဲ PDF files တွေလိုချင်တယ်ဆိုပါတော့၊ရှေ့ကနေ “PDF files of sulphur dioxide” လို့ရိုက်ထည့်လိုက်ရုံနဲ့ sulphur dioxide နဲ့ပတ်သက်တဲ့ pdf files တွေကျလာမှာဖြစ်ပါတယ်။

ကဲ……..စာဖတ်သူတွေလည်းအခုဆို Google ရဲ့  တခြားမတူညီတဲ့အသုံးဝင်မှုတွေကို သိသင့်သလောက် သိပြီလို့မျှော်လင့်ပါတယ်။ စာဖတ်သူတွေဆီမှာလည်း အခြား Google နဲ့ပတ်သက်လို့ထူးခြားတာလေးတွေများရှိရင်စာရေးသူကို share လိုက်ပါဦးနော်။ အခုစာရေးသူ share လိုက်တာက google ရဲ့တစ်စိတ်တစ်ဒေသဘဲရှိပါသေးတယ်။ Google ဟာ နည်းပညာ companyတစ်ခုဖြစ်သည့်အလျောက် company ဟာအချိန်နဲ့ တပြေးညီကြောက်ခမန်းလိလိ ပြောင်းလဲတိုးတက်နေတာကြောင့်ကျွန်တော်တို့လည်း up to date ဖြစ်နေဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ဗဟုသုတအနေ နဲ့ Google ရဲ့ company profile အကျဉ်းကိုဖော်ပြပေးလိုက်ပါတယ်။ နောက်ထွက်ရှိမယ့် Issues တွေမှာလည်း စာဖတ်သူတို့ ဗဟုသုတအတွေးအခေါ် တိုးပွားစေမယ့်စာများ မျှဝေပါဦးမယ်။
- ဟိန်းနိုင်ဇော်
စာရေးသူ၏အမည်ရင်းမှာ ဟိန်းနိုင်ဇော်ဖြစ်သည်။ မွေးရပ်မှာ ရန်ကုန်ဖြစ်သည်။
ယခုအခါ Singapore နိုင်ငံတွင် Marine and Offshore Engineering ဘာသာရပ်ကိုသင်ကြားလျှက်ရှိသည်။ Startup,Entrepreneurship,Technology,Science and Engineering,Marketing နယ်ပယ်တို့တွင် စိတ်ပါဝင်စားလေ့လာလိုက်စားလျှက်ရှိသည်။ ယခုအချိန်တွင် Myanmar Dream - Online Magazine တွင် Contributor တစ်ယောက် အဖြစ်ဆောင်းပါးများဝင်ရောက်ရေးသားလျှက်ရှိသည်။

 


Company’s Profile
Type:  Public Company
Industry:  Internet, Advertising, Computer Software, Telecom Equipment, Science Research
Founded:  4th September, 1998
HQ:  Googleplex , Mountain View, California, U.S



Founders:  Larry Page (CEO), Sergey Brin ( Director )


0 comments:

Post a Comment