Friday, June 19, 2015

လိုရာသုံးဖို့ PDCA



" လိုရာသုံးဖို့ PDCA "

ကြီးပွား​အောင်​မြင်​ခဲ့ကြသူများသည်​ သူတို့ရဲ့ဆန္ဒအမှန်​ကို ​ကောင်းစွာသိရှိနားလည်​ခဲ့ကြပါသည်​။
ထို့နောက်​တွင်​ ချမှတ်​ထား​သော ရည်​မှန်းချက်​​များကို Plan များ​ရေးဆွဲကာ အမှန်​တကယ်​ ဖြစ်​​မြောက်​​      အောင်​ အ​ကောင်​အထည်​​ဖော်​နိုင်​ခဲ့ကြသူများဖြစ်​ပါသည်​။
ကြီးပွား​အောင်​မြင်​လိုကြသူများကလည်း Planများ ချမှတ်​ကာ ​အောင်​မြင်​​အောင်​ ကြိုးစားအားထုတ်​ကြပါသည်​။ ထိုသို့ကြိုးစားခဲ့ကြ​သော လူများအနက်​မှ အလွန်​နည်းပါး​သော ပမာဏ သာလျှင်​ ​အောင်​မြင်​မှု များပိုင်​ဆိုင်​ရရှိခဲ့ကြရပါသည်။ အ​ကြောင်းရင်​က​တော့ လက်​​တွေ့ဘဝမှာ ​အောင်​မြင်​မှုဆီသွားတဲ့လမ်းက ​   ဖြောင့်​တန်းမ​နေလို့ပါဘဲ။ မိမိအိပ်​မက်​​တွေကို စိတ်​ပျက်​၊ ​လက်​​လျှော့၊ ​မေ့​လျော့သွားနိုင်​​လောက်​​အောင်​ကို အ​နှောင့်​အယှက်​ အဟန့်​အတား​တွေ၊ ​တွေ​ဝေစရာ​တွေနဲ့ ပြည့်​နှက်​လို့​နေပါတယ်​။
          ယေဘုယျအားဖြင့်​ အဲဒီအခက်​အခဲ​တွေကို ရင်​ဆိုင်​​ကျော်​လွှားဖို့ ပုံ​သေနည်းမရှိပါဘူး။ လူတစ်​​ယောက်​ချင်းရဲ့ ရည်​မှန်းချက်​၊ ကြုံ​တွေ့ရတဲ့ အခက်​အခဲ​တွေဟာ တစ်​ခုနဲ့ တစ်​ခု လုံးဝမတူနိုင်​လို့ပါဘဲ။ ဒါ​ပေမဲ့ အဲဒီ
အခက်​အခဲ​တွေကို ရိုးရှင်းလွယ်​ကူတဲ့နည်းလမ်း​တစ်​ခုက ​ကျော်​လွှားနိုင်​ မယ်​ဆိုရင်​ အံ့ဩစရာများဖြစ်​​နေမလား။
          အောင်​မြင်​​ကျော်​ကြားတဲ့ လူ​တွေရဲ့အ​ကြောင်းကို​​ရေးသား​ပြောဆိုရာမှာ ဘယ်​လို Plan ချခဲ့ကြလဲ
ဆိုတာ​လောက်​ပဲ အများအားဖြင့်​ ပါဝင်​ပါတယ်​။ အဲဒီ Plan ချမှတ်​ပြီး လုပ်​​ဆောင်​တဲ့​နောက်ပိုင်း ကြုံ​တွေရတဲ့ အခက်​အခဲ​​တွေကို ဘယ်​လိုရင်​ဆိုင်​​ဖြေရှင်းခဲ့လဲဆိုတာ ​​ဖော်​ပြ​လေ့မရှိသ​လောက်​ပါပဲ။ သင့်​မှာ အမှန်​  တကယ်​ ဖြစ်​ချင်​စိတ်​၊ ကြိုးစား​ချင်​စိတ်​နဲ့ သာ လက်​​တွေ့ကြိုးစားမယ်​ဆိုရင်​ ယခုတင်​ပြမည့်​ အ​ကြောင်း    အရာ​တွေဟာ သင့်​ကို သင့်​ရဲအိပ်​မက်​​တွေဆီ ​​ခေါ်​ဆောင်​သွားနိုင်​မယ်​ဆိုတာ အ​သေအချာပါပဲ။
ယခုကျွန်​​တော်​​ဖော်​ပြမည်​ဖြစ်​​သော နည်းလမ်းများမှာ ကျွန်​​တော်​တီထွင်​ဖန်​တီးထား​သောနည်းလမ်းများ မဟုတ်​ပါ။ ၎င်းကို PDCA သို့မဟုတ်​ PDSA ဟု​ခေါ်ပါသည်​။


