TED
Talk Review

TED
ဆိုတာ Technology , Education and Design အကြောင်းတွေ ပြောတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း
တခုပါ။ အဖွဲ့အစည်းဟာ ၁၉၈၄မှာ စတင်ခဲ့ပြီး ယခုအချိန်မှာတော့ ပညာရပ်အားလုံးနည်းပါးကို
ဆွေးနွေးတင်ပြကြတဲ့အဆင့်ထိ တိုးတက်လာခဲ့ပါတယ်။
TED
မှာ ဆွေးနွေးခဲ့တဲ့ ဟောပြောသူတွေထဲမှာမှ ကျနော် အကြိုက်နှစ်သက်ဆုံး တယောက်က Simon
Sinek ။ Simon Sinek ဆိုတာ Euro/RSCG MCI Ogilvy & Mather Oppenheimer Funds
NASDAQ DISH Network စသည့်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့ပြီး၂၀၀၂မှာ Sinek
Partners ကိုစတင်တည်ထောင်ခဲ့သူ 15 Inc မှာ အကြံပေးလုပ်နေတဲ့သူ တယောက်လည်းဖြစ်တယ်။
Simon Sinek ရဲ့ စာအုပ်ဟာ နာမည်ကျော် စာအုပ်တအုပ်ဖြစ်ခဲ့ပြီး အဲဒီစာအုပ်အကြောင်းကိုပဲ Simon Sinek ဟာ How great leaders inspire action ခေါင်းစဉ်နဲ့ TED 2009 မှာဟောပြောခဲ့တယ်။လက်ရှိကြည့်ရှုသူပေါင်း ၁၉သန်းကျော်ရှိတဲ့ Talkတခုလည်းဖြစ်တယ်။

Simon
Sinek ဟာTalk မှာအဓိကအားဖြင့် Inspiration Leaders တွေက တခြားသူတွေကို ဘယ်လိုလွှမ်းမိုးသလည်းဆိုတာ
အဓိကဟောပြောသွားခဲ့တယ်။Simon ဟာသူ့ရဲ့ နာမည်ကျော်စာအုပ်ဖြစ်တဲ့ Start with Why က 3
Golden Circle အကြောင်းကို အဓိကမိတ်ဆက်ပေးခဲ့တယ်။သူက ကုမ္ပဏီတွေရဲ့ လုပ်ကိုင်ပုံတွေကို
ပြောင်းလဲခဲ့သူတယောက် ဖြစ်တယ်။ အထူးသဖြင့် ဘာလုပ်လည်း ဘယ်လိုလုပ်လည်းဆိုတာကို အလေးထားတဲ့
ကျနော်တို့ကို ဘာကြောင့်လုပ်လည်းဆိုတာပေါ် ပိုအာရုံစိုက်ဖို့ မီးမောင်းထိုးပြခဲ့တယ်။
Apple
Company ရဲ့ အောင်မြင်မှူတွေဟာ တခြားသော Companies တွေနဲ့ ကွာခြားမှုက သူ့ရဲ့ဈေးကွက်ဆိုင်ရာသတင်းပေးတဲ့အချက်အလက်တွေဟာ
ဘာကြောင့်အပေါ်မှာ အာရုံထားလို့ဆိုတဲ့ အချက်ကို အထူးတလည်ရှင်းပြသွားခဲ့တယ်။
ဥပမာ
ကုမ္ပဏီဟာ ထုတ်ကုန်တခုအသစ်လုပ်ပြီဆိုရင် သူတို့ဘာလုပ်သလည်းဆိုတာ ပြောတယ်။ သူတို့ ဘယ်လိုလုပ်သလည်းဆိုတာ
ပြောတယ်။သူတို့ ဘာကြောင့်လုပ်လည်းဆိုတာ နောက်ဆုံးမှပြောတယ်။
ဒါဟာ လူတွေကို လွှမ်းမိုးမှုမဖြစ်နိုင်ဘူး။ Simon က Apple နဲ့ဥပမာပြတယ် တကယ်လို့ Apple ဟာ တခြားသူတွေနဲ့ ထပ်တူလုပ်ထားတဲ့ မားကပ်တင်းပုံစံဆိုရင် Apple ရဲ့ မားကပ်တင်းဟန်က ဒီလိုဖြစ်လိမ့်မယ်။
ဒါဟာ လူတွေကို လွှမ်းမိုးမှုမဖြစ်နိုင်ဘူး။ Simon က Apple နဲ့ဥပမာပြတယ် တကယ်လို့ Apple ဟာ တခြားသူတွေနဲ့ ထပ်တူလုပ်ထားတဲ့ မားကပ်တင်းပုံစံဆိုရင် Apple ရဲ့ မားကပ်တင်းဟန်က ဒီလိုဖြစ်လိမ့်မယ်။
Apple
က အလွန်ကောင်းတဲ့ ကွန်ပြူတာတွေထုတ်တယ် ( What They Do )။ ရိုးရှင်းတဲ့ဒီဇိုင်း လွယ်ကူစွာအသုံးပြုနိုင်မှူအပေါ်
အခြေခံပြီး( How The Do )။ အဲဒါမို့ အဲလိုအရည်အသွေးရှိတဲ့ ကွန်ပြူတာတွေ ထုတ်ခဲ့တယ်
( Why They Do )။
အဲဒါက လူတွေကို လွှမ်းမိုးမှု မဖြစ်နိုင်ဘူး။ ဒါမဲ့ကျနော်တို့ဟာ ဒီအစီအစဉ်ကို ပြောင်းလဲပြီး Apple တကယ် ဘယ်လို မားကပ်တင်းလုပ်ခဲ့လည်း ကြည့်ရရင် Apple ဟာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ အကန့်အသက်တွေကို စိန်ခေါ်လေ့ရှိတယ် ။