PDCA ( Plan, Do, Check, Act ), PDSA ( Plan, Do, Study, Act ), Deming Circle/Cycle/Wheel, Shewhart Circle/Cycle/Wheel ဟုအမည်​ မျိုးကွဲများစွာရှိပါသည်​။ အ​ခြေခံအားဖြင့်​ အတူတူ  သာလျှင် ​ဖြစ်​ပါသည်​။
PDCA သည်​ ​ခေတ်​​သစ်​ Quality Control ၏ ဖခင်​ဟုထင်​ရှား​သော Dr W.Edwards Deming ​ကြောင့်​ ထင်​​ပေါ်​ကျော်​ကြားလာခဲ့ပြီး အဆင့်​​လေးဆင့်​သာပါရှိသည့်​ အမြဲလည်​ပတ်​အသုံးပြုရ​သော  Cycle Method တစ်​ခုဖြစ်​ပါသည်​။ ၎င်း Method ကို စီးပွား​ရေးနယ်​ပယ်​တွင်​ လုပ်​ငန်းစဉ်​များနှင့်​ ထုတ်​ကုန်​များကို ​ကောင်းစွားထိန်းချုပ်​ရန်​နှင့်​ စဉ်​ဆက်​မပြတ်​ တိုးတက်​မှုရှိ​စေရန်​ အသုံးပြုပါသည်​။
PDCA ကို စီးပွား​ရေးနယ်​ပယ်​တွင်​သာမက မည်​သည့်​နယ်​ပယ်​တွင်​မဆို ​အောင်​မြင်​မှုရရှိရန်​ အသုံးချနိုင်​သည်​ဟု ကျွန်​​တော်​ ယုံကြည်​သဖြင့်​ ယခုကဲ့သို့ ​ရေးသား​ဖော်​ပြရခြင်းဖြစ်​ပါသည်​။

မည်​သည့်​လုပ်​ငန်းကိုမဆို စတင်​မလုပ်​ကိုင်​ခင်​တွင်​ Plan ချမှတ်​ရန်​လိုအပ်​ပါသည်​။  ထူးချွန်​​အောင်​မြင်​ခဲ့သူများ အားလုံးက သူတို့တွင်​ Plan ရှိခဲ့ကြသည်​ဟု တစ်​ညီတစ်​ညွတ်​ထဲဆိုကြသည်​။  သူတို့​ပြောကြသလိုပင်​ PDCA တွင်​ Plan သည်​ ထိပ်​ဆုံးမှပါရှိ​လေသည်​။


1. PLAN ( အစီအစဉ်​ ချမှတ်​ခြင်း )
မိမိရည်​မှန်း​သော​အောင်​မြင်​မှုတစ်​ခုကို စံသတ်​မှတ်​ပါ။ ထို့​နောက်​ ရည်​မှန်းထား​သော​အောင်​မြင်​မှုကိုရရှိရန်​ လိုအပ်​​သောအချက်​များနှင့်​ ​လုပ်​​ဆောင်​ရန်​ကိစ္စအသီးသီးကို စနစ်​တကျ ​ရေးဆွဲပါ။

( " ​မောင်​​မောင်​သည်​ လာမည့်​ စ​နေ​နေ့ နှင့်​ တနင်္ဂ​နွေ​နေ့များတွင်​ ရုံးပိတ်​ရက်​ နှစ်​ရက်​ရမည်​ဖြစ်​သည်​။      ထို့​ကြောင့်​ ​မောင်​​မောင်​သည်​ စ​နေ​နေ့ရုံးပိတ်​ရက်​တွင်​ ချဉ်​​ပေါင်​ခင်းတစ်​ခုကို စိုက်​ပျိုးရန်​စီစဉ်​ခဲ့သည်​။  တနင်္ဂ​နွေ​နေ့တွင်​မူ သူဖတ်​ချင်​သည့်​ စာအုပ်​များကိုဖတ်​၍ အပန်း​ဖြေရန်​ စီစဉ်​ခဲ့သည်​။ ချဉ်​​ပေါင်​ခင်းကို သူ၏အိမ်​အ​နောက်​​ဖေးတွင်​ စိုက်​ပျိုးရန်​ စီစဉ်​ခဲ့သည်​။ ​​ပေါက်​တူးမရှိ၍ ​ပေါက်​တူးဝယ်​ရန်​စီစဉ်​ခဲ့ပြီး ချဉ်​​ပေါင်​မျိုး​စေ့များလဲ ဝယ်​ယူရန်​စီစဉ်​ခဲ့သည်​။ ထိုပစ္စည်းများကို အတန်​ငယ်​​ဝေး​သော​နေရာတစ်​ခုသို့ သွား​ရောက်​ဝယ်​ယူရမည်​ဖြစ်​ပြီး စုစု​ပေါင်းခန့်​မှန်းကုန်​ကျစရိတ်​မှာ တစ်​​ထောင်​ကျပ်​ဖြစ်​သည်​။ " )
Plan သာရှိပြီး လက်​​တွေ့လုပ်​​ဆောင်​ခြင်း ( DO ) မရှိလျှင်​ မည်​မျှပင်​​ကောင်းသည့်​ Plan ဖြစ်​​စေ   ကာမူ အချည်းနှီးပင်​ ဖြစ်​သည်​။ ထို့​​ကြောင့်​ PDCA တွင်​ DO သည်​ Plan ၏ ​နောက်​တွင်​ကပ်​လျှက်​ လိုက်​ပါလာခဲ့​လေသည်​။