အဲလိုစိန်ခေါ်ဖို့
Apple ဟာ တခြားသူတွေနဲ့ ခြားနားစွာလုပ်ဆောင်ဖို့လိုတယ်လို့ ယုံကြည်တယ် ( Why They
Do ) ။ အဲယုံကြည်မှုကြောင့် Apple ဟာ ရိုးရှင်းတဲ့ဒီဇိုင်း လွယ်ကူစွာအသုံးပြုနိုင်မှူရှိတဲ့
ကွန်ပြူတာတွေကို တည်ဆောက်ခဲ့ကြတယ်။အဲလို တည်ဆောက်မှုကြောင့် Apple ဟာ ကောင်းမွန်တဲ့
ကွန်ပြူတာတွေကို တည်ဆောက်မိရဲ့သားဖြစ်နေတယ်။

အဲဒီ
Why , How , What ဆိုတဲ့ 3 Golden Circles နဲ့ကြည့်ရင် ကျနော်တို့က လူတွေကို လွှမ်းမိုးနိုင်တဲ့
စိတ်ကူးတွေနဲ့ မလွှမ်းမိုးနိုင်တဲ့ စိတ်ကူးတွေကို ခွဲခြားလို့ရလာနိုင်တယ်။
Simon ဟာ Samuel Pierpont Langley လို ပညာရှင်၊Funding ကောင်းပြီး အဆက်အသွယ် ကောင်းတဲ့သူ ထပ် Wright Bros က ဘာလို့ လေယာဉ်ပျံ တီထွင်နိုင်သလည်းဆိုတာကို ဥပမာပြသွားခဲ့တယ် ။ Law of Diffusion အရ မအောင်မြင်တဲ့ အိုင်ဒီယာတွေနဲ့ အောင်မြင်တဲ့ အိုင်ဒီယာတွေ ကိုနှိုင်းယဉ်ပြသွားခဲ့တယ်။အထူးသဖြင့် Tivo လိုမျိုး အရည်အသွေးအရရော ကောင်းတဲ့ အိုင်ဒီယာတွေက မပေါက်ပဲနဲ့ Dr.Martin Luther King ရဲ့ အိုင်ဒီယာတွေက ဘာလို့ ပေါက်သွားခဲ့လည်းဆိုတာကို ရှင်းပြသွားခဲ့တယ်။

Sinek Talk ကိုအဓိကကြိုက်ရတဲ့အချက်က တက်ကျမ်းတွေ တခြားသူတွေက စနစ်တခု အလုပ်တခု ဘယ်လိုလုပ်လည်း
ဘာလည်းဆိုတာ အလေးထားပေမယ့် ဘာကြောင့်လုပ်ရလည်းဆိုတာ မတွေးမိကြလို့ပဲ။ ဘာကြောင့်လုပ်ရလည်းဆိုတာကို
အလေးမပေးရင် ကျနော်တို့က ပိုက်ဆံအရ ဂုဏ်သိက္ခာအရ ပြန်ရနိုင်ပေမဲ့ ကျနော်တို့က အောင်မြင်မှုလို့ခံစားရချင်မှ
ခံစားရလိမ့်မယ်။အဲဒါကြောင့် ကျနော်တို့ဟာ ကျနော်တို့ရဲ့ Why ဆိုတဲ့ယုံကြည်မှုကို ပျိုးထောင်ဖို့
တိုက်တွန်းလိုက်ရပါတယ်။

- ရန်နိုင်
စာရေးသူ ဟာ 13 / 12 /1989 မွေးဖွားပြီး
ABE Level 5 အောင်မြင်ထားပါတယ်။ ပညာရေး နဲ့ စီမံခန့်ခွဲမှုပညာရပ်တွေကို စိတ်ဝင်စားပြီး
လက်တလော မှာလည်း SOLO COLLECTION မှာ Marketing Consultant အဖြစ် တာဝန်ယူထားတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ် ။
0 comments:
Post a Comment