2. DO  ( လက်​​တွေ့လုပ်​​ဆောင်​ခြင်း )
မိမိစီစဉ်​ထားသည့်​ အစီအစဉ်​များကို ​လက်​​တွေ့အ​ကောင်​အထည်​​ဖော်​ရန်​ဖြစ်​သည်​။ ယင်းသို့ လုပ်​​ဆောင်​ရာတွင်​ မိမိချမှတ်​ထားသည့်​အစီအစဉ်​များကို လက်​​တွေ့လုပ်​​ဆောင်​ရာတွင်​ ကြုံ​တွေ့ရသည့်​ အဆင်​​ ပြေမှုများ၊ အဆင်​မ​ပြေမှုများ၊ ထူးခြားဖြစ်​စဉ်​များကို မှတ်​သားထားရမည်​။
 " ​မောင်​​မောင်​သည်​ ​ပေါက်​တူးနှင့်​ ချဉ်​​ပေါင်​မျိုး​စေ့များကို သူ၏အိမ်​နှင့်​မလှမ်းမကမ်းရှိ ဆိုင်​တစ်​ဆိုင်​မှ ဝယ်​ယူရရှိခဲ့သည်​။ စုစု​ပေါင်းကုန်​ကျ​ငွေမှာ တစ်​​ထောင့်​ ရှစ်​ရာကျပ်​ဖြစ်​သည်​။ သူစိုက်​ပျိုးရန်​​ရွေးချယ်​ခဲ့သည့်​ ​အိမ်​အ​နောက်​​ဖေးရှိ ​မြေ​နေရာသည်​ ​​ကျောက်​တုံး​ကျောက်​ခဲများစွာ ခံ​နေသဖြင့်​ ​မြေဆွ၍မရ စိုက်​ပျိုး၍လဲအဆင်​မ​ပြေခဲ့​ပေ။ ထို့အပြင်​ သူ​မြေဆွရန်​ကြိုးစား​နေချိန်​တွင်​ တစ်​ဖက်​ခြံရှိ အိမ်​နီးချင်း၏ ကြက်​များသည်​ ​ခြံထဲသို့   ဝင်​​ရောက်​လာသဖြင့်​ စိတ်​ရှုပ်​ခဲ့ရ​သေးသည်​။ " )
လုပ်​ငန်း၏ အစိတ်အပိုင်း​​တစ်​ခု​ဆောင်​ရွက်​ပြီးသည့်​အခါတိုင်း လုပ်​ငန်းပြီး​မြောက်​မှု၊ အဆင်​​ပြေ   သည့်​အရာများ၊ အခက်​အခဲများ စသည်​တို့ကို ပြန်​လည်​စစ်​​ဆေးရန်​လိုအပ်​ပါသည်​။ Plan ချထားသည့်​ အတိုင်း      တသွေမတိမ်း လက်​​တွေ့လု​ပ်​​ဆောင်​နိုင်​မည်​ဆိုသည်​မှာ အ​တော်​မဖြစ်​နိုင်​​သောကိစ္စပင်​ ဖြစ်​သည်​။ ထို့​ကြောင့်​  PDCA တွင်​ လက်​​တွေ့လုပ်​​ဆောင်​ခြင်း ( DO ) ၏ အ​နောက်​တွင်​ ပြန်​လည်​သုံးသပ်​ခြင်း     ( Check ) သည်​ အရိပ်​ပမာ လိုက်​ပါလာခဲ့​ပြန်​သည်​။
3. CHECK ( ပြန်​လည်​သုံးသပ်​ခြင်း )
မိမိစီစဉ်​ထားသည့်​အတိုင်း သတ်​မှတ်​ထား​သောအချိန်​တွင်​ပြီးမပြီးစစ်​​ဆေးခြင်း၊ စီစဉ်​ထား​သော   အစီအစဉ်​ များ အလုပ်​ဖြစ်​မဖြစ်​စစ်​​ဆေးခြင်း။
( " ​မောင်​​မောင်​သည်​ ​သူ​နေထိုင်​​သောအိမ်​၏ မလှမ်းမကမ်းတွင်​ရှိ​သော ပေါက်​တူးနှင့်​ မျိုး​စေ့များကို ဝယ်​ယူနိုင်​သည့်​ဆိုင်ကို ယခင်​က မသိရှိခဲ့သည့်​အတွက်​ သူ၏ပတ်​ဝန်းကျင်​စူးစမ်း​လေ့လာမှုအားနည်း​ကြောင်း သိရှိခဲ့သည်​။ မထင်​မှတ်​ဘဲ အနီးအနား တွင်​ဆိုင်​​တွေ့ခဲ့ရသဖြင့်​ အံ့ဩဝမ်းသာ​နေခဲ့ခြင်း​​ကြောင့်​ လည်း​ကောင်း၊ ဆိုင်​ရှင်​၏ အ​ပြော​ကောင်းမှု​ကြောင့်​လည်း​ကောင်း ဝယ်​ယူရာတွင်​​ ​ဈေးစစ်​ရန်​​မေ့​လျော့ခဲ့သည့်​အပြင်​ သူအမှန်​တကယ်​မလိုအပ်​သည့်​ ပစ္စည်းများပါဝယ်​ယူလာခဲ့မိသဖြင့်​ သတ်​မှတ်​​မျော်​မှန်းထားသည့်​ ကုန်​ကျစရိတ်​ ထက်​များစွာပိုမိုကုန်​ကျခဲ့​လေသည်​။ သူ​စိုက်​ခင်းအတွက်​ ရွေးချယ်​ခဲ့​သော အိမ်​​နောက်​​ဖေး​မြေကွက်​လပ်​ကို တိုက်​များဖြိုဖျက်​ရာမှရရှိ​သော အုတ်​ခဲကျိုး အင်္ဂ​တေအပိုင်းအစများဖြင့်​ ခင်းထားခဲ့သည်​ကို သူ​မေ့​လျောခဲ့ခြင်း   ဖြစ်​သည်​။ အိမ်​နီးချင်း၏ ကြက်​များသည်​ သူ၏ခြံအတွင်းသို့ မကြာခဏလာ​ရောက်​တတ်​သည်​ကို သူသတိမမူမိခဲ့​ချေ။ ​ပေါက်​တူးနှင့်​ ချဉ်​​ပေါင်​မျိုး​စေများဝယ်​ယူစဉ်​တွင်​ ဆိုင်​ရှင်​နှင့်​ စကား​များ​ဖောင်​ဖွဲ့၍ ​ပြောဆိုခဲ့မှု​    ကြောင့်​ လည်း​ကောင်း၊ ​မြေဆွရန်​မဖြစ်​နိုင်​သည့်​ အ​နေအထားကို ရလိုရငြား ကြိုးစား၍ ​မြေဆွကြည့်​ခဲ့မှု ကြောင့်​ လည်း​ကောင်း မလိုအပ်​ဘဲ အချိန်​များစွာကုန်​သွားသဖြင့်​ ရုံးပိတ်​ရက်​ စ​နေ​နေ့တစ်​ရက်​ထဲဖြင့်​   ချဉ်​​ပေါင်​ခင်းကို ပျိုးမချနိုင်​​ခဲ့​ပေ။ " )

Plan အတိုင်းလက်​​တွေ့လုပ်​​ဆောင်​ရာတွင်​ လွဲမှားမှုများ၊ လိုအပ်​ချက်​များ၊ မလိုအပ်​သည့်​အရာများကို ​တွေ့ရှိရပါက ၎င်းတို့ကို ပြုပြင်​​ပြောင်းလဲရန်​ လိုအပ်​သည်​မှာ အ​သေအချာပင်​ဖြစ်​သည်​။ ထို့​ကြောင့်​ PDCA တွင်​ ပြန်​လည်​သုံးသပ်​ပြီး​နောက်​ ပြင်​ဆင်​ခြင်း Act ကို ပြုလုပ်​ရန်​ ဤကဲ့သို့ ​ဖော်​ပြထားပါသည်​။

4. ACT ( ပြင်​ဆင်​ခြင်း )
ပြန်​လည်​သုံးသပ်​ခြင်း မှရရှိလာ​သော အချက်​များကို ​ထောက်​ရှု၍ အစီအစဉ်​ပြုလုပ်​ခဲ့ရာတွင်​ မှားယွင်းခဲ့သည့်​ အချက်​အလက်​များကို ပြုပြင်​ခြင်း၊ မလိုအပ်​သည့်​အချက်​များကို ဖယ်​ရှားခြင်း၊ လိုအပ်​သည့်​အချက်​များကို ဖြည့်​စွက်​ခြင်း၊ သတ်​မှတ်​ထား​သော အချိန်​အား အ​လျော့အတင်းပြုလုပ်​ခြင်း။
( " ​မောင်​​မောင်​သည်​ ချဉ်​​ပေါင်​ခင်းစိုက်​မည့်​​မြေ​နေရာကို အိမ်​​ရှေ့​ရှိ​မြေကွက်​လပ်​တွင်​ စိုက်​ပျိုးရန်​ ပြင်​ဆင်​ခဲ့သည်​။ စိုက်​ခင်းကို ကြက်​များဝင်​​ရောက်​ခြင်းမှကာကွယ်​ရန်​ စိုက်​ခင်းကို ခြံခတ်​ရန်မုချလိုအပ်​​ကြောင်း သိရှိခဲ့သည်​။ ပစ္စည်းများဝယ်​ယူရာတွင်​ မလိုအပ်​ဘဲ စကားများ​ဖောင်​ဖွဲ့၍​ပြောဆို​နေခြင်း၊ မလိုအပ်​​သော ပစ္စည်း များ ဝယ်​ယူခြင်း၊ ​​ဈေးမစစ်​ပဲ ဝယ်​ယူခြင်းတို့ကို မပြုလုပ်​သင့်​​ကြောင်း နားလည်​ခဲ့သည်​။သူအနားယူမည့်​ တနင်္ဂ​နွေ​နေ့တွင်​ပါ ချဉ်​​ပေါင်​ခင်းစိုက်​ရန်​ စီစဉ်​ခဲ့ရပြန်​သည်​။ " )
အမှားများ၊ လိုအပ်​ချက်​များ၊ မလိုအပ်​​သော အရာများကို ပြုပြင်​ပြင်​ဆင်​ခဲ့ပြီး​နောက်​တွင်​ Plan   အသစ်​တစ်​ခု ​ရေးဆွဲရန်​ လိုအပ်​လာ​ပေသည်​။ ၎င်းသည်​ပင်​လျှင်​ PDCA ၏ အသက်​ပင်​ဖြစ်​သည်​။ PDCA ကို အမြဲလည်​ပတ်​​နေ​စေရန်​ ပြင်​ဆင်​ခြင်း Act ပြီးလျှင်​ Plan အသစ်​တစ်​ခု​ထပ်မံ​ရေးဆွဲကာ ​နောက်​ထပ်​   PDCA Cycle တစ်​ခုကို ပြန်​လည်​စတင်​ရပါ​တော့သည်​။

NEW PLAN ( အစီအစဉ်​အသစ်​​ရေးဆွဲခြင်း )
အမှားများ၊ အပိုအလိုများကို ပြင်​ဆင်​ပြီး​နောက်​တွင်​ ရရှိခဲ့​သော အချက်​အလက်​များကို စု​ပေါင်း၍   မိမိ ရည်​မှန်းထားသည့်​​အောင်​မြင်​မှုကို ရရှိရန်​ ပြုပြင်​ဖြည့့်စွက်​ထား​သော အစီအစဉ်​သစ်​များကိုချမှတ်​ပါ။
( " ​မောင်​​မောင်​သည်​ ကျန်​ရှိသည့်​ တနင်္ဂ​နွေ​နေ့ရုံးပိတ်​ရက်​တွင်​ ချဉ်​​ပေါင်​ခင်းကို စိုက်​ရန်​စီစဉ်​သည်​။ စိုက်​ခင်းမှာ သူ၏အိမ်​​ရှေ့ရှိ ​မြေကွက်​လပ်​တွင်​ဖြစ်​သည်​။ စိုက်​ခင်း၏ ပတ်​ပတ်​လည်​တွင်​ ခြံစည်းရိုးကာမည်   ​ဖြစ်​သည်​။ လိုအပ်​သည့်​ ပစ္စည်းများဝယ်​ယူရန်​ အနီးဆုံး​နေရာရှိဆိုင်​ကို စုံစမ်း​မေးမြန်းမည်​ဖြစ်​သည်​။    ဝယ်​ယူရာတွင်​လည်း အသင့်​​တော်​ဆုံး​ဈေးရရန်​ ​ဈေးစစ်​၍ဝယ်​မည်​ဖြစ်​သည်​။ မလိုအပ်​​သော ပစ္စည်းများ ဝယ်​မည်​မဟုတ်​ပါ။ မလိုအပ်​ဘဲ စကားများ​ဖောင်​ဖွဲ့​နေမည်​မဟုတ်​ပါ။ ဤအစီအစဉ်​သည်​ ​မောင်​​မောင်​ထပ်​မံ​ရေးသား  ပြုပြင်​ထား​သော Plan အသစ်​ဖြစ်​သည်​။ " )
ထို့​နောက်​တွင်​ ​မောင်​​မောင်​သည်​ သူ၏ Plan အတိုင်း လက်​​တွေ့လုပ်​ဆောင်​မည်​ဖြစ်​ပြီး ပြန်​လည်​သုံးသပ်​ခြင်း၊ ပြုပြင်​ခြင်း တို့ကိုအသုံးပြုကာ လိုအပ်​လျှင်​ Plan အသစ်​ထပ်​မံ​ရေးဆွဲ၍သူ၏ရည်​မှန်းချက်မ​အောင်​မြင်​ မချင်း PDCA ကို အမြဲလည်​​နေ​စေမည်​ဖြစ်​သည်​။
ကျွန်​​တော်​တို့တွင်​ ​မောင်​​မောင်​ထက်​ အဆ​ပေါင်းများစွာသာလွန်​​သော ရည်​မှန်းချက်​၊ အိပ်​မက်​များရှိကြပါသည်​။ PDCA သည်​ ကျွန်​​တော်​တို့၏ အားနည်းချက်​များကို ပြုပြင်​​စေကာ၊ အားသာချက်​များကို ပိုမိုအား​ကောင်း​စေလျှက်​ ကျွန်​​တော်​တို့၏ အရည်အ​​သွေးကို ​ကောင်းသည်​ထက်​ ​ကောင်းမွန်​​စေကာ ​     နောက်​ဆုံးတွင်​    ကျွန်​​တော်​တို့၏ အိပ်​မက်​၊ ရည်​မှန်းချက်​ များကို ပြီးပြည့်​စုံ​စေပါလိမ့်​မည်​။ PDCA ၏ Plan, Do, Check, Act    တစ်​ဆင့့်ချင်းဆီကို မှန်​မှန်​ကန်​ကန်​ အသုံးချ၍ PDCA ကို အမြဲလည်​ပတ်​​နေ​စေရန်​သာ လိုအပ်​ပါသည်​။         ထို့​ကြောင့်​ ရိုးရှင်း၍လွယ်​ကူ​သော PDCA ကို​ ကောင်းစွာ ​​အသုံးချ၍ မိမိ၏  အိပ်​မက်​၊ ရည်​မှန်းချက်​များကို​        ရရှိ​အောင်​မြင်​​အောင်​ ကြိုးစားကြပါစို့လို့ တိုက်​တွန်းလိုက်​ပါသည်​။

လေးစားလျက်
ကိုလှိုင်​ပြည့်​ ( EP )


0 comments:

Post a Comment